#Unicode
ပင်လယ်လှိုင်းတွေကျောက်ဆောင်ကိုလာလာ
တိုက်ခတ်တာမို့ကျောက်ဆောင်ရဲ့ပဲ့တင်သံကကမ်းခြေတစ်ခုလုံးကိုလွှမ်းမို့လျှက်အနေအထားပင်...။
သူနဲ့kookieကကော...သူတို့နှစ်ယောက်ရဲ့
ဘဝကိုပမာနှိုင်းရမယ်ဆိုရင် အခုပုံစံနဲ့အလား
သဏ္ဍာန်တူတယ်လို့ဆိုရမလားပဲ...။
လှိုင်းလုံးတွေကကျောက်ဆောင်ကိုအကြောင်းအရင်းမရှိပဲလာလာတိုက်ခတ်သလိုမျိုးပေါ့...။
Park Jiminဆိုတဲ့ကိုယ့်ဘဝထဲကိုညီအစ်ကို
ဆိုတဲ့အကြောင်းပြချက်နဲ့ဝင်ရောက်လာတဲ့
ကလေးက တစ်ချိန်မှာPark Jiminဆိုတဲ့ကိုယ့်ရဲ့ဘဝကိုလုံးပါးပါးအောင်လုပ်မယ့်သူစိမ်း
တစ်ယောက်မှန်းသိခဲ့ရင်...
Park Jiminဆိုတဲ့ဒီလူသားရဲ့နှလုံးသား သွေး
စိမ်းရှင်ရှင်ထွက်အောင်လုပ်ဆောင်မယ့်
ဓားသွားတစ်လက်သာဖြစ်ခဲ့မယ်ဆိုရင်...
Hyungလေ Hyungလေ သိသိရင်းနဲ့မသိချင်
ယောင်ဆောင်ပြီးမိုက်ရူးရဲဆန်ဆန်ချစ်မိနေဦးမယ်ထင်တယ်ကလေးငယ်...။
အတိတ်ဆိုးလို့မမည်တဲ့Hyungတို့ရဲ့ငယ်စဉ်
တောင်ကျေးကလေးဘဝလေးကိုတစ်ကျော့
ပြန်သွားကြည့်ချင်တယ် Hyungမင်းကိုသိပ်
လွမ်းလွန်းလို့လေ...။
____________________________IF You
ကောင်းကင်တစ်ခွင်ဇင်ယော်ငှက်လေးတွေဟာပင်လယ်ပြာပြာကြီးကိုပနံသင့်စွာအလှ
ဆင်ရင်းအော်ညည်းတွန်မြည်းနေသည်မှာရုပ်
ကြွတဲ့ပန်းချီကားတစ်ချပ်အလား...။
ထိုပန်းချီကားတစ်ချပ်အရင်းတည်ရာကောင်း
ကင်နဲ့ပင်လယ်ပြာပြာကြီးရဲ့ဋီကာကကျွန်တော်နေထိုင်ရာ ဂျယ်ဂျူဒို ဆိုတဲ့တံငါရွာလေး
ရဲ့နံဘေးပေါ့...။
ပင်လယ်လေနှင့်အတူဆောင်းလေညှင်းကပါ
ရောယှက်တိုက်ခတ်လာသည်မို့စွပ်ကျယ်နဲ့
ဘောင်းဘီတိုသာဝတ်ဆင်ထားတဲ့ကျွန်တော်
ဟာတုန်တုန်ရီရီနဲ့ကျောက်ဆောင်လေးပေါ်
မှာထိုင်နေမြဲပဲ...။
ုပြီးတော့...ကျွန်တော်ငိုနေမိတာ
အိမ်ဆိုတာကျွန်တော့်အတွက်ငရဲသာသာမို့
အိမ်မပြန်ချင်ပဲပင်လယ်နံဘေးကကျောက်
ဆောင်လေးပေါ်လာလာထိုင်နေမိတဲ့နေ့ရက်
တွေဟာလည်းလက်ချိုးရေတွက်လို့ပင်ကုန်
နိုင်မည်မထင်ပါ...။
