Hha !!!!!!!

ဖြတ်ကနဲ လန့်နိုးလာသော အခိုက်အတန့် သူအိပ်ပျော်
သွားခဲ့သည်ဟူသော အသိက ထိုကောင်လေး ကို
တွေ့ဖို့သွားရန် နောက်ကျနေပြီလားဟု နာရီအား
အလျင်အမြန်ကြည့်မိတော့ 10 : 50 !!!!!!

လက်နှိပ်ဓာတ်မီးလေးအား ကိုင်ဆောင်ရင်း မနေ့ က
လုပ်ရပ်များအတိုင်း တစ်တွေမတိမ်း ဆောင်ရွက်၏ !!
လှေကားထစ်များအား နင်းဖြတ်၍ တစ်ဝက်ခန့်ရောက်
တော့ သံစဉ်က အစပြုလေပြီ !!!!!!

° သူ စ ., တီးနေပြီပဲ !!! °

ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် ခြေလှမ်းတို့အား
ပိုသွက်စေလိုက်၏ !!!

တံခါးလေးကို ခပ်ဖြည်းဖြည်း တွန်းဟ လိုက်တော့
ထင်ထားသည့်အတိုင်းပင် ထိုကောင်လေးရှိနေသည်

မနေ့က အဝတ်အစား !! မနေ့က မီးအိမ်အိုကြီး !!
မနေ့က သံစဉ် !!!! မနေ့ကအတိုင်း ဗလာကျင်းသော
ခြေဖဝါးနုနု !!!!! အရာအားလုံး တစ်ထပ်တည်းကျနေ၏

ခေါင်းလေးကို သံစဉ်အတိုင်း စီးမြော ယိမ်းခါရင်း
တီးခတ်နေသော ထိုကောင်လေးသည် Piano တီး
ရခြင်းကို အတော်နှစ်သက်ဟန် ရသည် !!!!

ကျွီ !!!!!!!!!!!!

တံခါးကို ကိုယ်နှင့်အနည်းငယ် တိုးလိုက်မိတော့
တိတ်ဆိတ်သော ညအလယ် သိသိသာသာ ထွက်ပေါ်
လာသော အသံနှင့်အတူ Paino သံစဉ် တိကနဲ ရပ်ကျ
သွား၏ !!!!!

အိုး !!!!!!!! လှပလိုက်တဲ့ မျက်ဝန်းတွေ !!!!

ဖြတ်ကနဲ အလန့်တကြားလှည့်ကြည်လာသော
ထိုကောင်လေး၏ လှုပ်ရှားမှု တစ်ရပ်တွင်
သူမျက်တောင်ပင် မခတ်မိ !!!!!

နှဖူးပေါ် ခပ်ဖွာဖွာလေး ကျနေသော ဆံနွယ်ညိုညို !!!
အရည်လဲ့၍ တောက်ပနေသော မျက်ဝန်းတစ်စုံ !!!
ဖြောင့်တန်းနေသော နှာတံလေးတစ်ခု !!!!!
နီရဲ ပါးလွှာသော နှုတ်ခမ်းပါးလေးတစ်စုံ !!!!!!
လက်ရာမြောက်လွန်းသည့် ကြွေရုပ်ကလေး ဟုပင်
တင်စားလိုက်ချင်၏ !!!!!

ဤမျှ ပြီးပြည့်စုံသော မျက်နှာလေးမျိုးအား သူ့ဘဝ
တစ်သက်တာ တွင် မကြုံခဲ့ဖူးပါ ဟု ဝန်ခံလျှင် ယုံချင်
စရာကောင်းမည်လော !!!!! သို့သော်ထိုမျှလောက်
လှပသည်ကတော့ အမှန်ပင် !!!!!

Ren ( Z + U Completed )Where stories live. Discover now