ကျွန်​​တော့်​ကို မုန်းတီးစွာကြည့်​တတ်​သည့်
မျက်​လုံးလှလှ​​လေးကို​တော့..
ငြိမ်းချမ်းစွာ နဲ့ မှိတ်​ချထားသည်​..။

ဆံပင်​လှလှ​လေး​တွေက​တော့..နည်းနည်း
ဖရိုဖရဲဖြစ်​​နေ​ပေမယ့်​ လှမြဲလှဆဲသာ..။

အင်း..ဒီလိုမြင်​ကွင်းမျိုးကို
မနက်​အိပ်​ရာထချိန်​တိုင်း
တစ်​ကြိမ်​..
ညအိပ်​ရာဝင်​ချိန်တိုင်း တစ်​ကြိမ်​...
နေ့စဉ်​​နေ့တိုင်း မြင်​​တွေ့ချင်​​ပေမယ့်​..
သူကခွင့်​မ​ပေး​တော့လဲ..
သူ့အလိုကျ လိုက်​​လျော​ပေး​နေရုံကလွဲ...
ကျွန်​​တော့်​ဘ၀ တတ်​နိုင်​တာ ဘာတစ်​ခုမှရှိမ​နေ..။

ထားပါ...။

အခု​တော့ ရတုန်းရခိုက်​အချိန်​​လေးမှာ...
မျက်​နှာလှလှ​လေးကို အားရပါးရနဲ့ကြည့်​ရှုလိုက်​ပါဦးမည်​..။

ဒါ​ပေမယ့်​ လူဆိုတာ..ရ​လေ လို​လေအမျိုးဆို​တော့
အစက ဒီတိုင်း​လေး ​အေး​အေးချမ်းချမ်းထိုင်​ကြည့်​ပြီးပြန်
မယ်​လို့စိတ်​ကူးလာခဲ့​ပေမယ့်​..

အခုကျ​တော့..

သူစိတ်​ဆိုးမှာကို သိသိရက်​နဲ့​တောင်​..

နှုတ်​ခမ်း​ထောင့်​နားက မှဲ့နက်​ပွင့်​က​လေးကို..
တစ်​မြတ်​တစ်​နိုးနဲ့နမ်းရှိုက်​လိုက်​ချင်​တဲ့စိတ်​​တွေက..
တားဆီးလို့မရတဲ့အခါ...

သူ့နှုတ်​ခမ်းပါး​လေးထက်​ကို...အနမ်းတစ်​ပွင့်​​ခြွေချမိလိုက်​သည်​..။

နူးညံ့အိ​ထွေးတဲ့အထိအ​တွေ့​သေး​သေး​လေးက..
အသင့်​​စောင့်​ကြိုတဲ့အခါ..
ကျွန်​​တော့်​နှလုံး​သွေး​တွေ အဆုံးထိဆူပွက်​ကူန်​တယ်​..။

ဒီအ​တောအတွင်း..လွမ်းနာကျခဲ့ရသမျှ​တွေက..
အခုမှ..အားလူံးစုပြီးတန်​ရာတန်​​ကြေုးပြန်​ယူချင်​​နေသလို...။

သူ့ကိုယ်​​ပေါ်တက်​ပြီး..အနည်းငယ်​​စောင်း​နေတဲ့​ခေါင်း​လေးကို
လက်​နှစ်​ဖက်​နဲ့အသာ ထိန်းကာ...

နှုတ်​ခမ်းပါးပါးတစ်​စုံကို...မက်​မက်​​မော​မောနဲ့နမ်းရှိုက်​ပစ်​လိုက်​သည်​...။

Tyranny Ver.1 [ ဖိနှိပ်​ညှင်းပန်းခြင်း] Where stories live. Discover now