1

3.1K 252 27
                                    

တောင်​ကိုရီးယားနှင့်​မြောက်​ကိုရီးယားကြား နယ်​နိမိတ်​ကန့်​သတ်​ရာ နယ်​စပ်​ဒေသ ။
​ဒေသတွင်း အကြီးအကဲတချို့နှင့်​ရဲဝန်​ထမ်းများ မိုးလင်းကတည်းက မြို့တွင်း၌​ခြေရှုပ်​နေခဲ့ကြသည်​။
အ​ကြောင်းအရင်းမှာ​တောင်ကိုရီးယားနိုင်​ငံ၏​တော်​ဝင်​မင်းသား Wu Yifanသည်​နယ်​စပ်​ဒေသဖွံ့ဖြိုး​ရေးနှင့်​ငြိမ်းချမ်း​ရေးအတွက် အန္တရာယ်များလှ​သော နယ်​စပ်​ဒေသသို့ ကိုယ်​တိုင်​လာ​ရောက်​စစ်​ဆေးမည်​ဟု သတင်းရရှိထား၍ဖြစ်​သည်​။

သက်​တော်​ငယ်​ရွယ်​သောမင်းသားဖြစ်​၍ ထက်​မြတ်​ကာ ပြတ်​သားသည်​။​ပြည်​သူများအ​ပေါ်​နွေး​ထွေးကြင်​နာကာ လိုအပ်​သည်​များကို အလျဉ်းသင့်​သလို​ထောက်​ပံ့လှူဒါန်းခြင်းများပြု​သော​ကြောင့်​တော်​ဝင်​မိသားစုအတွက်​မျက်​နှာပန်းအလွန်​လှ​သော ပြည်​သူ့အချစ်​တော်​မင်းသားတပါးဖြစ်​သည်​။ ထိမ်းမြားလက်​ထပ်​မင်္ဂလာမပြုရ​သေး​သော လူပျို​ပေါက်​အရွယ်​ဖြစ်​သည့်​အပြင်​ခံ့ညားလှ​သောရုပ်​ရည်​သွင်​ပြင်​ကြောင့်​ပါ ပျိုရွယ်​ပြည်​သူများကြား​ကျော်​ကြား​သေးသည်​။

နယ်​စပ်​ဒေသတွင်းလမ်းမကြီးများ၏တဖက်​တချက်​စီတွင်​စစ်​သေနတ်​ကိုင်​ဆောင်​သော တပ်​သားများ စီတန်းကာ ရပ်​နေကြသည်​။ မကြာမီ​တော်​ဝင်​မင်းသားစီးနင်းလိုက်​ပါလာ​သောယာဉ်​နှင့်​တကွ အကြီးအကဲများ မြို့တွင်းသို့ ဝင်​ရောက်​လာ​တော့မည်​ဖြစ်​သဖြင့်​ဘေးကင်း​ရေးအတွက်​အရံသင့်​စောင့်​ကြည့်​နေရခြင်း ။

များမကြာမီ အချက်​ပေးကားမီးသံများနှင့်​ယာဉ်​အတန်းလိုက်​မြို့တွင်းသို့ ဝင်​ရောက်​လာကြသည်​။ တပ်​သားများနှင့်​အတူ လမ်းတဖက်​တချက်​မှာ လာ​ရောက်​ကြိုဆိုကြ​သော ပြည်​သူများမှာလည်း တခဲနက်​ပင်​။​မြို့တွင်းသို့ ဝင်​လာသည်​နှင့်​မင်းသားWu Yifanသည်​ကားမှန်​ကိုအသာချရင်း ပြည်​သူများအား​နွေး​ထွေးစွာ လက်ပြနှုတ်​ဆက်​ခြင်းအား ပြုသည်​။ မြို့​နေပြည်​သူလူထုမှာ ၄င်းတို့၏အခက်​အခဲများအား​ဖြေရှင်း​ပေးမည့်​မိုးကျ​ရွှေကိုယ်​သဖွယ်​ပျော်​ရွှင်​စွာ ကြိုဆိုကြ​လေသည်​။

Royal Universe(KRISYEOL)Where stories live. Discover now