Part...3 (Unicode)

Start from the beginning
                                    

"Company မှာ အခုရက်ပိုင်း ကိစ္စလေးတွေရှိလို့ အဲ့ဒါ တီလေး နေ့တိုင်းသွားရမှာ Hunnie ကျောင်းနောက်ကျမှာစိုးလို့ပါ''

"ဟုတ်ကဲ့''

"ဒါဆို Baek ကရော''

"မိBaek ကေတာ့ တီလေး ပဲ ကျောင်းဝင်ပို့ပေးမယ်''

"ဟွန့်''

"နှုတ်ခမ်းကို ဆူမနေနဲ့ လမ်းကြောင်းတူတာပဲဟာ''

"တီလေးကလည်း''

Sehun ကျောင်းကားနှင့်သွားလို့ရပြီဖြစ်ကြောင်းကို Mark အား ph ဆက်ပြောလိုက်သည်။

"မနက်ဖြန်ကျရင်တော့ Mark ကို ph သုံးတာ သင်ခိုင်းမှပဲ ခုဟာက ph ဆက်တာကလွဲပြီး ကျန်တာ မလုပ်တတ်''

"ကိုကို ကေတာ့ မိုက်သွားပြီနော်''

"ဘာကိုလဲ Baek ရဲ့''

"လွတ်လပ်သွားပြီဆိုတော့ ဟို အကိုနဲ့အခြေအနေပေးရင်တွေ့လို့ရပြီလေ''

"ဟာ ညီမလေးကလည်း ''

"ဟီး ငါ့ကိုကိုကရှက်နေတာပဲ''

မနက်ကျောင်းကားလာတော့ နေရာ အဆင်သင့်ဦးထားသော Mark ကိုတွေ့လေသည်။

"Sehun ဒီနားကိုလာခဲ့''

"omm''

ရှပ်အပြာကွက် နှင့် မျက်မှန်ပါတပ်ထားသော Sehun ပုံက တခြားသူတွေဘယ်လိုမြင်မလဲမသိ နောင်ဆုံးဘက်မှာထိုင်နေတဲ့ ကောင်လေးကတော့ သေချာကြည့်နေလေသည်။

"Mark ငါ့ကို ဒါလေး တစ်ချက်လောက်ပြပါအုံး''

နှစ်ယောက်သား ကားပေါ်မှာ စကားပြောရင်းလိုက်လာတာ ပတ်ဝန်းကျင်တောင်သတိမထားမိ

ထိုအချိန်ကောင်မလေးတစ်ယောက်တက်လာမှ

"ဟဲ့ အဲ့ဒါငါတို့နေရာ ဖယ်ပေး''

Sehun အသံကြား၍ လှမ်းကြည့်မိတော့
မျက်နှာမှာ ရောင်စုံခြယ်ထားပြီး အတိုအပြတ်ဝတ်ထားတဲ့ ကောင်မလေးတစ်ယောက်

"နောက်မှနေရာတွေလည်းရှိတာပဲ ဒါနင်တို့နေရာလို့ ရေးထားလို့လား''

"နင်တို့ နှစ်ကောင်က တော်တော်ရှည်တာပဲ ဖယ်ဆိုဖယ်ပေးပေါ့''

"နင်...''

"လာပါ Mark ရယ်''

Sehun လည်း စကားမများချင်တာကြောင့် Mark ကို ခေါ်ကာ နောက်သို့ပြောင်းထိုင်လိုက်သည်။

ချစ်ခဲ့ဖူးပါသည် (Complete) Where stories live. Discover now