Day 1
သဲနဲ့လမ်းခွဲပြီးပထမနေ့ပေါ့
ကိုကိုသိပါတယ် မနက်သဲနိုးလို့ phဖွင့်လိုက်ချိန်မှာ သဲခံစားရမယ့် ခံစားချက်ကို
မချစ်တော့တာမဟုတ်ပါဘူးကလေးရယ်
မချစ်သင့်တော့လို့ပါ
ဒီနေ့ကျောင်းသွားတဲ့လမ်းမှာကြားရတဲ့ သီချင်းတွေက သဲကိုပိုသတိရစေဖို့ဆွပေးစေတယ်
သဲဘာများလုပ်နေမလဲ ကိုကိုတွေးမိတယ်
သဲကိုလွမ်းမိတယ်
ညနေလှည်းတန်းရောက်တော့ သဲနဲ့ကိုကိုနဲ့ ခြေရာတွေထပ်ခဲ့တဲ့နေရာရောက်တော့ သဲက ကိုကို့စိတ်ထဲအလိုလိုရောက်လာတယ် ပြီးတော့ တိုင်းကျော် ကိုရောက်တော့ သဲကိုပြဖူးတဲ့ဆိုင်ပဲဆိုပြီးလွမ်းမိတယ် menu ကြည့်တော့ မြီးရှည်တွေ့တော့ ကိုကို့ကလေးလေးသဲ ကြိုက်တတ်တာကိုတွေးမိလိုက်တယ်
ကလေးရယ်လွမ်းတယ် စကားလာမပြောမိအောင်ထိန်းရတယ်
ညရောက်တော့ သဲဖုန်းနံပါတ်လေးနဲ့ဖုန်းဝင်လာတော့ပျော်ခဲ့တယ်
ဒါပေမာ့်သဲက ဘာမှမပြောဘဲချသွားတယ်
ကိုကြိုပန်ဆက်တော့ လွမ်းရင်ဆက်ဆိုလို့ဆက်တာတဲ့
ကိုကိုလဲတကယ်လွမ်းပြီးချစ်ရတာပါ
သဲဒီနေ့barသွားတယ်တဲ့ကွယ် မဆိုးပါနဲ့ကလေးရယ် ကိုကို့ကိုလွမ်းရလို့ပင်ပန်းရင် မုန်းတီးလိုက်ပါ
ကိုကိုမပါဘဲသောက်တာသိတော့စိတ်ပူမိတယ်
ကလေးရေ တကယ်ချစ်ခဲ့ပြီး ခုတကယ်လက်ရှိလွမ်းနေရတာပါ
