"ခန့် ကျွန်တော်နဲ့ ခနလိုက်ခဲ့ပါလား"
မျှော်နေသည်က သူငယ်ချင်းနှစ်ယောက်ကို .. ရောက်လာသည်က တစ်ခြားတစ်ယောက် .. ကျောင်းသားလား လမ်းသရဲလားမသဲကွဲသော ကျွန်တော့်အရှေ့မှ ကျောင်းသားအား ကျွန်တော်လုံးဝကြည့်မရ .. ကျွန်တော် ဆန်းဦးတို့ ငအိတို့်နဲ့ အတူရှိချိန်ဆို အဝေးကနေပြီး စိုက်ကြည့်နေတတ်ပြီး ကျွန်တော်တစ်ယောက်တည်းရှိချင်ဆို လစ်ရင်လစ်သလို တစ်ခန့်တည်းလာခန့်သည် .. ငအိပြောတာ ကျွန်တော်တို့ထက် တစ်တန်းငယ်သည်ဆိုလား .. ကျွန်တော့်ထက် တစ်နှစ်ငယ်တဲ့ဟာကို ကျွန်တော့်ကိုများခန့်တဲ့ .. မလေးမစား .. လမ်းသရဲလို ဂျလေဘီဒီဇိုင်းနှင့်မို့ကို ကျွန်တော့်မျက်လုံးထဲထိုသူသည် ကန့်လန့်ကန့်လန့် ..
သူ့အမေးကိုမဖြေဘဲ အတန်းထဲမှထထွက်လာပြီး အိမ်ပြန်ရန်သာ ဦးတည်လိုက်သည် .. ဆိုင်ကယ် stand ရောက်တော့ ထိုကောင်လေးကျွန်တော့်နောက်လိုက်လာပြန်သည် .. ထုံးစံအတိုင်း ကျွန်တော်စကားပြန်မပြောရင် လှည့်ထွက်သွားမည်ဟု ထင်ထားခဲ့သော်လည်း ..
"ကျွန်တော် ခန့်ကို ပြောစရာရှိတယ် .. ကျွန်တော့်ကို စကားလေးဘာလေး ပြန်ပြောပါဦးဗျ"
စကားမပြောချင်သူမို့ မသိချင်ယောင်ဆောင်ကာ ဆိုင်ကယ်ဆီသို့ ဦးတည်လျှောက်သွားတော့ .. လက်ကောက်ဝတ်မှနေ၍ ဆွဲလှည့်ခြင်းခံရမှုနှင့်အတူ ..
"မာနလေးကြီးနေတာကိုမှ ခန့်က ချစ်ဖို့ကောင်းတာ"
"ဘာကွ .. လက်ကိုလွှတ်"
ကျွန်တော်နှင့်သူမှာ ကျွန်တော်က ညှက်နေပြီး သူကကျွန်တော့်ထက် အရပ်လည်းရှည် နည်းနည်းလည်း ထွားလည်းထွာတာကြောင့် ကျွန်တော် သူ့အားကိုမရုန်းနိုင် .. လက်ကောက်ဝတ်မှ တင်းကြပ်စွာ ဆုပ်ကိုင်ထားရတာကြောင့် လက်တွေလည်းနာလာ၍ ချစ်ဖို့ကောင်းသည်ဟု အပြောခံရမှုနှင့်အတူ ဒေါသကထွက်လာသည် ..
"ရုန်းလို့ရရင် ရုန်းလေ ခန့် ကျွန်တော်ကတော့ လွှတ်ဖို့စိတ်ကူးမရှိဘူး"
တောက် တစ်ချက်ခေါက်လိုက်ပြီး အားနေသည့်လက်တစ်ဖက်နှင့် သူ့မျက်မှာအား အရှိန်ပြင်းစွာ ထိုးလိုက်မှ ယိုင်နဲ့သွားသောထိုသူလက်မှ ကျွန်တော့်လက်တစ်ဖက် လွှတ်သွားသည် ..
"ဟျောင့် မင်းက ငါ့သူငယ်ချင်းကို ဘာလို့ထိုးတာလဲကွ"
သူ့သူငယ်ချင်းနှစ်ယောက်ထင်ပါသည် .. တစ်ယောက်က ကျွန်တော့်ပုခုံးတစ်ဖက်ကို အားဖြင့်လာတွန်းရင်း ပြောသည် .. တစ်ယောက်ကတော့ ထိုသူ့အား သွားထူနေသည် ..
