ဘယ်သူမဆို ဘယ်သူ့ကိုမဆို ချစ်ခွင့်ရှိတယ်
ဆိုတာငါနားလည်ပါတယ်

ယောကျာ်းနဲ့မိန်းမပဲချစ်လို့ရတယ်လို့ကမ္ဘာလောကကြီးကသတ်မှတ်ထားတာမှမဟုတ်တာ
လောကသဘာဝအတိုင်းအဖြစ်များလို့အစဉ်ထုံး
တမ်းတစ်ခုလိုဖြစ်သွားတာလောက်ပဲ...

နောက်ပြီးအဲ့ဒီအစဉ်ထုံးတမ်းကိုလဲလုံးဝဖျက်ပစ်
လို့မရပါဘူးလို့ ဘယ်သုတေသနပညာရှင်မှ
မှတ်တမ်းမတင်ခဲ့ဘူးလေ

နောက်ပြီးမင်းစိတ်ပူမနေနဲ့မူးရောသူ့ညီလေး
ရောသူတို့နှစ်ယောက်အဆင်ပြေမှာပါ"

"သူတို့နှစ်ယောက်အဆင်ပြေမှာကိုပဲငါစိုးရိမ်
နေတာ"

ထိန်းချုပ်ရခက်သည့်လေသံအနိမ့်အမြင့်များဖြင့်
စကားပြောနေသောအရှိုက်နက်ကိုကြည့်ပြီး
သွေးသစ်ပိုင်စိတ်မကောင်းဖြစ်နေသည်မှာ
အမှန်...

"ဘာဖြစ်လို့လဲ မင်းပဲမူးကိုချစ်တယ်ဆို"

"ဟုတ်တယ် ငါမူးကိုချစ်တယ်
ဒါပေမဲ့ မူးနဲ့အတူပျောက်သွားတဲ့မင်းထိုက်စံကလည်းမူးကိုချစ်နေတာ နောက်ပြီးသူတို့ပျောက်
သွားတဲ့နေ့စွဲကိုရဲစခန်းကပြောပြတာက
အဲ့ဒီနေ့ အဲ့ဒီနေ့က အဲ့ဒီနေ့က ငါနဲ့မူး ချစ်သူစ
ဖြစ်တဲ့နေ့ကွ

မင်းထိုက်စံကမူးတို့အိမ်မှာထမင်းလာစားပြီး
အိမ်ပြန်တော့မူးကခြံထဲအထိလိုက်ပို့ပေးတာတဲ့
ပြီးတော့အဲ့ဒီမှာနှစ်ယောက်လုံးပျောက်သွားကြတာပဲ

ငါ့အထင်တော့...မင်းထိုက်စံ မူးကိုအတင်းခေါ်
ပြီးထွက်ပြေးသွားပြီထင်တယ်"

တဖြည်းဖြည်းသွေးပျက်လာသောသူငယ်ချင်း
ကြောင့်သွေးသစ်ပိုင်လဲမောင်းနေသောကား
ကိုလမ်းဘေးတစ်နေရာမှာထိုးရပ်လိုက်ပြီး...

"ဒီမှာ မင်းကိုငါပြောရဲတယ်
မူးသာမင်းကိုတကယ်ချစ်ရင် သူမင်းကို
သေချာပေါက်စွန့်လွှတ်မှာမဟုတ်ဘူး"

မူးရဲ့ညီဖြစ်သူကမူးကိုချစ်နေတယ်...
ပြီးတော့မူးကိုခေါ်ပြီးထွက်ပြေးသွားတယ်...
ဗလုံးဗလဲဖြစ်နေသောထိုစကားများကိုသွေး
သစ်ပိုင်နားမလည်နိုင်ဖြစ်နေပါသော်လည်း
သွေးဆူနေသောသူငယ်ချင်းကိုအနာပေါ်ဆား
ပက်သလိုပိုပြီးစိတ်ထိခိုက်အောင်လုပ်မိမည်ကိုစိုး၍ နောက်မှကိုယ်တိုင်ပဲစုံစမ်းတော့မည်ဟု
တွေးလိုက်သည်...

