Part - 13 : Attachment...

Start from the beginning
                                    

"အယ်... အနီကွက်ဖြစ်သွားတာပဲ..."

နီရဲသွားသည့် သူ့နဖူးကို ဆောင့်တိုက်မှုကြောင့် ဖြစ်သွားသည်ကို Vincent ပြောပြတော့ သူ့ကို နှုတ်ခမ်းတို့မဲ့ကာ ကြည့်လာသည့် နီစွေး။ Vincent မချိပြုံးပြုံးပြရရှာသည်။ သူ့ဘာသာလည်း လုပ်သေး နာသွားလို့ အလုပ်ခံရသည့် သူကို အပြစ်တင်လိုသည့် မျက်လုံးများဖြင့် ကြည့်နေသည့် နီစွေးက ဘယ်လိုနဲ့များ ၂၈ နှစ်တောင်ဖြစ်နေရတာလဲ။ ဒီအသက်ကြီးကြီး ကလေးရုပ်၊ ကလေးအပြုအမူတွေနဲ့လူက သူ့ထက်အသက် ခုနစ်နှစ်ကြီးသည်ဟု လက်ခံရမည်ကိုတောင် သူ အင်တင်တင်ဖြစ်ချင်ပါသည်လေ။

"နာသွားလား..."

စကားနှင့်အတူ သူ့နှုတ်ခမ်းတို့သည် အနီကွက်ရှိရာ နဖူးနားကပ်သွားကာ ခပ်ဖွဖွလေမှုတ်ပေးကာ နာကျင်မှုသက်သာအောင် သူ ပြုလုပ်ပေးလိုက်တော့သည်။ သူတို့လောကတွင် သူ စစ်တိုက်စဉ်ကာလတွင် စစ်ဒဏ်ခံရသည့် ကျေးရွာတစ်ခုတွင် ခေတ္တနားစဉ် မိခင်တစ်ဦးမှ ကလေးတစ်ဦးကို နာကျင်မှုသက်သာအောင် ထိုသို့လုပ်ပေးခြင်းကို သူ မြင်ဖူးခဲ့သည်။ သူ့ကို ထိုသို့လုပ်ပေးဖူးသည့် သူတစ်ဦးတစ်ယောက်မှ မရှိခဲ့သော်လည်း သူ နီစွေး နာကျင်မှုသက်သာလို့သက်သာငြား လုပ်ပေးတော့ တွန့်ခနဲတစ်ချက်တုန်သွားသည့် နီစွေး။

"ဘာဖြစ်လို့လဲ..."

ဆုံလည်ကုလားထိုင်လက်တန်းနှစ်ဖက်လုံးကို အားပြုထောက်ထားသည့် သူ့ကြောင့် ခုံနှင့် သူ့ခန္ဓာကိုယ်အကြားတွင် ဆင်းဒွစ်အသားပြားသဖွယ်ညပ်နေသည့် နီစွေး။ နီစွေးကိုယ်၏ ပြောင်းလဲမှုမှန်သမျှကို မျက်ခြေမပြတ်သည့် သူမို့ နီစွေးသည် သူ့ လက်လှမ်းမီသည့် နေရာတွင် ရှိနေလျှင် အလွန်သေးငယ်သည့်လှုပ်ရှားမှုလေးပင်ဖြစ်စေ သူ မသိလိုက်ဘူးဆိုသည် မရှိစေရ။

ထို့အတွက် ဆတ်ခနဲတုန်သွားသည့် နီစွေးကို သူ ငုံ့ကြည့်မေးတော့ သူ့ကို ပြူးကြောင်ကြောင်လေး မော့ကြည့်နေသည့် နီစွေး။ သူ့မေးခွန်းကို အဖြေမပေးသည့် နီစွေးကြောင့် သူထိုအတိုင်းသာ ဆက်ကြည့်နေဖြစ်သည်။

"ဖယ်... ရတယ်မနာဘူး..."

တစ်ဦးနှင့်တစ်ဦး မျက်လုံးချင်းဆိုင်နေမှုမှ အလျင် သတိဝင်လာသူက နီစွေး။ သူ Vincent ကို တွန်းကာ ထရပ်သည်။ သူ့ကို ကြည့်နေသည့် Vincent ကို ကြည့်၍...

Schmaltz [Own Creation]Where stories live. Discover now