နှုတ်ခမ်းထောင့်စွန်းလေး ကွေးညွှတ်သွားတိုင်း
အကို ပြုံးနေတာ မဟုတ်မှန်းသိတဲ့အခါ
ကျွန်တော် အကို့မျက်ဝန်းတွေကိုပဲ ငေးနေဖြစ်တယ် . .
'အကို့ ပါးပြင်ပေါ်က အချိုင့်လေးထက်
အကို့ မျက်ဝန်းထဲ ရယ်မြူးရိပ် ဘယ်နှဆပါဝင်သလဲ'
အဲ့လိုမျိုးတွေ ထပ်မစဉ်းစားဖို့လည်း တွေးထားပါတယ် . . .