"ရန်နိုင် လက်မပါနဲ့"
"မင်းကိုထိုးထားတဲ့ဟာကို ဘာလို့လက်မပါရမှာလဲ .. ဒီကောင်က ဘာမို့လို့ မင်းကအဲ့လောက်အဖြစ်သည်းနေရတာလဲ"
"အဲ့လောက်ချစ်နေရင်လည်း မင်းတို့သာ ကြိုက်လိုက်ကြပါလား"
ထိုသူ့အပြော ရန်နိုင်ဆိုတဲ့သူက တော်တော်ဒေါကထွက်သွားတယ်ထင် "မင်း .. မင်း .." ဆိုပြီး သူ့လက်သီးက ကျွန်တော့်မျက်နှာတည့်တည့် .. အခုအခုမှ ရန်စဖြစ်ဖူးသူမဟုတ်သည့်ကျွန်တော်က ရှောင်တိမ်းလိုက်ပြီး သူ့ကို ဦးအောင်ထိုးလိုက်သည် .. ဟိုတစ်ယောက်နားကသူတစ်ယောက်ကပါ ကျွန်တော့်ကို ထိုးတော့မြင့်ဟန်ပြင်နေ၍ သူ့ကိုပါ ဦးအောင်ထိုးလိုက်သည် .. ဟိုးဘက်ကပြန်ထိုး ကျွန်တော်ကရှောင် ကျွန်တော်ကပြန်ထိုးနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ် ဆရာမတစ်ယောက်၏ ဟန့်တားသံနှင့်အတူ ဌာနမှူးရုံးခန်းရောက်ရသည် ..
ညိုမဲနေသော မျက်နှာသုံးခုနှင့်ယှဉ်လျှင် လက်ဆစ်ကလေးများသာ နီရဲနေသောကျွန်တော်သည် လူဆိုးကြီးသက်သက်မျှသာ .. ကျွန်တော့်ကိုအရင်လာစသော ထိုသုံးယောက်အား တောင်းပန်းခိုင်းသည် .. လုံးဝကို မတောင်းပန်နိုင်ပါ .. သူတို့က အရင်လာစသူတွေလေ .. ကျွန်တော့်၏ တစ်ဦးတည်းသော အုပ်ထိန်းသူ တီလေးကို ဖုန်းဆက်ခေါ်မည်တဲ့ ခေါ်ပေါ့ .. တီလေးက ကျွန်တော့်ဘက်ကပဲနေမှာ ..
Love is Min Khant ~
ဆိုင်ရှေ့ကို ကားရပ်ပြီးသည်နှင့် တီလေးကို မစောင့်ဘဲ ဆင်းလိုက်သည် .. ကျွန်တော် တီလေးကို တကယ်ကောက်သည် .. ကျွန်တော့်ဘက်က မပါပေးဘဲ ထိုးနှက်သည်ဟူသော အကြောင်းတစ်ခုတည်းဖြင့် တစ်ဖက်ကကျောင်းသားသုံးယောက်အား တောင်းပန်ခိုင်းသည့်တီလေးကို တကယ်ကောက်ပါသည် .. အရင်အခါတွေ ရုံးခန်းရောက်တုန်းကဆို ကျွန်တော့်ဘက်ကပါပေးသည်ချည်း .. ကျွန်တော်ရုံးခန်းရောက်ရသည့်အကြောင်းအရင်းကလည်း ရန်ဖြစ်လို့ တစ်ဖက်ကိုထိုးခဲ့လို့ .. တကယ်စိတ်တွေလည်းလေရပါသည် .. မိန်းကလေးလည်းမဟုတ်ဘဲ ရည်းစားစကားအပြောခံရသည်က တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်တော့ ဖြူ ဥနေသည့်အသားအရည်နှင့် မိန်းမချောချောနေသော ကိုယ့်ကိုယ်ကိုယ်ပင် အလိုမကျဖြစ်ရသည် ..
