" ဟ....ဟ ..."

မြင်းကို တတ်​နိုင်​သ​လောက်​ ဒုန်းစိုင်းစီး၏.....။

" ခွပ်​ ခွပ်​ ခွပ်​ ခွပ်​....."

ပန်းတစ်​ပွင့်​သဖွယ်​ နူးညံ့​သော မိန်းမသားတစ်​ဦးဖြစ်​​သော်​လဲ......မာ​ကျောသည့်​နှလုံးသားကို ပိုင်​ဆိုင်​ထားသူ......။

အမတ်​ကြီး ​စန်း ၏တစ်​ဦးတည်း​သော သမီး....။ အမတ်​ကြီး စန်း မှာ.....ဘုရင်​အားကိုးရဆုံး.....အ​လေးအ​ပေးခံရဆုံး....မင်းတိုင်​ပင်​အမတ်​တစ်​ဦးဖြစ်​​လေသည်​.....။

အိမ်​​ရှေ့စံနှင့်​ ​စေ့စပ်​​ကြောင်းလမ်းထားသည့်​ ဖန်း​အော်​.....။

အိမ်​​ရှေ့စံ၏...စာ​ပေမြတ်​နိုးမှု....အနုပညာခံစားတတ်​မှုတို့သည်​.....ဖန်း​အော်​နှင့်​ စရိုက်​တူပင်​ဖြစ်​​သော​ကြောင့်​......ငယ်​စဉ်​ကထဲက....​လေးစားခဲ့ရ၏....။ .

အရွယ်​​ရောက်​လာသည့်​အခါ....မသိစိတ်​က​ရော...အသိစိတ်​ကပါ.....အိမ်​​ရှေ့စံအား နှစ်​သက်​စွဲလမ်းခဲ့ရ၏.....။ မိမိထက်​ အသက်​ပိုကြီး​သော အိမ်​​ရှေ့စံကို ​လေးစားအားကိုး၏....။

မိဖုရားရာထူး ဂုဏ်​တို့ကို တက်​မက်​၍မဟုတ်​.....။မိမိ​ဘေးတွင်​ အိမ်​​ရှေ့စံမင်းသား လန်ကျန့်​​သာ...ရှိ​နေပါလျှင်​.....။

♕ ♕ ♕ ♕ ♕ ♕ ♕ ♕

" မင်းကြီး ကြွချီလာပါပြီ......"

အထိန်း​တော်​ကြီး၏...​အော်​သံ​ကြောင့်​ လန်​​​ကျောက်​ယွမ်​ အိပ်​​ပျော်​​နေရာမှ လန့်​နိုးသွား၏.....။

..​ချင်​ တိုင်းပြည်​၏ မင်းသားတစ်​ပါးဖြစ်​​နေပါလျက်​.....​သေရည်​​သောက်​စား ယစ်​မူး​နေ​သော....မင်းသား၂ ထံသို့ ဘုရင်​မင်းမြတ်​ ကြွချီလာရခြင်းမှာ.....ပတ္တမြားမျက်​ရှင်​ဓား ​ပျောက်​ဆုံး​နေသဖြင့်​.......မင်းသား၂ ၏အ​ဆောင်​​တော်​တွင်​ ​မွှေ​နှောက်​ရှာ​ဖွေရန်​ဖြစ်​သည်​.....။

ပတ္တမြားမျက်​ရှင်​ဓားမှာ ဘိုးဘွားပိုင်​အ​မွေအနှစ်​.....ဘုရင်​တို့၏ ဦး​သျှောင်​နှင့်​တူ​လေသည်​....။

ချင်​ မင်းဆက်​တို့ လက်​ဆင့်​ကမ်းခဲ့သည့်​.....ဓား.....။

မင်းသား၂ မှာ ပျာယီးပျာယာ ဖြစ်​ကာ....အံ့အားသင့်​​နေ​လေ၏.....။

ကျွန်တော့်အိမ်ရှေ့စံ ( COMPLETE )( Z + U )Donde viven las historias. Descúbrelo ahora