Part - 17 : I don't want to go back

Start from the beginning
                                    

အခန်းအောင်းတော့မည့် နီစွေးကို Vincent တအီအီအော်နေသည့် ခွေးပေါက်လေးတစ်ကောင်အလားကြည့်နေလေ၏။ နီစွေးသက်ပြင်းမောသာရှိုက်ရင်း Vincent ကို ပြန်ကြည့်သည်။ အမြှီလေးလှုပ်ကာ သခင်ရယ် အိမ်ကနေ မကန်ထုတ်ပါနဲ့ဆိုသည့် မျက်နှာငယ်ဖြင့် တအီအီကြည့်နေသေးသည့် Vincent...

"Vince... လိမ္မာစမ်းပါ... ငါ စာအုပ်အသစ်အတွက် တစ်ယောက်တည်းနေဖို့လိုတယ်လေ..."

အဲ့လိုမှန်းသိရင် ဒီအကြံမပေးခဲ့ပါဘူးဆိုသည့် ရုပ်ဖြင့် Vincent နီစွေးကိုကြည့်နေသည်။ သူ့စိတ်ထဲတွင်လည်း နောင်တတို့ရနေ၏။ ဘာကြောင့်များ သူ နီစွေးကို အကြံပေးလိုက်တာလဲ။ နီစွေးကလည်း ဘာလို့သူ့အကြံကို လက်ခံလိုက်ရတာလဲ အခုတော့ သူ နီစွေးနဲ့အတူမအိပ်ရတော့ဘူး။

ဂျစ်ကန်ကန်လုပ်နေသည့် Vincent ကိုကြည့်ပြီး နီစွေးသက်ပြင်းချသည်။ ဒီကောင်လေးသည် သူ့အပေါ်ယိမ်းလွန်းသည်ကို သူ သိနေပြီးသားပဲလေ။

"ဒီနားကို လာ..."

လက်ယပ်ကာ သူခေါ်တော့ သူနှင့် လက်တစ်တောင်အကွာမှ ထပ်တိုးလာသည့် Vincent...

"ခေါင်းနည်းနည်းငုံ့..."

မိမိထက်ခေါင်းတစ်လုံးမြင့်နီသူ ခွေးဝါကောင်ကို သူ ပြောတော့ ဘာလဲဆိုသည့် သိချင်စိတ်တဖွားဖွားဖြင့် ခေါင်းငုံ့ပေးလာသည့် နီစွေး။ သူ့မျက်နှာနှင့်နီးကပ်သွားသည့် Vincent ၏ ရွှေဝါရောင်ဆံပင်များကို ကြည့်ပြီး သူ ရယ်ချင်စိတ်ကို ထိန်းသည်။ လူတို့ကို သံသယများတတ်သည့် ထိုကောင်လေးက ယခုကျတော့လည်း သူ ခိုင်းသမျှကို လုပ်နေပါလားလေ။

နောက်ပြီး မိမိကို Crush နေသူတစ်ယောက်ကို စကားနားထောင်အောင် နည်းနည်းပါးပါး အီစီကလီလုပ် ဆော့ကစားလိုက်ရုံသာ။ ဟင်းဟင်း ထိုအမှုက နီစွေးဆိုသည့် သူ့ အကျွမ်းကျင်ဆုံးအလုပ်ထဲတွင်ပါသည်။

"ခေါင်းနည်းနည်းမော့..."

ခေါင်းငုံ့ထားရာမှ သူ့ကို ကြည့်လာသည့် Vincent မျက်နှာသည် သူ့မျက်နှာနှင့်တစ်တန်းတည်း။ နှစ်လိုစွာသူ ပြုံုးပြကာ Vincent ၏ ဘယ်ဘက်ပါးသို့ ရွှတ်ခနဲနမ်းတော့ သံပတ်ရပ်သွားသည့် စက်ရုပ်တစ်ရုပ်လို သူ့ကို ကြောင်အကာကြည့်နေသည့် Vincent...

Schmaltz [Own Creation]Where stories live. Discover now