" ယုတ်​မာလိုက်​တာ....​ဖေးဟုန်​..."

ဖျတ်​ခနဲသတိရသည်​နှင့်​ ခါးတွင်​အသင့်​ရှိ​သော ချူငယ်​​လေးအား ဖိချလိုက်​လျှင်​......

" ​ဖောက်​...."

မိမိထင်​ထားသလို ဒါက ​ငွေနှင့်​ပြုလုပ်​ထားတာမဟုတ်​ပဲ
အထဲမှာ ယမ်းမှုန့်​​တွေ...။ ဖိချလိုက်​သည်​နှင့်​ ချူလုံးထဲမှ မီးခိုး​ငွေ့များက ဘာမျှမမြင်​ရ​အောင်​ ထွက်​လာကြသည်​..။
ထိုအတူ...။

" ​ဖောက်​.....​ဖောက်​....​ဖောက်​...."

နောက်​ဆက်​တွဲအသံများက ဆက်​တိုက်​​ပေါ်လာခဲ့သည်​...။ မီးခိုးများက ​နေရာအပြည့်​......။

" ​ဖေးဟုန်​....ငါ့ကိုကယ်​ပါဦး.. .​ဖေးဟုန်​..."

မိမိလက်​ကို ဖျတ်​ခနဲ ဆွဲလာသည့်​ လူတစ်ေ
ယာက်​ ​ခေါ်ရာ​နောက်​သို့ ​လိုက်​လာခဲ့သည်​...။ ​ကြောက်​အားလန့်​အားနှင့်​ မျက်​လုံးကိုစုံမှိတ်​ထားရာမှ ​အ​တော်​ကြာမှ ဖွင့်​ကြည့်​လိုက်​​တော့...မိမိလက်​ကိုကိုင်​ပြီး ​ပြေး​နေတဲ့လူက ​ဖေးဟုန်​....။ ​ဖေးဟုန်​နဲ့ဆိုရင်​ အန္တရာယ်​ကင်းမှာပါ...


♕ ♕ ♕ ♕ ♕

" ဘာမှမမြင်​ရ​တော့ဘူး."

မီးခိုးထုများကြားမှာ ပျာယာခတ်​ရင်း ချင်​နိုင်​ငံစစ်​သည်​များကို ရှာ​ဖွေ​နေမိသည်​..။ သူတို့​တွေက ​သေမှာပဲ ဆိုတဲ့အ​တွေနဲ့ လူအင်​အား နည်းနည်း​လေးပဲ​ခေါ်လာခဲ့တာ ...အခု​တော့ လှည့်​စားခံရပြီ။
.မီးခိုး​ငွေ့​တွေ.....ဒါငါတို့ကို မျက်​​ခြေဖျက်​တာပဲ
အခု ​ဝေး​ဝေးမ​ရောက်​နိုင်​​သေးဘူး....

ခေါင်း​ဆောင်​ ဘန်​ မျက်​​မှောင်​ကျုံ့လိုက်ပြီး စိတ်​ထဲတွင်
တနုံ့နုံ့ အခဲမ​ကျေ...။

" ...ရှိသမျှရဲမက်​​တွေ အကုန်​လွှတ်​ဖို့ မင်းကြီးကိုသတင်းပို့စမ်း ...​ဘာ​ကြောင်​ကြည့်​​နေတာလဲ "

" အ...ဟုတ်​ ဟုတ်​ကဲ့ ​ခေါင်း​ဆောင်​ "

စိတ်​ထဲ အခဲမ​ကျေသမျှ ​လက်​​အောက်​ငယ်​တစ်​​ယောက်​ကို​အော်​​ငေါက်​လိုက်​မှ...ထိုငယ်​သားက ​ပြေးလွှားသွား​လေသည်​...။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now