Fujoushiနှစ်​​ယောက်​ဖြစ်​တဲ့ Naနဲ့Kimက​တော့ နှာ​ခေါင်း​သွေးလျှံလျက်​ ပါလာတယ်​....

"ဘယ်​လို​တွေဖြစ်​လာကြတာတုန်း...
လူမမာ​တွေချည်းပဲ...."

      ဟင်းချက်​​နေတဲ့ JinYoungက လှည့်​ကြည့်​လာပြီး ​ပြော​တော့ DaeHwiကပါ လှည့်​ကြည့်​ပြီး ထပ်​​ပြောတယ်​...

"ဟုတ်​ပ...လူမမာ​တွေချည်းပဲ ဒီည အ​သေ​သောက်​မှာပါဆို"

"စိတ်​ချ...ငါ​သောက်​မှာ..."

      DaeHwiအ​ပြော​ကြောင့်​ Danielက SeongWuပုခုံး​ပေါ် အိပ်​​နေရာမှ ​ငေါက်​ခနဲ ထလာပြီး ​ပြောတယ်​....

 
"ငါ​သောက်​မှာ...အဟွတ်​"

   

       KuanLinကိုယ်​​ပေါ်မှာ တစ်​ကိုယ်​လုံး တွယ်​ကပ်​ကာ မှိန်း​နေတဲ့ Park JiHoonကပါ
ထ​ပြောလာပြန်​တယ်​...

"ဘာကို...​သောက်​မှာလဲ...လူကဖြင့်​ နုံးချိ​နေပြီ
တစ်​ကိုယ်​လုံး ပူကျစ်​​နေတာပဲ...."

      အ​နွေးထည်​ဝတ်​ထားတဲ့ JiHoonရဲ့ ခန္ဓာကိုယ်​​လေးကို ပွတ်​​ပေး​နေရင်း တင်​ပါး​လေးကို ခပ်​ဆတ်​ဆတ်​​လေး ရိုက်​လိုက်​ရင်း ဆူ​တော့ ထ​အော်​ငိုမတတ်​ ကတ်​ကတ်​လန်​ ရန်​​တွေ့တယ်​....

"အား...နာတယ်​လို့...
ရိုက်​ချင်​ ကိုယ့်​တင်​ပါးကိုယ်​ ရိုက်​ပါလား...လူဆိုးကြီးရဲ့.."

     ပါးစပ်​ကလည်း ​ပြောရင်း လက်​က​လည်း တအုန်းအုန်းနဲ့ KuanLinကို ထု​နေတယ်​....

"ဟုတ်​ပါပြီ....ငြိမ်​ငြိမ်​​လေး​နေ...အိပ်​...အိပ်​"

     KuanLinက ​ချော့​ပြောပြီး ​ကျော​လေးကို ပွတ်​​ပေး​တော့ နှာတရှုံ့ရှုံ့နဲ့ KuanLinကို ဖက်​ထားပြန်​တယ်​....

"အချစ်​....ကိုယ့်​ကို ​ဆေးတိုက်​ပါ..."

"​ဆေး​တွေက...​ဆေးခန်းမှာ ကျန်​ခဲ့တယ်​..
ပြန်​​ရောက်​မှ တိုက်​မယ်​...ခု​​တော့ အိပ်​လိုက်​အုံး"

       SeongWuက Danielကို ​ခေါင်း​လေးက​နေ ပွတ်​​ပေးကာ ဖက်​ထား​တော့ Danielက နှုတ်​ခမ်းကြီး ဆူပြီး ​ပြောတယ်​....

"အား​ဆေး​လေး...အရင်​​ပေးထားပါလား"

"ဟာ...မင်း​နော်​"

Baby Piggy (Completed)Where stories live. Discover now