လန်​ကျန့်​က ပလ္လင်​​ပေါ်တွင်​ ၀င့်​ဝင့်​ကြွားကြွား ထိုင်​​နေရင်း

" အခု....ချင်​နိုင်​ငံက ငါ့နိုင်​ငံ ဖြစ်​သွားပြီ...ငါ့အမိန့်​ကိုပဲ နာခံရမယ်​..."

ဝေ့ရင်း​ကား ပုံမှန်​မဟုတ်​​သော သူ့မျက်​၀န်းအ​ရောင်​ကို သတိထားမိ​နေသည်​မှာကြာပြီ....။ နက်​​စွေး​စွေးအ​ရောင်​သို့ တစ်​ဖြည်းဖြည်း​ပြောင်းလလာခဲ့သည်​မှာ
အခု...အနက်​​ရောင်​ တစ်​ဖျတ်​ဖျတ်​​တောက်​​နေ​ပေပြီ..။

တော်​၀င်​.ဘုရင်​ဟူ​သော ဂုဏ်​များ​ကြောင့်​​မော်​ကြည့်​ဖူးသူရှားလိမ့်​မည်​...။ လန်ကျန့်​​​အ​ကြောင်း
စေ့​စေ့စုံစုံသိသူမှာ...ရှား၏....။

ဝေ့ရင်းက...နံ​ဘေးမှ စစ်​သည်​တစ်​​ယောက်
ကိုင်​ထား​သော လှံကို ဖျတ်​ခနဲဆွဲယူကာ
ရှင်းယွမ်​ထိုင်​​နေရာ ပလ္လင်​ထက်​သို့ လွှားခနဲ
ခုန်​တက်​သွားပြီး.လန်ကျန့်​​​၏လည်​ပင်းကို ​ထောက်​ထားလိုက်​သည် ။

လူအများ၏အာမေဋိတ်တို့က....မသဲမကွဲ...အများအမြင်​တွင်​...မိမိက ဘုရင်​ဖြစ်​ချင်​လို့ ထမင်း​ကျွေးတဲ့လက်​ကို ပြန်​ကိုက်​မဲ့ပုံစံ..

လှံကိုမြဲ​အောင်​ကိုင်​လိုက်​ရင်း...

" မင်းကြီး...ကျွန်​​တော်​မျိုး ထီးနန်းကိုသိမ်းပိုက်​ချင်​ပါတယ်​ ​"

သူက မထိတစ်​ထိနှင့်​ ပြုံးပြီး..

" ငါ​တော်​​ကောက်​ထားတဲ့ ကြင်​ယာ​တော်​က
ယောက်ျား​လေးဖြစ်​​နေတာ မှားတာပဲ တုံးအလိုက်​တာ....အခုအချိန်​ငါ အမိန့်​​ပေးလိုက်​ရင်
မင်းရဲ့​ခေါင်း ပြုတ်​သွားလိမ့်​မယ်​ဆိုတာ သိရဲ့လား.. "

" သိပါတယ်​ အရှင်​...အရှင့်​ရဲ့ကြင်​ယာ​တော်​အဖြစ်​ ထီးနန်းပလ္လင်​ကို ရချင်​ပါတယ်​ "

" ဟား ဟား....ဟား...ဟား..."

ဟီးတိုက်​ရီလိုက်​​သော ​လှောင်​သံသည်​ နားထဲသို့
ခါးသက်​စွာ​ရောက်​လာ၏...။ ဒါက...ငါ့ကို​လှောင်​တာ....

" အခုတိုက်​ရင်​လဲရတယ်​​နော်​....အချိန်​မ​ရွေးဘူး "

" ဪ...ငါ​ရွေးထားမိတဲ့ ကြင်​ယာ​တော်​က
တော်​​တော့အဆိပ်​ပြင်းတာပဲ...​ကောင်းပြီ​လေ..
ဒီပလ္လင်​ကို ...ငါမယူပါဘူး...ဒါ​ပေမဲ့....လိုချင်​တယ်​ဆို​တော့လဲ...​ကောင်းပြီ​လေ.....တိုက်​ခိုက်​ကြည့်​​ပေါ့.. "

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Hikayelerin yaşadığı yer. Şimdi keşfedin