" ကျုပ်​ရဲ့ ကမ်းလှမ်းမှုကို လက်​ခံပါ မင်းသမီး "

" မှန်​ပါ မင်းကြီး "

မင်းကြီးကမ်း​ပေး​သော ခွက်​ကိုလှမ်းယူလိုက်​ရင်း ​သေရည်​ကို​သောက်​မည်​အပြုတွင်​ ​သေရည်​အား​သေချာကြည့်​မိလိုက်​၏...။ သာမန်​​သေရည်​တို့သည်​ မည်​မျှ​လောက်​ပင်​ ​​အဖိုးတန်​ဖြစ်​​နေ​သော်​လဲ တစ်​ဖြည်းဖြည်းကြည်​​လောင်​သွားခြင်းမရှိ...။

သေရည်​များ၏ သဘာဝ အနည်းငယ်​​နောက်​ကျိကျိ ရှိတတ်​ကြသည်​...။သို့​သော်​ ယခု​သေရည်​မှာမူ...ခွက်​ထဲတွင်​ပင်​ တဖြည်းဖြည်းကြည်​​​လာ၏. .။

ဒါ...အဆိပ်​​သေရည်​အမျိုးအစားဖြစ်​​ပေသည်​...။ ​ကျောက်​စိမ်း၏​အေးမြမှုနှင့်​ထိ​​တွေ့ပါက အဆိပ်​အဖြစ်​သို့​ပြောင်းသွားနိုင်​​သော ​ကျောက်​စိမ်း​မရဏ ​သေရည်​ ....။ ထို​သေရည်​အား ကြားဖူးသူက​တော်​​တော်​ရှား၍ ​တော်​​တော်​လဲ ​ရှေးကျ​နေ​ပေပြီ...။

လွဲ့ကျူး​သေရည်​ခွက်​အား မ​သောက်​ပဲ ​ပြန်​ချထားလိုက်​သည်​။ ဤသည်​ကို မင်းကြီးက...

" ​သေရည်​ကို မ​သောက်​ပါလား မင်းသမီး ဘာဖြစ်​လို့ပါလဲ "

" အရှင်​မင်း ​​ကျောက်​စိမ်းမရဏ​သေရည်​ကို ကျွန်​​တော်​မျိုးမ မ​သောက်​၀ံ့ပါ "

" ​ဟား ဟား ဟား မင်းသမီး အသိပညာကြွယ်​၀လှပါတယ်​ ဒီ မရဏ​သေရည်ကိုသိတဲ့လူရှားသလို ရှားပါး​သေရည်​လဲဖြစ်​တယ်​​ ဒီ​သေရည်​ရှိတယ်​ဆိုတာကို မင်းသမီးသိတာနဲ့တင်​ အသိပညာကြွယ်​၀လှတာကို ကိုယ်​​တော်​ချီးမွမ်းပါတယ်​ "

" ​မြှောက်​ပင့်​လွန်း​နေပါပြီ အရှင်​ "

မင်းကြီးက လွဲ့ကျုးအားသ​ဘောကျစွာဖြင့်​ အပြင်​မှ အထိန်း​တော်​အားလှမ်း​ခေါ်လိုက်​သည်​။

" အထိန်း​တော်​ကြီး မက်မွန်​​​၀ိုင်​ ယူလာခဲ့ပါ "

" မှန်​လှပါ အရှင်​မြတ်​ "

နန်း​ဆောင်​အပြင်​မှ အထိန်း​တော်​က ခဏကြာသည်​နှင့်​ ပန်းနု​ရောင်​ ​ကျောက်​အိုး​လေးကိုယူလာခဲ့သည်​။
မက်​မွန်​၀ိုင်​သည်​ ချင်​ လူမျိုးတို့ တန်​ဖိုးထားရသည့်​ ​သေရည်​ဖြစ်​သည်​..။ ထူးမြတ်​​လေးစားအပ်​​သော ပုဂ္ဂိုလ်​တို့ကိုသာလျှင်​ မက်​မွန်​၀ိုင်​ တိုက်​​လေ့ရှိသည်​ဟု စာထဲတွင်​​လေ့လာဖူးသည်​..။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Where stories live. Discover now