"အရှိုက် မင်းစိတ်ကိုထိန်းစမ်းပါကွာ
အချစ်ကဘဝမဟုတ်ပါဘူး..."

"ဘာလို့လဲ ဘာလို့လဲ ဘာလို့ငါဖြစ်နေရတာလဲ
ဒီလိုအရာတွေဘာလို့ငါ့မှပဲ ငါ့ကျမှပဲလာဖြစ်
နေရတာလဲ တခြားလူတွေလည်းချစ်ရသူရှိရင်
အဲ့ဒီလူနဲ့လက်ထပ်ပြီးဘဝကိုအရိုးရှင်းဆုံးဖြတ်
သန်းကျတာပဲလေ...

ဒါပေမယ့်ငါကတော့ဘာလို့အဲ့ဒီလိုလုပ်လို့မရတာလဲ

ငါကချစ်ဖို့မထိုက်တန်လို့လား...
ဒါမှမဟုတ်အချစ်ကြောင့်ပျော်ရွှင်နိုင်ဖို့က
ငါ့အတွက်မဟုတ်ဘူးလို့များကန့်သတ်ထား
လို့လား ဟမ်

ငါကရောချစ်ချင်တယ်ထင်လို့လား
နှလုံးသားကအတင်းအကျပ်ကိုဆန့်ကျင်နေခဲ့
တာ

နောက်ထပ်မချစ်မိအောင်ကိုယ့်ကိုကိုယ်ထိန်း
ချုပ်ခဲ့ပေမဲ့ မရဘူး နှလုံးသားကမရဘူး

ငါ မူးကိုတကယ်ချစ်တာပါ
နန်းရတီအပြင်မူးဆိုတာရှိခဲ့ပေမဲ့
မူးအပြင်တခြားဘယ်သူမှမရှိနိုင်တော့ဘူး

ငါချစ်တဲ့လူကငါ့ကိုပြန်ချစ်တာတောင် ဘာလို့
ငါတို့တွေမဆုံနိုင်ရတာလဲကွာ...
.
.
.
ငါမူးကိုချစ်ခဲ့တာပါ
.
.
.
တကယ်ကိုချစ်ခဲ့တာပါ...တကယ်ကို"

ယောကျာ်းသားတစ်ယောက်ဖြစ်ပါလျက်နှင့်
ကားပေါ်၌မျက်ရည်များဖြင့်ရှိုက်ငင်နေပါသော
အရှိုက်နက်၏ခံစားချက်အားမည်သူနားလည်
ကိုယ်ချင်းစာပေးနိုင်ပါမည်နည်း...

သွေးသစ်ပိုင်လည်းသူငယ်ချင်းဖြစ်သူကိုကြည့်
ပြီးစိတ်မကောင်းဖြစ်ရုံမှလွဲ၍
ဘာမှမတတ်နိုင်ခဲ့...

အရှိုက်နက် မင်း အရင်နှစ်တွေတုန်းကလို
တော့မဖြစ်မိစေပါနဲ့ကွာ...

ဒီတစ်ခါမင်းထပ်ပြီးပြိုလဲခဲ့ရင်
ငါCanadaကိုပြန်သွားနိုင်တော့မယ်လို့
မထင်ဘူး...

အချစ်တို့ကိုဖြစ်တည်စေခဲ့သူကဘယ်သူလဲ
ဆိုတာတော့ငါမသိဘူး ဒါပေမယ့်
သူကမာနကြီးပြီးသဘောမကောင်းဘူး...

လူတစ်ယောက်ကတခြားလူကိုတစ်ဖက်
သတ်ချစ်မှမဟုတ်ဘူး
နှစ်ဦးနှစ်ဖက်အပြန်အလှန်ချစ်ရင်တောင်
သူငြင်းပယ်ရင် အဲ့ဒီလူတွေမလွဲမသွေခွဲခွာ
ကြရတယ်...

အဲ့ဒါ မင်းကိုနားလည်စေချင်တယ်...

Sugar...Where stories live. Discover now