(Media လေးဖွင့်ဖတ်ပေးကြရင် ပိုချစ်ဖို့ကောင်းမှာပါနော်💓)
တစ်ယောက်သောသူလေး ကြိုက်နှစ်သက်လှတဲ့ အဖြူရောင် နှင်းဆီတို့ဟာ မင်္ဂလာခန်းမကြီးထဲမှာ လှပစွာပြင်ဆင်ထားမှုကြောင့် တစ်ခန်းလုံး အဖြူရောင်တြို့ဖင့် ဖွေးဖွေးလှုပ်နေတယ်....
Bruno Mars ရဲ့ Marry You တေးသီချင်းလေးကလဲ ခန်းမအတွင်း ပျံနှံနေကာ နူးညံ့သော မင်္ဂလာပွဲအသွင်ကိုဆောင်နေလေရဲ့....
အရာရာအားလုံး ပြည့်စုံစွာလှပနေတဲ့ ခန်းမကြီး ကြားမှာ မျောက်ကြီးလို ခေါင်းတွေပါကုတ်ပြီး စိတ်တွေရှုပ်နေရတာကတော့ သတို့သား Park Chanyeol ပင်...
"Baek ရာ....ဒါကြီးကမဟုတ်သေးဘူးလေကွာ....ပြန်စဉ်းစားပေးပါအုံးကွာ..."😖
"ဘာမှပြန်စဉ်းစားစရာ မလိုဘူး Chan! Father က နမ်းလို့ရပြီဆိုလဲ မနမ်းရဘူး! မင်းကတိမပေးရင် ငါခန်းမထဲ မဝင်ဘူးနော် Chan"
"ဟ! ဧည့်သည်တွေရော Father ရောရှေ့မှာ သတို့သားကိုနမ်းလို့ရပါပြီ ဆိုတာကို ကိုယ်ငူငူကြီးရပ်နေလို့ရမလား Baek..."
"ဘာလို့မရရမှာတုန်း...ကိုယ့်ဟာကို လက်ခုပ်ထတီးလိုက်ပြီး စင်ပေါ်ကဆင်းလိုက်ရင် ပြီးနေပြီကို...Chan မင်းနော်...ငါ့အကြောင်းသိတယ်နော်"
သိတယ်...သိတယ်...သိလို့လဲ ကျွန်တော် Park Chanyeol ခုလို အကြပ်တွေရိုက်နေတာ...
Baekhyun နဲ့ ကျွန်တော် ကြိုက်လာတာ တွဲလာတာ ၇နှစ်ရှိပါပြီ...
၇နှစ်အတွင်း ပါးလေးတစ်ခါ ရွှတ်ခနဲ နမ်းလိုက်ဖူးလို့ သူ့လက်ချက်နဲ့ ကျွန်တော့ မေးရိုးအက်သွားခဲ့ထဲက အခုချိန်ထိ လက်ကိုင်တာ ဖက်တာ အပြင် ဘာဆို ဘာမှ မဘာဖူးပါဘူးဗျာ.....
ကျွန်တော့်မှာတော့ အဲ့အိကျိကို ချစ်လွန်လို့ သူရှက်တတ်တာကို အပြစ်မမြင်ပဲ သူ့အလိုလိုက် အကြိုက်ဆောင်ပြီး သူ့ကိုမနမ်းရအမိန့်ကို ၇နှစ်လုံးလုံး လိုက်နာခဲ့တာပါ....
YOU ARE READING
Baby Shy Shy💜
RomanceOne Shot CB fic for Dearest Melody Book💜 I hope you guys will enjoy my baby shy shy... Thank You Guys... 11:11
