Part -5 : Skin Contact Problem...

Start from the beginning
                                    

"မင်းဘာသာ Channel ပြောင်းလိုက်တာ မလား..."

"ဟုတ် ဒီကားတွေပဲထပ်နေလို့..."

ခပ်တည်တည်ခေါင်းညိတ်ပြလာသည့် Vincent ကိုကြည့်ပြီး သူ မျက်စောင်းထပ်ထိုးသည်။ လိုင်းပြောင်း၍ရအောင်လည်း သူ မသင်ပေးပါဘဲနဲ့ သူ့လှုပ်ရှားမှုတို့ကို ကြည့်ပြီး ဒီကောင်လေးဟာ တတ်နေပါလား။

ဖန်သားပြင်ထဲမှ လီရိုနာဒိုကတော့ သူ့ကိုပြောင်ပြနေသည့်အလား။ Vincent မေးလည်းမေးမည်ပေါ့ သူ့လိုဆံပင်ရောင် သူ့လိုမျက်နှာကျ ဖြစ်ပြီး သူနားမလည်သည့် ဘာသာစကားဖြင့် ထိုသူက ဘာကြောင့်ပြောနရတာလဲ။

"မင်းက ငါတို့လူမျိုးမဟုတ်လို့..."

"ကျွန်တော်က မဟုတ်ဘူး..."

"အင်း..."

ဒါဆိုဘာလို့ သူတို့စကားကို နားလည်နေတာလဲဆိုသည့် မျက်နှာသေလေးဖြင့် ကြည့်နေသည့် Vincent ကို သူ မရှင်းပြဘဲ မသိချင်ယောင်ဆောင်ချင်သော်လည်း ထိုငတိကောင်က ထိုသို့ လုပ်၍ မရသည်ကို သိနေသဖြင့် သူ သက်ပြင်းချသည်။ Vincent ထိုင်နေသည့် TV ရှေ့မှ ဆိုဖာခုံသို့ သူ ခုတင်ပေါ်မှ ဆင်းကာသွားရ၏။ နံဘေးတွင် စွေ့ခနဲဝင်ထိုင်ပြီး...

"တကယ်တော့ Excalibur က အမ်း မင်းတို့က အနောက်နိုင်ငံက... အခု ငါနေတဲ့နေရာကို ကမ္ဘာလို့ခေါ်တယ်... ငါတို့နိုင်ငံက အရှေ့နိုင်ငံ မင်းက အနောက်နိုင်ငံသား... မင်း ငါတို့စကားကို နားလည်တဲ့အကြောင်းက ငါက မင်းကို ငါတို့ဘာသာစကားနဲ့ ဖန်တီးလို့... ဘာသာစကားတွေနဲ့ လူမျိုးတွေအများကြီးရှိတာတော့ မင်းလည်းနားလည်တာပဲ..."

"အင်း..."

"မင်းရဲ့ ကမ္ဘာက ငါဖန်တီးတာ... ငါ့ဘာသာစကား... ငါ့အယူအဆ... ငါ့အတွေးအခေါ်နဲ့ ဖန်တီးတာ ဒါပေမဲ့ Camelot က ငါတို့အရှေ့ဘက်ခြမ်းမှာ ရှိတာမဟုတ်ဘဲ ကမ္ဘာ့အနောက်ဘက်ခြမ်းမှာ ရှိတာ... အဲ့ဒါကြောင့် မင်းက သူတို့ရဲ့ ပုံစံရှိနေပေမဲ့ ငါတို့စကားကို နားလည်တာ... သူတို့စကားကိုတော့ ငါက မင်းကို ဖန်တီးတဲ့အချိန်မှာ ထည့်သွင်းမဖန်တီးဖြစ်ခဲ့ဘူး... အင်း မင်းက ငါနေတဲ့ ကမ္ဘာကို ရောက်လာမယ်လို့လည်း ငါ မထင်ထားတာပါတာပေါ့..."

Schmaltz [Own Creation]Where stories live. Discover now