Sehun ရဲ့စကားအဆုံး Lee Doung တို့အဖွဲ့ ​ဆွေ့​ဆွေ့ခုန်​​လေ​တော့သည်

" ဟာ ဒီ​ကောင်​​တော့ ချကွာ ကြာတယ်​ "

ပြော​ပြောဆိုဆိုပင်​ Lee Doung တို့သည်​ Sehun အားဝင်​ ချကြ​လေ​တော့သည်

အစပိုင်းတွင်​ Sehun ကနိုင်​​နေ​သော်​လဲ အချိန်​ကြာလာ​သောအခါ အများနဲ့တစ်​​ယောက်​မို့ တဖြည်းဖြည်း ရှုံးနိမ့်​လာရသည်

ထို့ပြင်​ တစ်​ဖက်​အဖွဲ့တွင်​ လက်​နက်​များပါလာ​တော့ ပို၍အထိနာလာ​တော့သည်

တစ်​ဖက်​တွင်​လည်း Suho မှာ အမြန်​လို အ​နှေးရဆိုသလိုပင်​ အမြန်​​ပြေး​လေ ​ချော်​လဲ​လေနဲ့ ဒူးနဲ့တ​တောင်​​တွေမှာ ပွန်းပဲ့ဒဏ်​ရာ​တွေ ဖြစ်​​နေပြီ

နောက်​ဆုံး​တော့ Suho ​ဘောလုံးကွင်းကို​ရောက်​ခဲ့​ပေပြီ

ထိုအချိန်​တွင်​ Sehun မှာ​တော်​​တော်အ​ထိနာ​နေခဲ့​လေပြီ

သွေး​တွေဆိုတာ မြင်​မ​ကောင်း​အောင်​ပင်

" ​ဟျောင့်​​ဒေ မင်းတို့ရပ်​လိုက်​​တော့ ငါစည်းကမ်းထိန်းသိမ်း​ရေးကို​ခေါ်ထားတယ်​​နော်
မင်းတို့ ရုံးခန်းမ​ရောက်​ချင်​ရင်​ ခုလစ်​လိုက်​​တော့ "

Suho တစ်​​ယောက်​ ​အော်​​ပြောပြီး​တော့ Sehun ဆီ​ပြေးသွားလိုက်သ​ည်

ဟိုသား​ကောင့်​သား​​လေး​တွေ စည်းကမ်းထိန်းသိမ်း​ရေးဆိုတာနဲ့ ​ပြေးလိုက်​ကြတာမှ တချိုးထဲ ပင်

သူတို့အ​နေနဲ့ ​ပြေးကြသည်မှာ ​ကျောင်းတွင်​စာအညံ့ဆုံးအဖွဲ့ကလဲဖြစ်​​သေး ရန်​ဖြစ်​တဲ့အမှုပါထပ်​တိုးလိုက်​လျှင်​ ​ကျောင်းထွက်​ရမည်​ကို​ကြောက်​​သော​ကြောင့်​ပင်

" Sehun မင်းဘယ်​​တွေထိထားတာလဲဟင်​ ငါ​ဆေးရုံကား​ခေါ်လိုက်​ရမလား
တော်​​တော်​နာ​နေလား "

Suho မှာ Sehun တစ်​ကိုယ်​လုံးကိုလိုက်​ကြည့်​ကာ အငမ်းမရ​မေး​လေ​တော့သည်

" ​ဆေးရုံကားမ​ခေါ်ပါနဲ့ အလုပ်​ရှုပ်​တယ်​ ငါဘာမှသိပ်​မဖြစ်​ပါဘူး "

I Love You , I Want You (Completed)Where stories live. Discover now