Jh-အင်း...ဒါဆိုဒီ​လောက်​ပဲ​နော်​...​နောက်​မှဆက်​​ပြောကြတာ​ပေါ့...အားလုံးသွားလို့ရပြီ

တီးတိုးသံ​တွေနဲ့အားလုံးထွက်​သွားပြီးတဲ့​နောက်​မှာ

Jh-ကဲ....ကိုယ့်​ရဲ့က​လေးကဘယ်​လို​ရောက်​လာတာလဲ​ပြောပါဦး...ရှုတင်​မှာရှိ​နေရမှာဟုတ်​ဘူးလား

Tae-ရှုတင်​ဖျက်​ပစ်​လိုက်​ပြီ

Jh-​ဟော....​ပြောပါဦးဘာ​တွေစိတ်​တိုင်းမကျဖြစ်​လာပြန်​ပြီလဲကိုယ့်​ရဲ့ထယ်​က

Tae-ဓာတ်​ပုံဆရာ​ပေါ့...လူကို​အော်​လား​ငေါက်​လားနဲ့

နှုတ်​ခမ်းတဆူဆူနဲ့က​လေး​တွေဂျီဂျသလိုမျိုးခပ်​စွာစွာ​ပြောလာတဲ့ထယ့်​ကို junghyungတ​ယောက်​အသည်းမယားဘဲမ​နေနိုင်​​တော့....အမြတ်​တနိုးကြည့်​ရင်း

Jh-အဲ့​တော့ထယ်​​လေးကဘာပြန်​​ပြောခဲ့လဲ

Tae-မနက်​ဖန်​ကိုကို့အတွင်း​ရေးမှုးနဲ့​လျော်​​ကြေးပို့​ပေးမယ်​လို့​ပြောလိုက်​တယ်

Jh-ဟား...ဟား...ဟုတ်​ပါပြီကွာ....ခဏ​နေတူတူပြန်​မယ်​ဟုတ်​ပြီလား...ကိုယ်​အလုပ်​​တွေလက်​စသတ်​လိုက်​ဦးမယ်

Tae-ကိုကိုအပြန်​ပင်​လယ်​စာသွားစားကြမယ်​​လေ​နော်​...​နော်​လို့

Junghyungရင်​ဘတ်​အားလက်​ညိုး​လေးနဲ့တို့ကာနှုတ်​ခမ်းတစူစူ​ပြောလာတဲ့ထယ်​.....ထိုလက်​ညိုး​လေးကိုဖမ်းဆုပ်​ကာအနမ်း​ပေးလိုက်​ရင်း

Jh-ထယ်​​လေးသ​ဘော

ကိုကိုအလုပ်​ပြီး​တော့ပင်​လယ်​စာသွားစားဖြစ်​ကြသည်​....ချဉ်​ချဉ်​စပ်​စပ်​စားချင်​ပါ​သော်​လည်းကိုယ်​ကအစပ်​မစားနိုင်​...သုံးလုပ်​ပဲစားရ​​သေးမျက်​ရည်​​တွေပါဝဲချင်​လာသည်​...တရှူးရှူးနှင့်​စပ်​​နေ​တော့ကိုကိုကမစားနဲ့​တော့ဟုဆိုကာ​ရေကမ်း​ပေးလာသည်​...ကိုကို့စကားနားမ​ထောင်​ပဲဆက်​စား​နေ​တော့...ကိုကို​လည်းဘာမှ​မ​ပြော​တော့ဘဲမျက်​နှာ​ပေါ်မှ​ချွေး​လေး​တွေကိုသုတ်​​ပေးလိုက်​...အသား​တွေနွှင်​​ပေးလိုက်...​ရေထည့်​​ပေးလိုက်​နှင့်​အလုပ်​ရှုပ်​​နေခဲ့သည်​....ဗိုက်​ဝသွား​တော့အိမ်​ပြန်​လာလိုက်​သည်​....အိမ်​​ရောက်​​တော့ကိုကို့ommaနှင့်​appaကိုမ​တွေ့၍မေးကြည့်​လိုက်​​တော့ကိစ္စရှိလို့ဂျယ်​ဂျူဘက်​ခဏသွားရသည်​တဲ့...Jeonလည်းပြန်​​ရောက်​​သေးပုံမ​ပေါ်...သို့နှင့်​ဧည့်​ခန်းထဲမှာTVကြည့်​​နေလိုက်​သည်​...ကိုကိုလည်း​ဘေးမှာအလုပ်​လုပ်​​နေသည်​...အလုပ်​သမားများက​တော့သွားနားကုန်​ကြပြီဖြစ်​သည်

 Toxic & FoxyWhere stories live. Discover now