Tae : မ ယား ငယ်....

Jk : kim nancy မင်းအခုချက်ချင်းထွက်သွားတော့....

Nancy : သွားမှာပါoppaရဲ့ လင်တူညီမချင်းလေးနှုတ်ဆက်ရအုံးမယ်လေ မဟုတ်ဘူးလားမ ယား ငယ် လေး....

Tae : ကိုကိုခဏလောက်အပြင်ထွက်ပေးပါလား Taeတို့ခဏစကားပြောဖို့လိုအပ်မယ်ထင်တယ်

Jk : ဖြစ်ပါ့မလား ကိုစိတ်မချဘူး

Tae : ဖြစ်ပါတယ် စိတ်မပူပါနဲ့

  Jkထွက်သွားတော့............

Nancy : အရှေ့မှာကျက်သရေတုံးလိုက်တာ... မယားငယ်စကားဆိုတော့တစ်ခါတည်းနားထောင်တာပေါ့ မဆန်းပါဘူး

Tae : ရှင့်စကားတွေတော်တော်လွန်နေပီ nancy shi....

Nancy : လွန်တယ် ဟုတ်လား မလွန်စေချင်ရင် oppaကိုငါ့ဆီကလာမလုနဲ့လေ သာယာနေတဲ့မိသားစုဘဝလေးကို ဘာလို့လာဖျက်ဆီးနေရတာလဲ ။

Tae : လာမလုနဲ့... သာယာတဲ့မိသားစုဘဝ... ဟက်... ရယ်စရာတွေသိပ်ပြောတာပဲ

Taeမျက်ရည်ဝဲကာခပ်ရွဲ့ရွဲ့ပြန်ပြောလိုက်တယ်။

Tae : ငါjkကိုနင့်ဆီကလုခဲ့သလား ပြန်စဉ်းစာကြည့်ပါအုံး သာယာတဲ့မိသားစုဘဝ... ဘယ်သူတွေအရင်သာယာနေခဲ့တာလဲပြန်စဉ်းစား ငါနင့်ဆီကဘာမှမလုယူခဲ့သလို ဘာမှလည်းမဖျက်ဆီးခဲ့ဘူး ငါအမှားတွေလုပ်ခဲ့မိရင်တော့ တောင်းပန်ပါတယ် ဒီကိစ္စကိုဒီမှာပဲရပ်လိုက်ရအောင်nancy...

Nancy : စကားတွေအရမ်းချိုသာနေပါလား kim taeheeမှဟုတ်ရဲ့လား

Tae : ငါနင့်အပေါ်အရင်ကကြမ်းတမ်းခဲ့တာတွေရှိရင် တောင်းပန်ပါတယ် ငါတို့အားလုံးမမှန်ခဲ့သလို မမှားလည်းမမှားခဲ့ကြဘူး ကိုယ်ဖြစ်ချင်တဲ့စိတ်ခံစားမှုအပေါ်လူတိုင်းကအမှားကျူးလွန်တတ်ကြတာပဲ

Nancy : နင်ငါ့ကိုတရားလာဟောနေတာလား

Tae : နင့်ကိုတရားဟောရင် တရားရမှာတဲ့လား တောင်းဆိုပါတယ် Jkနဲ့ကွာရှင်းပေးပါ jihoonကJkကလေးမှမဟုတ်ခဲ့တာ... Jkဆီတွယ်ကပ်မနေပါနဲ့တော့...

Nancy : တွယ်ကပ်မနေနဲ့ နင်ကပဲပြောရတယ်ရှိသေး... တွယ်ကပ်နေတာငါမဟုတ်ဘူး နင်ပဲ 3နှစ်လောက်ထွက်သွားပီးဘာလိုပြန်ပေါ်လာရတာလဲ ထွက်သွားမယ်ဆိုရင် တစ်ခါတည်းပြန်မလာခဲ့ရမှာ နင်သာဒီနိုင်ငံကိုပြန်မလာခဲ့ရင် ဒီလိုဖြစ်လာစရာအကြောင်းမရှိဘူး Jihoonကိုနင်ဆေးရုံပို့ပေးခဲ့လို့အခုလိုဖြစ်ရတာ ဒါတွေအားလုံးနင့်ကြောင့်ဖြစ်ရတာ...

LOVELORNWhere stories live. Discover now