Ooh la la la📲📲📲

"Hello hunမလာသေးဘူးလား။ငါနိကိုမိတ်ဆက်ပေးစရာလူရှိတယ်ဟ။ငါတို့နောက်ကျနေမယ်။"

"လာပြီ။ခနနေဆိုရောက်တော့မှာ။အရှေ့ထွက်စောင့်နေပါ့လား။"

"Aa"

5min later...

"Arr hunရောက်လာပြီလား"

"Imm စောနကဖုန်းထဲမှာငါ့ကိုပြောတော့ မိတ်ဆက်ပေးမယ့်လူရှိတယ်ဆို။ဘယ်မှာလဲ"

"ငါတို့ပန်းခြံမှာချိန်းထားတာ။သူကလေ ငါ့ကိုချစ်ရေးဆိုထားတာ။ ငါဒီနေ့အဖြေပြန်ပေးမလို့ ဟီး ဒါပေမဲ့ သူကငါ့ထက်လည်းငယ်တော့ ဘယ်လိုပြောရမလဲ။ဟို အာ့လေ နိ သူ့ကိုလိုက်ကြည့်ပေးလို့ရမလား။သူ့ကိုအကြဲဖတ်ပေးလေနော်"

"........"

Sehunဘားမှမပြောမိ။soheeကခုရှက်နေတာလား။
အခုမှရည်းစားထားဖူးတာလည်းမဟုတ်ဘဲနက်။ဒီကောင်မလေးအချစ်စစ်ကိုတွေ့နေပြီထင်တယ်။

"ဟိုလေ ငါကနိကိုအကိုလိုရော သူငယ်ချင်းလိုရော သဘောထားလို့ မေးကြည့်ချင်တာပါ။နိမလိုက်ချင်လည်း အတင်းမခေါ်ပါဘူး။ငါကအကူညီတောင်းတာပါ"

ပြောရင်းမျက်နှာလေးငယ်သွားတဲ့သူမ။
အင်းလေ သူ့မိဘကအဝေးမှာဆိုတော့လည်း ခုကိုယ်ကသူ့အုပ်ထိန်းသူလိုဖြစ်နေတာကို။

"ငါကဘာပြောနေလို့လဲ။လိုက်ကြည့်ပေးရမှာပေါ့။ကိုယ့်သူငယ်ချင်းလေးအတွက်ဟာကို"

"တကယ် ဟီး hunကအကောင်းဆုံးဘဲ။"

လက်ကိုဆွဲရင်းပြုံးကာပြောလာတဲ့သူမ။သူလည်း ငယ်ငယ်ကအကျင့်တိုင်း သူမကလာချွဲတော့ ဘာရယ်မဟုတ် သူမခေါင်းလေးကိုအသာပြန်ဖွပေးလိုက်တယ်။

"ကဲ ပန်းခြံရာက်ပြီ။ခင်ဗျားလေးချစ်သူ
ရောက်နေလောက်ပြီ"

"ဟာ hunကလည်းကွာ ချစ်သူမဖြစ်သေးပါဘူး။ဒီတိုင်းသဘောဘဲကျတာကို"

ပြောရင်းမျက်နှာကြီးနီလာတဲ့soheeကြောင့် ထပ်မစတော့ဘဲ ပန်းခြံထဲဘဲဝင်လိုက်တော့တယ်။

ထိုအချင်းရာကို ကားထဲကကြည့်နေတဲ့ကောင်လေး

တောက်စ် ဒီကောင်မလေးကြောင့် ကိုယ့်ကိုလက်မခံတာလား။ပြုံးပျော်နေကြတာများ ဟိုကောင်မလေးကလည်းညီ့လက်ကိုဆွဲလို့ ညီကလည်းခေါင်းတောင်ပြန်ဖွပေးလိုက်သေးတယ်။

ချစ်သူသိပါစေ(ချစ်သူသိပါစေ)Where stories live. Discover now