၁၉၄၀ပြည့်နှောင်းပိုင်း....ဆိုးလ်တက္ကသိုလ်....
Soeul University ဆိုတဲ့ မုဒ်ဦးကို မော့ကြည့်လို့...ညာဘက်ပခုံးထက်က..ကျောပိုးအိတ်ကြိုးကို..ခပ်တင်းတင်းဆုပ်ကိုင်လိုက်ရင်း...ကျောင်းဝန်းထဲသို့. ခြေလှမ်းလိုက်သည်..
အချိန်က..နံနက်၈နာရီ
ပျာပန်းခက်..သွားလာနေတဲ့ ကျောင်းသူကျောင်းသားတွေကြားထဲ...ဖြတ်လျှောက်ကာ...ကျောင်းသားရေးရာအထွေထွေဌာန ရှေ့သို့ ဦးတည်ခဲ့တော့သည်....
.မင်္ဂလာပါ...ကျွန်တော် luhan ပါ..ပေကျင်းကနေလာတာပါ
ပတမဆုံးမိတ်ဆက်မှုက..သိပ်တော့အဆင်မချော..နဲနဲကြောင်နေသလိုပဲ လို့ ကိုယ့်ဘာသာတွေးလိုက်မိပေမယ့်..ဒီထက်ကောင်းအောင်..မမိတ်ဆက်တတ်...
.ဒီမှာထိုင်
မျက်မှန်ကိုင်းအနက်ရောင်ကိုပင့်ကာဖြင့်...မိမိရဲ့ကိုယ်ရေးရာဇဝင်ကို..ဖတ်ရှုနေသော..မာသာကြောင့်..ကိုယ့်လက်နှစ်ဖက်ကို ပေါင်ပေါ်တွင်တင်ထားရင်းကပဲ..ဆုပ်ကိုင်မိသည်...
.နမည်က luhan နော်...ပေကျင်းတက္ကသိုလ်က ပြောင်းရွှေ့ပေါ့..ဟုတ်လား
.ဟုတ်...ဟုတ်ကဲ့
အသက်၄၀ကျော် မာသာရဲ့...ရုပ်ရည်သည်..ကျောင်းအုပ်တစ်ဦးရဲ့ အရည်ချင်းများနဲ့ ပြည့်နှက်နေသည်...
မျက်လွှာထက် ရောင်ပြန်ဟပ်နေတဲ့..ငြိမ်းချမ်းမှုက..ဘုရားသခင်ရဲ့သမီးတော် ပီသ၏
သို့ပါသော်လည်း...luhan အမြင်မှာတော့..မာသာရဲ့မျက်နှာထက်တွင်..တိကျမှုနှင့်စည်းကမ်းတင်းကြပ်မှုတို့ကိုသာ..မြင်ယောင်မိပါ၏..
Luhan..ပထမနှစ် တန်းခွဲB....ဆိုတဲ့ ကဒ်ပြားလေးကို..အရှေ့အနောက်ကြည့်ကာဖြင့်...
ဘာမဆိုင်ညာမဆိုင်..ကောင်းကင်ကို မော့ကြည့်ဖြစ်သည်..
အခန်းBသို့ ဦးတည်ကာ..လျှောက်လှမ်းလိုက်သည်......
ဘဝသစ် စမယ်...luhan....ဒီ နေရာလေးမှာ...ဘဝအသစ် စရအောင်....
ကိုယ့်ကိုယ်ကို အားပေးရင်း....အခန်းထဲသို့...ဝင်လိုက်သည်..
အခန်းထဲမှာတော့..မိန်းကလေး ယောက်ျားလေးတွေက..ဟိုတစ်စု သည်တစ်စုနဲ့ပါပဲ...
Luhan ဝင်လာခြင်းကို ဘယ်သူကမှ..အထူးတလည် မကြိုဆိုသောကြောင့်..နေရာလွတ်နေပြီး...ထိုင်ချင်သည့်..ခုံအလွတ်တစ်ခုံတွင်သာ ဝင်ထိုင်လိုက်သည်...
တစ်ယောက်တည်းနေခြင်းတွေမှာ ကျင့်သားရနေပြီးသားဖြစ်တာကြောင့်...စာအုပ်တအုပ်ထုတ်ကာ...တောင်ခြစ်မြောက်ခြစ် လုပ်နေမိသည်....
ဆူညံမှုအသေးစားလေးရှိနေတဲ့အခန်းက..ရုတ်တရက် ငြိမ်ကျသွားတာကြောင့်..ဆရာဝင်လာတာများလားလို့..တွေးမိပြီး...အခန်းဝကိုကြည့်မိတော့.....မည်သူမှမရှိ....
ခဲတံကို..ပြန်ကိုင်လိုက်တော့မှ...မျက်လုံးထောင့်က ဖျက်ခနဲ...
မိမိအနားမှာ..တစ်ယောက်ယောက် လာထိုင်နေတာကိုး.....
သတိတောင်မထားမိခဲ့...
ဘာလို့ ချက်ချင်းတိတ်ဆိတ်သွားလဲ...luhan မသိချင်ပါ...
ခဲတံကိုဟိုဆော့သည်ဆော့..လုပ်နေမိသည်...
အခန်းက..တိတ်ဆိတ်နေဆဲ....
.မင်း..နမည် ဘယ်လိုခေါ်လဲ..
တည်တည်ငြိမ်ငြိမ်လေး ထွက်လာတဲ့..ရှတတ အသံကြောင့်..လက်ထဲက..ခဲတံလေး..လေထဲရပ်တန့်သွားသည်...
နမည်မေးလာသူကို တချက်ငဲ့ကြည့်လိုက်တော့..ခုဏက နံဘေးမှာ ထိုင်နေတဲ့သူ....
.ဪ ငါက luhan ပါ
.ok
ချက်ချင်း..အခန်းပြင်ထွက်သွားသော..ထိုလူကြောင့်..luhan..အံ့သြရတော့သည်..
.ဘာလဲဟ..နမည်မေးပြီး..okတဲ့...
Luhan ခေါင်းကိုသာ. ယဲ့ယဲ့လေး ခါလိုက်မိသည်....
ဒါနဲ့....
အခန်းရဲ့အခြေအနေက....ခုမှ ပြန်ဆူညံသွားသလားပဲ........
#y
😉😉
Author y ရေးပေးတဲ့အပိုင်းလေးတော့ တင်ပြီးပြီနော်
ငယ်ကတော့ ဗုဒ္ဓဟူးနေ့မှာ ပြန်လာပါ့မယ် 😉
Y94Carolyn က ငယ့်ရဲ့ stateကျောင်းတုန်းက သူငယ်ချင်းမို့ နှစ်ယောက်သား အမှတ်တရလေးတခု ဖန်တီးကြည့်တာပါ 😁
ငယ့်ရဲ့ ကြိုးစားရေးကြည့်တဲ့ FanFicလေးမို့ ဖတ်ကြည့်ပြီးတော့ ဝေဖန်ပေးကြပါဦးလို့
ကျေးဇူးတင်ပါတယ်ဆင့် 🤧😝
