ဆောင်းလုလင်
အမေ
အမေက ကျနော့်တင်ပါးကို ခတ်ဆတ်ဆတ်ရိုက်ပြီး''ထတော့'' လို့ ပြောသည်။
အိပ်ရေးမဝသေးပေမယ့် အလုပ်သွားဖို့အိပ်ရာက ထ,လိုက်ရသည်။
မျက်နှာသစ် သွားတိုက်နေစဉ် ကျနော် သတိရလိုက်သည်။
အမေသေသွားတာ ... ၆လရှိပြီပဲ။
ဆောင်းလုလင်
