သကြားလုံး​လေး

5.9K 505 13
                                    

Zawgyi Ver

ရွယ်​ယွမ်​ ♥  + ​ရှောင်​ရှင်းချန်​ ♥

🍃🍂🍃🍂🍃🍂🍃

"ရော့ မင်းအတွက်​"
ရှောင်​ရှင်းချန်​သည်​ ရွယ်​ယွမ်​ဆီသို့သကြားလုံး​လေးကိုလှမ်း
ပေးလိုက်​သည်​။

စ​တွေ့​တွေ့ခြင်း ရွယ်​ယွမ်​နှင့်​​ရှောင်​ရှင်းချန်​တို့ (၂) ဦး၏
ဆက်​ဆံ​ရေးကအဆင်​မ​ပြေ​ခဲ့သော်​ငြားအ​နေကြာလာ​တော့
လည်းရင်းနှီးလာ​​တော့သည်​။

သာမာန်​မဟုတ်​တဲ့ရှင်းချန်​ရဲ့မျက်​လုံးကွယ်​မှုကိုရွယ်​ယွမ်
အ​နေနဲ့စိတ်​ဝင်​တစားရှိ​သော​ကြောင့်​​ဆေးရုံအုပ်​ကြီးကို
တောင်​အတိုက်​အခံလုပ်​ပြီး​ရှောင်​ရှင်းချန်​အနား​ရောက်
အောင်​လာခဲ့ရတာမဟုတ်​လား။

တခါတခါ အားချင်​နဲ့သူရန်​ဖြစ်​တတ်​တာကလွဲပြီး​ရှောင်​ရှင်းချန်
နဲ့က​တော့အဆင်​​ပြေသည်​​ပြောရ​ပေမည်​။အားချင်းရဲ့​ပေါက်
တတ်​ကရဟာသ​တွေကို​တောင်​လိုက်​ရယ်​​ပေးတတ်​တဲ့
ရှောင်​ရှင်းချန်​က သူနဲ့မတည့်​ဘူးရယ်​​တော့ဘယ်​ရှိမလဲ။

အမြဲတမ်း​တောင်​ပြုံး​နေတတ်​တဲ့သူမဟုတ်​လား။

ဒါ​ပေမယ့် ​ထို​ရှောင်​ရှင်းချန်​သည်​သူ့​​အတိတ်​ဆိုးကိုတခါတရံ
သတိရတိုက်​ဆိုင်​ခဲ့လျှင်​အလွန်​​ကြောက်​ရွံ့​နေ​သောယုန်​က
လေးတစ်​​ကောင်​လိုမျက်​ရည်​အဝိုင်းသားနဲ့တုန်​တုန်​ယင်​ယင်
ဖြစ်​သွားတတ်​​သေးသည်​။

တခါတရံဖြုတ်​ထား​သောပတ်​တီးဖြူများ​အောက်​တွင်​ရှိ​နေ
တတ်​​သောမျက်​ဝန်းအစုံမှာမျက်​​ရည်​​များရစ်​ဝိုင်း​နေသည်​ကို
ကြည့်​လျှင်​သာမန်​မျက်​စိမမြင်​သူနှင့်​မတူသည်​ကို​တွေ့ရမည်​။

သူ​ဌေးသားမျက်​မမြင်​​လေးရဲ့မျက်​စိကွယ်​သွားခြင်းကအခု
လောက်​ဆန်းကြယ်​မည်​ဟုသူမထင်​မိခဲ့

ဟန်​​ဆောင်​ဖုံးထားတတ်​တဲ့ပတ်​တီးဖြူ​အောက်​မှာရှိတဲ့
မျက်​လုံးအစုံဟာမမြင်​ရသည်​မှာမှန်​​သော်​လည်းကားမ​တော်
တဆမှု​ကြောင့်​မဖြစ်​နိုင်​ပြီ။

သကြားလုံး​လေး [Completed] (Uni+Zawgyi)Waar verhalen tot leven komen. Ontdek het nu