"သားရေ ထမင်းစားမယ်လေ"
"တော်ပီ ဗိုက်မဆာသေးဘူး"
"ဗိုက်မဆာတာဟုတ်လို့လား ကလေးရဲ့ တီလေးကို ကောက်နေတာလား .. ဟုတ်လား .. နှုတ်ခမ်းကလည်း ရှေ့တစ်တောင်လောက်ထွက်နေပြီ"
ကျွန်တော့်၏ ပါးနှစ်ဖက်အား တီလေးက လက်ဖြင့်အသာညှပ်ကာဆိုသည် ..
"တီလေးကို ဒီနေ့ကောက်တယ် .. အစခံရတာ သားပါ .. သူတို့အရင်လာထိလို့ သားလက်ပါသွားတာကို .. နောက်ဆုံးတော့လည်း သားပဲတောင်းပန်ရတယ် .. သူတို့ကို ကျေကိုမကျေဘူး"
"သားကို ဟိုကိစ္စစပြန်တာလား .. တီလေးပြောတယ်လေ သားကို .. အဲ့လိုအစခံရရင် ဆရာမတွေကို တိုင်ပါ ရန်မဖြစ်ခဲ့ပါနဲ့ဆိုတာကို .. ပြပါဦး .. သားလက်ကလေး .. ဘာဖြစ်သွားသေးလဲ"
ကျွန်တော့်လက်ကိုဆွဲယူပြီး ရဲနေသည့်လက်ဆစ်လေးများကိုတွေ့တော့ တီလေးက ..
"သားက လက်ကလေးနာနေတာဆိုတော့ တီလေး ခွံ့ကျွေးရမှာပေါ့ လာ လာ"
"တော်ပါပီ ခုမှလာပြီး"
"လာပါ သားလေးရာ .. တီလေးလည်းမစားရသေးဘူး .. အတူစားမယ်လေ"
ကျွန်တော့်ဖို့ရော သူ့ဖို့ပါ ထမင်းဟင်းများ ခူးခပ်ပေးနေသည့် တီလေးသည် ကျွန်တော့်အား အလွန်ချစ်သော ကျွန်တော့်၏ တစ်ဦးတည်းသော အုပ်ထိန်းသူလူကြီး .. ဖေဖေနှင့်မေမေ ကျွန်တော့်အားထားသွားပြီးနောက် ကျွန်တော့်အား ပြုစုစောင့်ရှောက်လာခဲ့သည်မှာ ယခုဆို ကျွန်တော်ပင် တတိယနှစ်ကျောင်းသားဖြစ်နေပြီ .. အသက် ၄၅ ရှိနေပြီဖြစ်သော တီလေးသည် ကျွန်တော့်၏ တစ်ဦးတည်းသော ဆွေးမျိုးသားချင်းအရင်းအချာဖြစ်ပြီး ကျွန်တော့်ကို သားအရင်းတစ်ယောက်လို သဘောထားကာ လိုလေသေးမရှိ အစစအရာရာ ဖြည့်ဆည်းပေးသည် .. တီလေးက စတိုးဆိုင်ဖွင့်၍ အသက်မွေးဝမ်းကျောင်းသည် .. ဆိုင်မှာ နှစ်ထပ်တိုက်ဖြစ်ပြီး စောင် ခေါင်းအုံး မွေ့ယာ အဝတ်အစား ဖိနပ် နာရီ ပလတ်စတစ်ပစ္စည်းမျိုးစုံ စသည်စသည် စုံလင်စွာရပြီး အတော်ပင်ကျယ်သည် .. ဆိုင်အကူအစ်မများမှာ ၄ ယောက်ရှိပြီး တီလေးက မဖြစ်သင့်တာတွေ မဖြစ်ရအောင်ဆိုလား စကားမပြောခိုင်း၍ တီလေးရှေ့တွင်တော့ ငြိမ်နေပြီး တီလေးမသိလျှင်တော့ ပြုံးပြနှုတ်ဆက်တာမျိုးရှိသည် .. အောက်ထပ်တွင် အရှေ့ဘက်၌ အရောင်းပစ္စည်းများကို ထားရှိပြီး အနောက်ဘက်တွင် ဧည့်ခန်း ထမင်းစားခန်း နှင့် တီလေး အိပ်ခန်းရှိသည် .. အပေါ်ထပ်တွင်တော့ ဘုရားခန်းနှင့် ကျွန်တော့်အခန်း နောက် အခန်းလွတ်တစ်ခန်းရှိသည် ..
