PUZZLE

104 9 0
                                    

EPISODE (2)

မိုးမသည်းတဲ့ ကိုယ့်ကန္တာမှာ တစ်ပါးသူရဲ့ သွေးနဲ့
ခြေလက်ဆေးဖို့ တွန့်ဆုတ်နေရင် ကိုယ်မကြိုက်ဘူး

ဝေလီဝေလင်း အာရုံဦးရဲ့ အဝင်ဖုန်းခေါ် တစ်ခု

"ကောင်းပြီ အခုချက်ချင်း ငါလာခဲ့မယ် "

"kim ဂျပန် သွားမယ် အဆင်သင့် လုပ်ထား "

"Nae သူငှေး "

မြောက်မြား လှစွာသော အလုပ်တွေထဲကတစ်ခု ကို့
အလုပ်က သိပ်လွယ်တဲ့ အလုပ်တော့ မဟုတ်ဘူး
လျှောက်လမ်းက သေးမင်းခံတွင်းဝ မှာ ကိုယ်နဲ့
မရင်းနှီးတဲ့ ဟန်ဆောင်ခြင်းအလုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ အသက်ငါးဆယ် အရွယ် သူငှေး
တစ်ယောက်........

"ဟေ့ Baekhyun ဒီနားက ပန်းအိုးလာရွှေ့ပေး"

အဲ့လိုပဲ သူငှေး အပြင်ထွက်ပြီ ဆိုတာနဲ့ ကြီးနိုင်ငယ်ညဉ်း အကျင့်တွေက တန်းပေါ်လာတာပဲ ကျနော် အိမ်တော် ရောက်တာ သိပ်တော့ မကြာသေးပါဘူး
ပြောသာ ပြောရတာ အိမ်တော်ရောက်ကတည်းက သူငှေး ဆိုတဲ့ လူနဲ့ တခါမှ မဆုံဖူးဘူး အဲ့ဒါထားပါ
လေ ကိုယ်ကတာဝန်နဲ့ လာတာဆိုတော့ ကိုယ့်တာဝန်ပြီး တာနဲ့ ဒီအိမ်တော် ကနေ ထွက်နိုင်အောင်
ကြိုးစားရမှာပဲ ပြောသံ ကြားရသမျှ အိမ်တော် နဲ့ ပတ်သတ်တဲ့ အကြောင်းတွေ က ကြက်သီး ထဖွယ်စကားလုံးတွေ ...

PUZZLE....

"Baek မောနေပြီလားရော့ "

Xing hyung ပေးတဲ့ဘအအေးဗူးလေးယူပြီး
ခေါင်းငြိမ့်မိတယ်
Xing hyung က အိမ်တော်ထိန်း အနည်းငယ် တော့ ထူးဆန်းတယ်မလား အိမ်တော်ထိန်း ဆို အသက်ကြီးရမှာ မဟုတ်လား သူငှေးကလည်း အသက်ကြီး တယ်လို့ သိရတာပဲ

"အင်း သိပ်မမောပါဘူး "

"အခုလို လုပ်နေရတာ ပင်ပန်းတယ်မလား "

"ဗျာ "

"ဘာလို့ လန့်ရတာလဲ hyung မေးတာ ပင်ပန်းလားလို့ "

ပင်ပန်းလား ကိုယ်ကို တိုင် တောင် မသိနိုင်အောင်ပဲ
ကိုယ်ရွှေးခဲ့တဲ့လမ်းက ဆူးခင်းလမ်းဆိုလည်း ဆက်လျှောက်ရမှာပါပဲ

"ပင်ပန်းတာလားတော့ မသိဘူး hyung ညဆို အရမ်း အိပ်ကောင်းတယ် ဟီးး "

PUZZLEWhere stories live. Discover now