Part - 15 : He paints my world...

Start from the beginning
                                    

ထပ်ဖြည့်မေးခွန်းကြောင့် သူ ခေါင်းလေးကုတ်ကာ နီစွေးကို အီလည်လည်အပြုံးတစ်ခုဖြင့် တုံ့ပြန်သည်။ နီစွေးမျက်နှာက သူ ထိုမေးခွန်း၏ အဖြေကို ရကိုရရမည် ဆိုသည့်ရုပ်မျိုး။ Vincent ဟူးခနဲ လေပူတစ်ချက်မှုတ်ထုတ်သည်။

'ဒါက သူသိနေပြီးသားအဖြေမဟုတ်ဘူးလား ငါ ဘယ်သူ့ကိုမှ မချစ်ဘူးဆိုတာ' စိတ်တွင်းတွင်ရေရွတ်ကာ သူ့ကိုမော့ကြည့်နေသည့် နီစွေး ဇက်မညောင်းရအောင် သူ ဘေးတွင်ဝင်ထိုင်လိုက်ရင်း လက်ထဲမှဖန်ထွက်ကို လက်နှစ်ဖက်ဖြင့် သေချာဆုတ်ကိုင်၏။

"ကျွန်တော့်အကြောင်းကိုလည်း နီစွေးသိတာပဲဟာ ဘယ်သူ့အပေါ်မှ ကျွန်တော် ဘာခံစားချက်မှ မရှိခဲ့ဘူးလေ..."

"အင်း... ဟုတ်တယ်..."

စိတ်ပျက်လက်ပျက် ရေရွတ်ကာ ခုံနောက်ကျောမီကို လျှောထိုင်ချသည့် နီစွေး။ ဘာကြောင့်များ ထိုမေးခွန်းကို မေးရသည်လဲဆိုသည့် အကြည့်များဖြင့် သူ ကြည့်တော့။

"ဒီနေ့ သူဌေးမင်းနဲ့ငါ တွေ့ခဲ့တယ်..."

"ဟုတ်..."

"ငါ့ရဲ့ Next Work ကို သူက ဖြစ်နိုင်ရင် Romance theme တစ်ခုတောင်းဆိုတယ်... အမ်း မင်းနားလည်အောင်ပြောပြရရင် လူနှစ်ယောက်ကြားက အချစ်ပေါ့လေ... ချစ်ပုံပြင်လေးပေါ့ ဟဟ..."

ခြောက်ကပ်သည့်ရယ်သံတစ်ခုဖြင့် ပြောပြသည့် နီစွေးကို သူ ငြိမ်ငြိမ်လေးကြည့်နေဆဲ။

"ငါ Romance ကို မရေးနိုင်တာ မဟုတ်ဘဲ မရေးချင်တာဆိုတာကို သူတို့နားလည်အောင် ရှင်းပြလို့မရဘူး... ရှင်းလည်း မရှင်းပြချင်တာ ပါတာပေါ့..."

သူ Vincent ကို စကားတွေအများကြီး ပြောနေမိသည်။ နီစွေးဒါကို သဘောမကျ။ ထို့အတွက် သူ မည်သူတစ်ဦးနှင့်မှ အချိန်အကြာကြီး တွဲလေ့မရှိ။ တွဲသည်။ နီစွေးဆိုသည့် သူသည် လူတစ်ဦးနှင့် တွဲသည်ဟုပင် ဆို၍မရ။ သူက Friend With Benifits များသာ ထားတတ်သည့်သူ။

"မင်း ဘယ်သူတစ်ယောက်ကိုမှ မချစ်ခဲ့ဘူးဆိုတာကို ငါနားလည်တယ် ဘာလို့လဲဆိုတော့ မင်း ငါ့အတွေးထဲကို ဝင်လာတုန်းက ငါ တစ်ကိုယ်ကောင်းနည်းနည်းဆန်ပြီး ငါ့ရဲ့ အချို့ သော စရိုက်တွေကို မင်းမှာ ထည့်သွင်းတည်ဆောက်ခဲ့တယ်..."

Schmaltz [Own Creation]Where stories live. Discover now