HOME ALONE 1 (Unicode)

261 18 21
                                        

Unicode

" တံခါးတွေ သေချာပိတ်နော်။ဒီနေ့ညနေစာ စားဖို့ထမင်းက ပေါင်းအိုးထဲမှာ ရှိတယ်။အရန်ဟင်းတွေက ရေခဲသေတ္တာထဲမှာ။ထမင်းစားမယ်ဆို နွှေးစားနော်။ထမင်းကိုအချိန်မှန်စားနော်။ ကျောင်းက ခုမှစတက်ရမှာမို့သာထားခဲ့ရတာ။
တစ်ယောက်တည်းနေခဲ့ရမှာ တကယ်ဖြစ်ရဲ့လား Zheng Zheng ရယ်။မဖြစ်ရင် မေမေတို့နဲ့ ခု တစ်ခါတည်း......."

"ဖြစ်ပါတယ် မေမေရယ်။ကျွန်တော် ကလေးမဟုတ်တော့ပါဘူး။ပြီးတော့ မေမေတို့သွားမှာလည်း အကြာကြီးမှ မဟုတ်တာ သဘက်ခါမနက်စောစော ပြန်ရောက်မှာပဲဟာ။"

"အင်းပါ....ဒါဆို မေမေစိတ်ချမယ်နော်။ညဘက်ကို Game ကိုညဥ့်နက်တဲ့ထိမဆော့နဲ့နော်။"

"ဟုတ်ကဲ့ပါ မေမေ သွားတော့လေ။တော်ကြာ အရမ်းမိုးချုပ်သွားရင် ဘွားဘွားတို့အိမ်ကို ညဥ့်နက်မှရောက်နေဦးမယ်။
ကားပေါ်တက်တော့နော်။"

စိတ်မချစွာနဲ့ မှာတမ်းခြွေနေတဲ့မေမေ့ကို စကားစအတင်းဖြတ်ရင်း ကားပေါ်တွန်းတင်ကာ တံခါးကိုပါ ပိတ်ပေးလိုက်သည်။

"ဖေဖေ ကားကို ဂရုစိုက်မောင်းနော်။တာ့တာ"

နှုတ်ဆက်အပြီး ခြံထဲကထွက်သွားသောကားလေးကို မျက်စိတစ်ဆုံးထိကြည့်ပြီးမှအိမ်ထဲကိုပြန်ဝင်လာခဲ့သည်။

*ဘယ်သူမှမရှိတော့လည်းအိမ်ကတိတ်ဆိတ်နေတာပဲ*

အမြဲတမ်းဆူညံနေတဲ့အိမ်က မေမေနဲ့ဖေဖေ ခရီးထွက်သွားသည်နှင့် တိတ်ဆိတ်နေတော့လည်း နေရတာတစ်မျိုးကြီးဖြစ်နေသလိုလို။လုပ်စရာ
အထွေအထူးမရှိတာမို့ ထမင်းစားရကောင်းမလား စဉ်းစားပြီးနာရီကိုကြည့်မိတော့လည်းညနေ
လေးနာရီခွဲကျော်ကျော်လောက်သာရှိသေးသည်မို့ ထမင်းစားမည့်စိတ်ကူးကိုဖျက်ခါအခန်းထဲသာဝင်ခဲ့တော့သည်။

အခန်းထဲရောက်တော့ ခုတင်ပေါ်ကိုလှဲရင်း ph ကိုထုတ်၍IGဖွင့်ကာဟိုကြည့်ဒီကြည့်လုပ်ရင်း
အိပ်ပျော်သွားမိတော့သည်။

©©©©©©©©©©©©©©©

"ဝုန်း ခလွမ်း"

အိပ်ပျော်နေတုန်းကျယ်လောင်သောအသံတစ်ခု
ကြောင့် အိပ်ပျော်နေရာမှ လန့်နိုးလာရသည်။
မေမေချက်ပြုတ်နေရင်းပန်းကန်ပြုတ်ကျသည်ထင်၍ပြန်အိပ်ဖို့ပြင်ပြီးမှအိမ်မှာတစ်ယောက်တည်းကျန်ခဲ့သည့်အဖြစ်ကို သတိရမိသည်။

*ဟင် ဘာတုန်း သူခိုးဝင်တာများလား*

တစ်ယောက်တည်းရှိနေတုန်း သူခိုးဝင်သည်ဆိုသောအသိကြောင့် ကြက်သီးမွှေးညှင်းများထပြီး ဆံပင်များတောင်ထောင်လာသလိိုလို။သွားကြည့်ဖို့ လက်ထဲကိုင်သွားစရာ လက်နက်တစ်ခုခု ရှာတော့ အခန်းထဲဘာမှ မရှိ။ဟိုဟိုဒီဒီမျက်စိကစားကြည့်တော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က EXO ကို Fanboying ပြီးဝယ်ထားတဲ့ EXO. Logo ပါ ဒယ်ပြား ကို မျက်လုံးထဲသွားမြင်သည်။ဒယ်ပြား ကိုဆွဲပြီး ခြေသံလုံလုံနင်းကာ မီးဖိုခန်းဘက်ကို ထွက်လာခဲ့သည်။

မီးဖိုခန်းဘက်ရောက်တော့ အသာချောင်းကြည့်တော့သူ့ကိုကျောပေးပြီးရပ်နေတဲ့   အရပ်ရှည်ရှည်နဲ့ လူတစ်ယောက်ကို တွေ့လိုက်ရသည်။

ကျောပေးထားပေမယ့် သူ့ရဲ့ လုပ်ကိုင်နေပုံအရ ပေါင်းအိုးထဲက ထမင်းတွေထုတ်ပြီးစား နေတာဖြစ်နိုင်သည်။ဘေးနားမှာလည်း ရေခဲသေတ္တာထဲက ဟင်းအရံဘူး တွေကိုလည်းတွေ့လိုက်ရသည်။

ထမင်းကို သဲကြီးမဲကြီးစားနေတဲ့ ထိုလူက ကျောဘက်မှာ သူရောက်နေတာကို သိပုံမပေါ်။ကိုယ့်ထက်အရပ်လည်းရှည် လူကောင်လည်းထွားတဲ့ ထိုသူသာ သူရောက်နေတာသိသွားလျှင် ကိုယ့်ဘက်က အထိနာနိုင်သည်မို့ လက်ဦးမှုရယူရန်ဆုံးဖြတ်ပြီး လက်ထဲတွင်  ကိုင်ထားသည့် ဒယ်ပြား နှင့်အားကုန်လွှဲဆော်ထည့်လိုက်တော့သည်။

HOME ALONEOù les histoires vivent. Découvrez maintenant