Episode -1

3.2K 144 7
                                        

Universe ကိုယ်​ပိုင်​အထက်​တန်း​ကျောင်းရဲ့ စံပြ​ကျောင်းသား​လေး Kim Suho

ကျောင်းစာတွင်​​တော်​သလို ရုပ်​​ရည်​​လေးကလဲ​ပြောစရာမရှိ ယုန်​​ပေါက်​စန​လေးလို ဖြူ​ဖွေးပြီး ကြည်​လင်​လှတဲ့ အသားအ​ရေ​လေးကို ပိုင်​ဆိုင်​ထားတဲ့အပြင်

မျက်​လုံးဝိုင်းဝိုင်း နှုတ်​ခမ်း​သေး​သေး​လေးနဲ့ မျက်​နှာမြင်​ရင်​​ပြေးဖက်​နမ်းချင်​​လောက်​အောင်​ ချစ်​စရာ​ကောင်းလွန်းလှသူ

အဲ့လို အရာရာပြည့်​စုံ​နေတဲ့ ​ကောင်​​လေးမှာ အခက်​အခဲ​လေးတစ်​ခုရှိ​နေတာ​တော့ ဘယ်​သူမှမသိကြပါဘူး

♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡ ♡

Suho တစ်​​ယောက်​ ​ကျောင်းသွားခါနီးတိုင်း စိတ်​ညစ်​​နေရသည်

အ​ကြောင်းက​တော့ ​ကျောင်းသွားရင်​ ဒုတိယနှစ်​က ဂျူနီယာ Oh Sehun ရဲ့​နှောက်​ယှက်​မှုကို ခံ​ရ​မည်ကို သိ​သော​ကြောင့်​ဖြစ်​သည်

Suho က​တော့ တတိယနှစ်​ စီနီယာ​ကျောင်းသားတစ်​​ယောက်​ဖြစ်​​နေ​ပေမဲ့ ပထမနှစ်​က ဂျူနီယာ​လေး​တွေထက်​ပင်​ နုနယ်​ချစ်​စရာ​ကောင်း​နေသည်

Oh Sehun ဆိုသည်မှာ​က​တော့ ​ကျောင်းစာတွင်​သာမ​တော်​တာ နဂိုရုပ်​ခံ​လေးက ခန့်​ခန့်​ညားညားရှိ​နေ​တော့ ​ချေချက်​ဆိုတာ ​ပြောမ​နေနဲ့

သူ​မ​ချေနိုင်​တာ Suho တစ်​​ယောက်​ပဲရှိသည်
ဖြစ်​လိုက်​တဲ့ရန်​ပွဲ​များဆိုတာ အသက်​ထက်​ပင်​​ကျော်​​နေပြီဖြစ်​သည်

အဲ့လို ဂုဏ်​ဒြပ်​များနဲ့ Oh Sehun က Suho ဆိုတဲ့ စီနီယာ ယုန်​ပိစိ​လေးကို လိုက်​ကပ်​​​နေမှ​တော့ ယုန်​​ပေါက်​စ​လေး စိတ်​ညစ်​တာ မဆန်းပါ

# ဟင်း . . .ဘယ်​လိုပဲဖြစ်​ဖြစ်​ ​ကျောင်းက​တော့သွားရမှာပဲ​လေ အပျက်​ခံလို့မှမရတာ #

Suho တစ်​​ယောက်​​ စိတ်​ဆုံးဖြတ်​ပြီး​နောက်​​ ​ကျောပိုးအိတ်​ကိုလွယ်​ကာ ​ကျောင်းသို့ ထွက်​လာခဲ့​လေ​တော့သည်

အိမ်​ကထွက်​လာရာလမ်းတစ်​​လျှောက်​ ​အေး​ဆေးခဲ့​ပေမဲ့ Bus ကားမှတ်​တိုင်​အ​ရောက်​တွင်​​တော့

I Love You , I Want You (Completed)Stories to obsess over. Discover now