Prologue

23K 1.1K 45
                                    

Zawgyi

ဓားကိုမြှောက်ကာ စစ်ပွဲ၏ အောင်နိုင်မှုသည် မည်သူ့လက်ထဲတွင် ရှိကြောင်း ဝံ့ကြွားသည့်ဟန်၊ သံခမောက်ကို ချွတ်လိုက်ချိန်တွင် စစ်ပွဲကို အဆုံးသတ်လိုက်သည့် တိုင်းပြည်ကို အသစ်ပြန်လည်တည်ထောင်မည့် ဘုရင်တစ်ပါး၏ မျက်နှာထွက်ပေါ်လာသည်။ ဓားမြှောက်လိုက်သည်နှင့် နီရဲသည့် အလံတို့ကို လွှင့်မြှောက်ကြသည့် ရဲမက်များ။ ထို့နောက် တခဲနက် အော်ဟစ်ကြသံ။ စစ်ပွဲသည် အဆုံးသတ်ချေပြီ။ အဆုံးသတ်လေပြီ။

သူ့ခြေရင်းရှိ ရန်သူတို့၏ အလောင်းကို သူ ကြည့်ပြီးနောက် ပုစွန်ဆီရောင်တောက်နေသည့် ကောင်းကင်ကို မော့ကြည့်၏။ လေအဝေ့တွင် စည်းနှောင်းထားသည့် ရွှေဝါရောင်ဆံနွယ်တို့က တလွင့်လွင့်... သူသည် ယခုအချိန်မှစပြီး မျှတသည့် အုပ်ချုပ်မှုစနစ်ကို ထူထောင်တော့မည်။

The End...

Comment - 1 : ဘယ်လို... ဘယ်လို... ဒါ ဘယ်လိုဇာတ်သိမ်းလဲ! ဘယ်မှာလဲ မင်းသမီးနဲ့ညားမှာ! ဘယ်မှာလဲ ကျေးလက်က ကောင်မလေး...

Comment - 2 : သူ့ကို ကူညီနေတဲ့ မင်းသမီးတွေ ဘယ်ရောက်သွားလဲ!

Comment - 3 : မှော်ဆရာလေးနဲ့ ပေးညားရင်လည်း ညားလေ!

Comment - 4 : Fujoshi တွေမုစမ်း တွေ့ကရာ ယောကျာ်းပေးစားမနေနဲ့ ဒါ မောင်းမတော်ဇာတ်လမ်း သွား! ကိုယ့်နေရာကိုယ်နေ...

Comment - 5 : ငါတို့ဘာသာ ယောကျာ်းပေးစားတာ ဘာဖြစ်လဲ! ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ်ပဲ! နင့်ပေးစားမဲ့သူ မရှိလို့လား!

Comment - 6 : နှာဘူးမတွေ!

"မအေးဘူးလား..."

Computer ရှေ့တွင် Shirt အဖြူတစ်ထည်ဖြင့် ခုံပေါ်ခြေတစ်ဖက်တင်ကာ ဒူးပေါ်မေးတင်ပြီး Screen ကိုကြည့်နေသည့် ကောင်လေးတစ်ယောက်ကို အနောက်မှ ယောကျာ်းလေးတစ်ဦးက သိုင်းဖက်ကာ မေးသည်။

"အင်း မအေးပါဘူး..."

သိုင်းဖက်သည့် လက်ကို အရေးမစိုက်ဘဲ Computer Screen မှအကြည့်မခွာဘဲ ဖြေသည့် ထိုကောင်လေး၏ လည်ကုတ်သားဖွဖွကို နမ်းရှိုက်သည့် ဖက်ထားသည့်သူ။

"ယားတယ်..."

လူးလွန့်ကာ အနမ်းကိုရှောင်တော့ အနောက်ဘက်ရှိသူသည် ခပ်ဖွဖွရယ်၏။

Schmaltz [Own Creation]Where stories live. Discover now