"တီလေး သား သွားတော့မယ်"
"နေ့လယ်ပိုင်းတော့ ရန်မဖြစ်ခဲ့နဲ့နော် သား"
"ကျွန်တော့်လာစရင်တော့ ထိုးခဲ့ရမှာပဲ"
တီးတိုးရေရွတ်ရင်း ထွက်သွားမည်ပြင်ကာမှ ကျွန်တော့်ဆိုင်ကယ်က ကျောင်းမှာ .. တီလေးကိုသာ ကျောင်းသို့ လိုက်ပို့ခိုင်းရသည် .. ကျောင်းရောက်တော့ တီလေးပြန်သွားသည်နှင့် ဆိုင်ကယ်ယူရန်ထွက်လာသည် ..
Ringing ~
"သတိရသေးတယ်နော်"
"............................................"
"အေ လာခဲ့မယ်"
Kaung Cafe ထဲသို့ ရောက်သည့်အခါ ဆိုင်တွင်း၌ လူများနေ၍ ဝေ့ဝဲရှာရသည် .. လက်ထောင်ပြသည့်ငအိဆီလျှောက်သွားပြီး ခုံတစ်ခုံတွင်ဝင်ထိုင်၍ ကျောပိုးအိတ်ကို ခုံနောက်တန်းသို့ချိတ်ပြီးသည်နှင့် အနီးနားရှိရောက်နေသော Waiter အစ်ကိုကြီးကို Coffee တစ်ခွက်မှာလိုက်သည် ..
"မင်းတို့က ငါ့ကိုကျ မခေါ်ဘူးကွာ .. ခွဲခြားခွဲခြားနဲ့ .. မနက်က မင်းတို့မရှိတာ ငါ ရုံးခန်းရောက်ခဲ့သေးတယ်"
"ငါတို့လည်း ခုမှရောက်တာပါဟ .. ရောက်ရောက်ချင်း နင့်ကို ဖုန်းခေါ်လိုက်တာလေ .. ရုံးခန်းက ဘာလို့"
"နင်ပြောတဲ့ second year ကဆိုလား ဟိုကောင်လေ ........"
"ဘာလဲ နင့်ကို ရည်းစားစကားပြောလိုက်လို့ နင်ကစိတ်တိုပြီး ထိုးလိုက်တော့ ရုံးခန်းရောက်သွားတာလား"
"ငါပြောတာလည်း ဆုံးအောင်နားထောင်ပါဦးငအိရာ .."
"အေး ပြောလေ .. ငါလည်းမှန်တယ်မလား .. ငါမှန်းရန်လွဲခဲတယ်နော် ညာဖို့မကြိုးစားနဲ့"
"ရည်းစားစကားပြောရုံတင်မဟုတ်လို့ဟ လက်ကိုပါအတင်းဆွဲပြီး ဆွဲလားရမ်းလားလာလုပ်တာ ယောကျာ်းချင်းကိုကွာ အဲ့ဒါနဲ့ ငါက စိတ်ကတိုလာတာပြီးထိုးတော့ သူ့သူငယ်ချင်းနှစ်ယောက်ကပါ ငါ့ကိုလာထိုး ငါကရှောင် ငါကပြန်ထိုးနဲ့ သုံးယောက်လုံးကို ထိုးပေးခဲ့တာ .. ဒီမှာကြည့် ငါ့လက်တွေခုထိနီနေတုန်းပဲ"
လက်ဆစ်ကလေးတွေနီနေတာကို ထောင်ပြတဲ့ ကျွန်တော့်စကားအဆုံး နှစ်ယောက်လုံး ထရယ်သည် .. ရယ်လည်းရယ်ချင်စရာပါပဲလေ ယောကျာ်းလေးတန်မယ့် ဆွဲလားရမ်းလားအလုပ်ခံရပြီး စိတ်တိုလို့ ဆွဲထိုးရာမှ ရုံးခန်းရောက်ရတဲ့အဖြစ်ကို ..
ငအိမှ မျက်လုံးများ မှေးစင်းသည်အထိ စပ်ဖြီးဖြီးလုပ်ကာ ..
