Loey

12K 633 18
                                        


Loey-park chanyeol
Willis-oh sehun
( တချို့က sehunကိုwillisလို့ခေါ်တာ မသိမှာစိုးလို့ပါ)

*********************
ဂျု တီကုတ်ကို ချွတ်လိုက်ရင်း စားပွဲအသေးလေးပေါ် ပစ်တင်လိုက်ပါ၏...

ဆက်တိုက်မြည်လာတဲ့phကိုpower offလိုက်ရင်း နားနေခန်း ကုတင်ပေါ်လှဲချလိုက်သည်။

"Loey ဆေးရုံအုပ်ကြီးခေါ်နေတယ်"

Nightဂျုတီဆက်တိုက်ဝင်ထားမို့တရေးမှမအိပ်ရသေးပေ...

ဆေးရုံ အုပ်ကြီးဟာ တော်ရုံ အရေးကြီးတာလောက်နှင့် ခေါ်မည့်သူမဟုတ်ပေ...

" ကျွန်တော် ဝင်ခဲ့လို့ရမလား"

အထဲက ခွင့်ပြု သံကြား မှဝင်သွားလိုက်သည်။

" ထိုင် loey အလုပ်ကိစ္စလေးပြောစရာရှိလို့ပါ"

" ဟုတ်ကဲ့ "

ညိုးနွမ်းနေသည့် ဆေးရုံအုပ်ကြီးမျက်နှာဟာ သောက ဝေနေပုံရလေသည်။

" ဆရာ လိုရင်းပဲပြောမယ်ကွာ"

"ဟုတ်ကဲ့"

" မင်းတို့ အိမ် အခြေအနေ ကို ဆရာ ကြားတယ်loey"

ခေါင်းသာတွင်တွင်ငုံ့ ထားလိုက်မိပါ၏
အဖေ သေပြီးနောက် ပြိုလဲသွားရတဲ့ အိမ် စီးပွားရေး...

အရင်က လဲအရမ်းချမ်းသာခဲ့သည်မဟုတ်ပေမဲ့ လူတန်းစေ့တော့နေနိုင်ခဲ့သည်။
အသုံးအဖြုန်းကြီးလွန်းတဲ့ မေမေဟာ ဖေဖေသေသွားပြီးသည့်တိုင် သူမ ၏ မဆင်မခြင် သုံးစွဲမှုကိုမရပ်ပါချေ..
အစပိုင်းတော့သိပ်မသိသာပေမဲ့ တဖြည်းဖြည်းနှင့်အိမ်ပါပေါင်တဲ့အထိ ရောက်သွားရလေသည်။
အမ ဖြစ်သူ က အိမ်ထောင်ကျသွားပြီမို့ သူ့အိမ်ထောင်နှင့်သူ အိမ်ကိုမထောက်ပံ့နိုင်ချေ..

သူကိုယ်တိုင်က လဲ အရင်ကတည်းကလောဘနဲခဲ့တဲ့သူမို့ မဖြစ်စလောက် ဆရာဝန်လစာလေးကိုသာမျှော်ကိုးရင်း အပြင်အလုပ်ထွက်လုပ်ဖို့ စိတ်ကူးမရှိခဲ့ချေ...
အခွံသာ ကျန်တော့သည့် အခြေအနေပါ..

" ဆရာ ဆက်ပြောရမလား"

အတွေးစ ထဲနစ်နေတဲ့ သူ့ပုံစံကို စကားထောက်လိုက်တာမို့အားတုံ့အားနာပင်ဖြစ်သွားရသည်။

  "Willis "(Completed)Where stories live. Discover now