"ဒါဆို.... တန့်​​ခေါင်း​ဆောင်​က ဘယ်​လိုလုပ်​မှ ​ဆေးကု​ပေးမှာပါလဲ?...."
         
လူအုပ်​ထဲက စိတ်​မရှည်​​တော့တဲ့ လူတ​ယောက်​က ဖြတ်​​ပြော​လေတယ်​။ သူတို့ကြားထဲက တ​ယောက်​မှ အတင့်​မရဲ ရဲဘူး။
         
သူတို့ တခုခု လုပ်​လိုက်​လို့ တန့်​တုန်း ​ဆေးမကု​ပေးမှာ ​ကြောက်​တယ်​။ ​နောက်​ပြီး ဒီအရပ်​မှာ ဒီတောင်ပေါ်မှာ သူတို့အနီးနားမှာ ပြည့်​နက်​​နေတဲ့ အဆိပ်​​ကောင်​​တွေက သူတို့​ပေါ် ဘယ်​​တော့ တွားသွားတက်​လာမလဲဆိုတာ စိုးရိမ်​​နေကြတယ်​။
        
ဒါ​ပေမယ့်​ ​ကျောက်​ယွင်​ချီ အတွက်က​တော့ အရာရာတိုင်းဟာ စိတ်​လှုပ်​ရှားစရာ စိတ်ဝင်စားစ၇ာ ​တွေချည်းပဲ။ အကယ်​၍ ယွမ်​​ဆွေဖုန်းကသာ သူ့ကို မဆူထားဘူးဆိုရင်​​တော့ သူဟာ သစ်​ပင်​​ပေါ် တွားသွားတက်​ပြီး​​နေပြီး၊ ​ကျောက်​​ဆောင်​​တွေ​ပေါ်တက်​ပြီး သူ့မျက်​စိအမြင်​မှာ စိတ်​၀င်​စားဖို့​ကောင်းတဲ့ အ​ကောင်​ငယ်​၊ အင်းဆက်​ပိုး​ကောင်​​တွေ၊ ​မြွေဘုရင်​၊ ​ရောင်​စုံတဲ့ ကင်းမြီး​ကောက်​​တွေ ​နောက်​ပြီး အမည်​မသိတဲ့ အ​ကောင်​ပ​လောင်​​တွေ အစုံနဲ့ ကစား​နေပြီ။
        
" ငါနဲ့လိုက်​ခဲ့"
  ပင်းအယ်​က တန့်​တုန်း လှည့်​ထွက်​သွားပြီး​နောက်​ လူအုပ်​ကို ​အေးစက်​စက်​ အကြည့်​​တွေနဲ့ ကြည့်​ပြီး ​ပြောလိုက်​တယ်​။

လူတအုပ်​က တိတ်​ဆိတ်​ငြိမ်​သက်​စွာပဲ တန့်​တုန်းနဲ့ ပင်းအယ်​တို့ရဲ့ ​နောက်​ကို လိုက်​သွားတယ်​။ ​တောင်​တခုလုံး အဆိပ်​ရှိ သတ္တ၀ါ​တွေ၊ ရိုင်းစိုင်းတဲ့ သတ္တ၀ါ​တွေနဲ့ ပြည့်​​နေတာ​တွေ့​တော့ တ​ယောက်​မှ ဆူညံခြင်း မပြုဝံကြဘူး။
        
သူတို့သွား​နေတဲ့ လမ်းတ​လျှောက်​လုံး ​မြွေ​တွေ ... ပြီး​တော့ ​ပြောမပြတတ်​တဲ့ အ​ကောင်​​တွေရဲ့ 'ရှလဲ ရှလဲ' မြည်တဲ့ တွားသွားသံ​တွေပဲ ကြား​နေရတယ်​။ ယွမ်​​ဆွေဖုန်း နဲ့ ​ကျောက်​ယွင်​ချီကလွဲပြီး အဲ့ဒီအသံ ကကြားရတဲ့ သူတိုင်းကို အရိုးထဲစိမ့်​​အောင်​ ​ကြောက်​လန့်​စေပြီး ဘယ်​သူမှ အတင့်​ရဲစွာ  အသံမထွက်​ရဲက​တော့ဘူး။
       
" ​ပြောရမယ်​ဆိုရင်​​တော့ ငါ့ရဲ့ စည်းကမ်းက အရမ်းလွယ်​ပါတယ်​..... " ​ပြောရင်း တုန်းဇီက ချောက်ကမ်းပါးစွန်းထိပ်မှာ ၇ပ်လိုက်တယ်။ ချောက်အောက်မှာတော့ မြစ်​ငယ်​လေး တစင်း စီးဆင်းနေ​တယ်​။ သူဟာ သူ့​ရှေ့က မြူနှင်းတွေ ပိန်းပိတ်မတတ်​ မြူခိုးတွေနဲ့ ဝေ​နေတဲ့ မြစ်​ကို ညွှန်​ပြပြီး ညစ်ကျယ်ကျယ် ပြုံးကာ " မင်းတို့အထဲက ဘယ်​သူဖြစ်​ဖြစ်​ ဒီမြစ်​ထဲ ခုန်​ချရဲမယ်​ ဆိုရင်​​တော့ ငါဟာ အဲ့ဒီလူရဲ့ လူနာကို ​ပျောက်​​အောင်​ ကုသ​ပေးမယ်​....."
     
  ပိုင်​ရွဲ့​ခေါင်း​ဆောင်​ရဲ့ စည်းကမ်းက ဒါပဲ ? ဒီ​လောက်​တောင် လွယ်​တယ်​​ပေါ့ ?
       
ဒါ​ပေမယ့်​ ​သေချာစဉ်းစားမယ်​ဆိုရင်​တော့ ဘာ​ကြောင့်​ ဒီ​လောက်​နှစ်​​တွေ အကြာကြီးမှာ ဘယ်​သူတဦးတ​ယောက်​ကမှ သူ့ရဲ့ ကုသမှုကို မခံယူဖူးကြတာလဲ ?
       

Idiot Seme Where stories live. Discover now