"ငါတို့ uke လေးက seme အမှန်ကို ရှာမတွေ့သေးလို့ပါကွာ"
"ချီးကို uke ချီးကို seme ပါလား .. ငါက straight"
straight လို့ ပြောရအောင်လည်း ရင်ခုန်ဖူးသည့်မိန်းကလေးက တစ်ယောက်မှမရှိတာလည်းတစ်ပိုင်းပေါ့ .. အသားဖွေးဖွေးအရပ်ရှည်ရှည်အစ်ကိုကြီးတွေကို ကြွေတာကိုတော့ ကိုယ်သာသိသည် ..
"ဟား ဟား ဟုတ်ပါပီ straight စစ်စစ်ကြီးရယ်"
"မင်းခန့် မင်းက တကယ် ငအိပြောသလို uke type လေးဟ .. အသားကလည်းဖွေးသေး ဆံပင်ကလည်းရှေ့ကိုချထားသေး လူက သေးသေးကွေးကွေးနဲ့ .. bl ကားထဲမှာဆို မင်းက လုံးဝ uke type ပဲ"
"ချီးပဲ .. မင်းလည်း uke ပဲ ငါ့ထက် အသားနည်းနည်းညိုတာနဲ့ အရပ်လေး နှစ်လက်မလောက်ရှည်တာပဲရှိတာ"
"ငါက စော်ထားတော့မှာဗျ"
"တကယ် မကြိုက်ဘဲနဲ့ မထားပါနဲ့ကွာ သူတို့လေးတွေ ရှနေရှာပါမယ်"
"လခွမ်းတဲ့မှပဲ ဟားဟား"
စကားကောင်းနေသော ကျွန်တော်တို့သုံးယောက်မှာ အတန်းဆိုတာ ဖြူ သလားမဲသလားတောင်မသိ ..
"မင်းခန့်"
ငအိမှ ကြားရသည်ဆိုရုံ ခပ်တိုးတိုးခေါ်လာ၍ ကျွန်တော် သောက်လက်စကော်ဖီခွက်ကို ချ၍ ထူးလိုက်သည် .. ကော်ဖီအရသာကား ကော်ဖီသောက်လေ့မရှိသောကျွန်တော်ပင် ထပ်သောက်ချင်သည်အထိ ကောင်းမွန်သည် ..
"ပြော"
"ဟိုမှာ ကော်ဖီဖျော်နေတဲ့ အစ်ကိုကြီး မချောဘူးလား"
ငအိ မျက်စပစ်ပြရာသို့ ကျွန်တော်ကြည့်လိုက်တော့ Coffee ဖျော်နေသော အစ်ကိုတစ်ယောက် .. ကျွန်တော်တို့ထက် အသက်အနည်းငယ်ကြီးပုံရပါသည် .. Coffee အား စိတ်ဝင်တစားဖျော်နေသည်မှာ Professional ကျလွန်းသည် .. ရှည်သောအရပ်နှင့် မျက်နှာချောချောပါပေါင်းထည့်ထားတော့ ကျွန်တော့် မျက်လုံးထဲ တကယ်ပင် ကြည့်ကောင်းလှသည် .. ကျွန်တော့်ကော်ဖီ သူဖျော်ပေးတာနေမှာ .. အတွေးနှင့်အပြောလွဲမှားစွာပင် ..
"ငါမှ မကြည့်တတ်ဘဲ ချောလား မချောလား ငါဘယ်လိုသိမလဲ"
"အဲ့ဒါ seme ကြီး မင်းခန့်ရ .. နင်နဲ့ဆို တော်တော်လိုက်မှာ"
"စောင်အိမ ငါ့ကို လူတကာနဲ့ လိုက်ပေးစားနေ" ဟုဆိုကာ ငအိခေါင်းကို tissue ဘူးဖြင့် ခေါက်မိတော့ .. ထိုအစ်ကိုမှ ကျွန်တော်တို့ဘက်အား ကြည့်လာသည် .. ကျွန်တော့်ကို မြင်တော့ ကော်ဖီဖျော်နေရင်းမှပင် ထိုအစ်ကို နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်သွားသည်လား .. ကျွန်တော်တို့စားပွဲဝိုင်းနှင့် ကော်ဖီခုံမှာ အနည်းငယ်လှမ်းနေ၍ သေသေချာချာမမြင်ရ ..
