Part 2

1.2K 165 6
                                    

Zawgyi ver


ကောင်းကင်ပြာပြာ နေသာသာအောက်မှာ ရာသီဥတုကပူသည်။
ဒီမှာနေတဲ့သူတွေအတွက် ဘယ်လိုနေတယ်မသိပေမဲ့ ကျွန်တော်လိုseoulမြို့သားအတွက်တော့ Thailandက ပူပါသည်။

ရာသီဥတုပူပေမဲ့ ကျွန်တော်ရင်အေးတယ်....
ကျွန်တော့်ဘဝအေးချမ်းတယ်။ ၁၁မီးငြိမ်းနေတယ်ခေါ်မလား။ အချစ်မီးဆိုတာကြီးလည်း ရှိမှမရှိတော့ပဲ...ဟင့်အင်း မရှိအောင်ကြိုးစားနေနေတယ်ဆို ပိုမှန်မလားပဲ။

"သား အိုမားတို့ ညစာစားရအောင်"

"ဟုတ်ကဲ့ အိုမား"

အိုမားအတွက် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်ပဲ ပြုံးပြမိတယ်။

အစဉ်မြဲကျွန်တော့်ကိုအေးချမ်းတဲ့ အပြုံးတွေပဲပေးတဲ့ အိုမားဟာ ကျွန်တော်ပူလောင်နေချိန်မှာ တစ်ခုတည်းသော အိုအေစစ်ဖြစ်ပါတယ်။
မိဘမေတ္တာအေးရိပ်အောက်မှာ ကျွန်တော့်ရဲ့သမုဒယမီးကြွင်းမီးကျန်တွေကို ကုန်စင်အောင်ငြိမ်းသတ်နေပါတယ်။

ကျွန်တော်ဟာ လွန်ခဲ့တဲ့သုံးနှစ်ကထိ Wu YiFanရဲ့ခင်ပွန်းလောင်းဖြစ်ခဲ့တဲ့ Park Chanyeolပါ။

အခုချိန်ထိ တရားဝင်မကွာရှင်းရသေးပေမဲ့
ဘာမှမသက်ဆိုင်တော့တာ အတူတူပါပဲ။
လမ်းတွေ့ရင်တောင် ကျွန်တော်နှုက်ဆက်မှာမဟုတ်ပါဘူး။ မနှုက်ဆက်ဖြစ်အောင်လည်း သူမရှိတဲ့ဝေးရာမှာ ကျွန်တော်နေထိုင်ဖို့ကြိုးစားပါတယ်။

ဒီသုံးနှစ်အတွင်းမှာ သူရှိတဲ့ ကိုရီးယားကလွဲ ကျွန်တော်နိုင်ငံအစုံကို ခရီးထွက်ခဲ့တယ်။
တစ်ခါတလေမှာလည်း လချီပြီးနိုင်ငံတစ်ခုတည်းမှာ နေခဲ့တယ်။ အိုမားချမ်းသာသမျှဟာ ကျွန်တော်ဒီအချိန်မှာ ကြိုက်သလိုနေဖို့အတွက် အထောက်ကူဖြစ်ခဲ့တယ်။
သူ့ကိုရှောင်ပြေးဖို့အတွက် လျှောက်သွားနေခဲ့တာတော့မဟုတ်ပါဘူး။ Wu YiFanက ကျွန်တော့်ကိုရှာစရာအကြောင်းမှ မရှိပဲလေ။
မထိုးရသေးတဲ့ ကွာရှင်းစာချုပ်ထိုးဖို့အတွက်ဆိုရင်တော့ မပြောတတ်ဘူးလေ။ သူလည်းတစ်အိုးတအိမ်ထူထောင်ရဦးမယ် မလား။

"အိုမား ကျွန်တော်တို့ အတည်တကျတနေရာမှာ နေရအောင်လေ ကျွန်တော်လည်းစိတ်တွေအေးချမ်းနေပါပြီ။ ကျွန်တော်တို့သားအမိနှစ်ယောက်တည်း နေရအောင်"

THREE [Krisyeol Complete]Where stories live. Discover now