👑5(1)(Zawgyi & Unicode)

Start from the beginning
                                    

Chanyeolသည်လည်း အေးစက်စက်မျက်နှာထားနဲ့ပင် sehunနောက်မှလိုက်၍ဝင်သွားသည်

အိမ်တော်ရှေ့တွင်ကျန်ခဲ့သူကတော့ luhanနဲ့Hyun

"Luhan မင်းသားoh ကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ?"

Hyun အမေးကို luhanက မဖြေဘဲနှင့် မျက်နှာနုနုကို ရူံမဲ့ပြကာ အိမ်တော်ထဲသာ ဝင်သွားတော့သည်

Hyun ပါ အမြန်လိုက်ဝင်လိုက်ကာ

သူတို့တွေကို hyunရဲ့စာကြည့်ဆောင်ဆီသို့သာ
ခေါ်သွားလိုက်တော့သည်

Hyunရဲ့စာကြည့်ဆောင်သည် အိမ်တော်ရဲ့ ညာဘက်ခြမ်း၌တည်ဆောက်ထားပြီး စာကြည့်ဆောင်အနီးတွင် hyun အပန်းဖြေရန်အတွက် ရေကန်လေးပါ တည်ထားကာ ငါးလေးတွေလဲ မွေးထားတာမို့ hyunရဲ့စာကြည့်ဆောင်လေးသည် တိတ်ဆိတ်ပြီးလှပသည့်နေရာတွင်ရှိသည်

Sehunပါရောက်နေသည်ဆိုသည့်အတွက် hyun's ommaသည် အိမ်တော်မှာ ရှိသမျှမုန့်တွေကိုလာချပေးထားပြီး
Hyun's ommaရဲ့ အကောင်းဆုံးလက်ရာဖြစ်တဲ့ နှင်းပျားရည်မုန့်နဲ့ ဂန္ဓမာ လက်ဖက်ရည်ကိုလဲ အထူးတလည် ပြင်ဆင်ပေးခဲ့တော့သည်

Luhanမှာ မုန့်ကိုထိချင်ပါသော်လည်း
Sehunက စမစားသေးသဖြင့် မထိရဲ မကိုင်ရဲ ဖြစ်ကာ ပါးစပ်တပြင်ပြင်ဖြစ်နေတော့သည်

ထိုအခြေအနေကို ရိပ်ကဲမိသည့် sehunသည် နှင်းပျားရည်မုန့်တခုကို ယူလိုက်ပြီး luhanကို လက်လှမ်းပေးလိုက်သည်

Luhanသည် မဝံ့မရဲ လက်ခံရင်း ကျေးဇူးတင်ကြောင်း အသံတိုးတိုးဖြင့်ပြောသည်

Chanyeolမှာတော့ မုန့်များကို လက်ဖျားနှင့်တစက်ပင် မထိပဲ စားပွဲခုံက သိပ်စိတ်ဝင်စားစရာကောင်းနေသည့်ပုံနှင့် စားပွဲခုံကိုသာ စိုက်ကြည့်နေတော့သည်

ခဏအကြာမှာတော့ sehunသည် မတ်တပ်ထရပ်လိုက်ကာ

"ကိုယ်တို့် ရေကန်ကိုသွားကြည့်ရအောင် luhan "

King👑(Zawgyi&Unicode)Where stories live. Discover now