"ဘေဘီ ကျောင်းသွားရတော့မယ်လေ ထတော့"
ရှင်း နိုးရဲ့သားနဲ့ အိပ်ချင်ယောင်ဆောင်နေသော ကလေးငယ် ပါးကို ခပ်ဖွဖွလေး လိမ်ဆွဲကာ နှိုးလိုက်သည်။
"ဟာ ရှင်းကလည်း အစောကြီးရှိတာကို ၊ ၅မိနစ် ၅မိနစ်ပဲနော် ၅မိနစ်အိပ်ပြီးရင် ထမယ်"
အိပ်ချင်မူးတူးဖြင့် မျက်လုံးမှိတ်ထားရင်း လက်ကလေး ငါးချောင်းထောင်ပြနေသည့် ကလေးငယ်အသွင်က ချစ်စရာအတိ ။
"မရဖူး ထရမယ် ၊ ဒီနေ့ ကျောင်းစတက်ရမှာကို စောစောစီးစီးထသင့်တာပေါ့ ၊ တော်ကြာ Roll call တွေ ထိနေရင် ဘယ်လိုလုပ်မလဲ"
ရှင်း ဆူတော့ ကလေးငယ်က ခေါင်းတစ်ချက်ကုတ်ရင်း
"ဟာကွာ ရှင်းကဖြင့် အဘွားကြီးကျနေတာပဲ မနှစ်ကတုန်းကလည်း ကျောင်းပြောင်းတွေနဲ့မို့ December တစ်လလုံး Roll call မယူဘူး ထိတော့လည်း ဘာဖြစ်လဲ ရှင်းကလေ ဘေဘီ့ကို တကယ်မူလတန်းကလေးများ မှတ်နေလားမသိဘူး"
သူ့ကို နှိုးလို့ စိတ်ကောက်နေတဲ့ ကလေးငယ် ၊ ဒါတွေက ကလေးငယ်နဲ့ ရှင်း မနက်တိုင်းကြုံနေကျ ပြသနာပင်။ လာမနှိုးရင်လည်း ရှင်းက ဘေဘီ့ကို ဂရုမစိုက်ဖူးဆိုပြီး စိတ်ကောက်ဦးမည်။ နှိုးတော့လည်း အိပ်ရေးပျက်လို့ ဆိုပြီး အမျိုးမျိုး ...
"ရှင်း ဘယ်နှစ်နာရီထိုးပြီလဲ"
"၈ ခွဲ"
"ဟာ သွားပါပြီ"
ကုတင်ပေါ်က အတင်းကုန်းရုန်းဆင်းကာ ပြာယာခတ်သွားသော ကလေးငယ်။ ကျောင်းစဖွင့်တာဆိုတော့ tutorial တွေလည်း မရှိလောက်ပါ။ ဘာတွေများ အရေးကြီးနေပါလိမ့်...
"ရှင်းကလေ စောစောမနှိုးဘူး ဘေဘီ သူငယ်ချင်းတွေနဲ့ ချိန်းထားတာ နောက်ကျကုန်တော့မယ် "
ဟော အမျိုးမျိုးပဲ ၊ ဒါလား ဒုတိယနှစ် ကျောင်းသူ ။ ကျိန်ပြောရင်တောင် ယုံကြမယ်မထင်။ ပြာယာခတ်ချက် ၊ ကလေးဆန်ချက်ကလည်း နှစ်ယောက်မရှိ...
YOU ARE READING
Blank
Romanceဘယ်တော့မှ လှစ်ဟမပြမယ့် နှလုံးသား တစ်စုံပေါ့ ကလေးငယ်... ပိုင်ဆိုင်လိုခြင်းဆိုတာ ကိုယ့် အဘိဓာန်မှာမရှိခဲ့ပါဘူး