"မင်းခန့် နင်မြင်လိုက်လား သူ နင့်ကို ပြုံးပြလိုက်တာဟ"
ကျွန်တော့်၏ ဝိုးတဝါးအတွေးကို ငအိစကားက သေချာစေသည် ..
"အေး နင့်ဟာနင်ပဲ လိုရာဆွဲတွေးနေလိုက်တော့ ငါ နင့်ကို ဘေးမဲ့ထားလိုက်ပြီ ဆန်းဦးပဲခေါ်တော့မယ် နင့်မခေါ်တော့ဘူး .. ဆန်းဦး မင်းလည်း သူ့မခေါ်နဲ့တော့"
"အေး မင်းခန့် .. မင်းနဲ့ပဲပေါင်းတော့မယ်"
သူငယ်ချင်းဆိုတော့ တစ်ယောက်ယောက်ကို စချင်ရင် ညှိစရာမလို အဲ့လိုကို ညီနေသော ..
ငအိမှ သနားစရာမျက်နှာလေးကို တမင်လုပ်ယူကာ ..
"နင်တို့မှာ အများကြီးရှိပေမယ့် ငါ့မှာက နင်တို့နှစ်ယောက်ပဲ ရှိတာဟ"
"$ကောင်မ talking တွေနဲ့ လာသတ်နေတာ"
ဆန်းဦးမှ ငအိအား ပိုရန်ကောဟူ၍ ဆဲလေပြီ .. ကျွန်တော်လည်း သဘောကျ၍ ရယ်နေရင်း အကြည့်ရောက်သွားသည်က စောနကအစ်ကိုဆီ .. ဘာရယ်မဟုတ် သတိမထားမိပါဘဲ အကြည့်ရောက်သွားခြင်းရယ်ပါ .. လူကို မျက်တောင်မခတ်ငေးကြည့်နေသော ထိုအစ်ကိုကြောင့် ရယ်နေတာတောင် ရပ်သွားရသည် .. ကျွန်တော့်အနောက် ကြည့်၍လားဟု စိတ်ထင်၍ လှည့်ကြည့်မိတော့လည်း အနောက်တွင် ခုံတွေသာရှိသည် .. အရှေ့သို့ ပြန်ကြည့်မိသည့်အခါ အကြည့်မလွဲသေးသောကြောင့် ကျွန်တော် အနေရခက်စွာ ကော်ဖီသာ ငုံ့သောက်နေလိုက်တော့သည် ..
Love is Min Khant ~
အိမ်ကနေ ဆိုင်သို့အသွား လမ်းလေးခွဆုံရာ၌ လူများ၍ ခနရပ်စောင့်ရသည် .. အနည်းငယ်လူရှင်းသည်နှင့် ကျွန်တော် ဆိုင်ကယ်စထွက်စဉ် ဘေးနားမှကျော်တက်သွားသော ဆိုင်ကယ်တစ်စီးကြောင့် တိုက်ဆိုင်လွန်းသောကံကို အံ့လည်းအံ့သြမိပြီး ထိုဆိုင်ကယ်နောက်လိုက်သွားမိသည် .. ဘေးတိုက်မြင်လိုက်ရသော ထိုကောင်လေးသည် မနေ့က ကျွန်တော့်ဆိုင်သို့ လာသွားသောကောင်လေးဖြစ်ကြောင်းအား သူလွယ်ထားသော မီးခိုးနှင့်အနက်စပ်ကြားလွယ်အိတ်က သက်သေထူသည် .. အနောက်ဘက်ခပ်လှမ်းလှမ်းမှ လိုက်နေရသောကြောင့် အကျီ င်္အနက် ပုဆိုးနက်ပြာမှာမှ ခြေဖနောင့်ဖွေးဖွေးလေးနှင့် လည်ဂုတ်သားဖွေးဖွေးလေးတွေထင်းနေသည်ကို မြင်နေရပြီး ထိုကောင်လေးနောက် ဘာကြောင့်လိုက်လာမိလဲမတွေးနိုင် အနည်းငယ်မြန်နေသော အရှိန်နှုန်းကြောင့် click ချင်း အတူတူပင် မနည်းမှီအောင် လိုက်နေရသည် .. အဓိကက သူ ဘယ်အိမ်ကလဲဆိုတာ သိရဖို့ ..
