Tae : အဲ့လိုမဟုတ်ပါဘူး Taeနဲ့ကိုကို မင်္ဂလာဆောင်ပီးကတည်းက အခုလိုဖတ်ပီးမအိပ်ဖူးဘူးလေ ရုတ်တရက်ဆိုတော့ Taeအတွက် နေရတာတစ်မျိုးကြီးဖြစ်နေလို့......

Jk : တစ်မျိုးမဖြစ်အောင် နေ့တိုင်းဖတ်အိပ်မယ်လေ အခုကတည်းကပေါ့ ok.... ကိုအရမ်းအိပ်ချင်နေပီ စကားတွေထပ်မပြောနဲ့တော့... အိပ်လို့မရရင် ကလေးကိုအပြစ်ပေးမိမယ် ။

Tae : ဘယ်လိုအပြစ်ပေးမှာလဲ ။

Jk : ကလေးကသိချင်တယ်ပေါ့

Tae : နည်းနည်းပါ

Jk : ဒီလိုအပြစ်ပေးမှာ 😚

Tae ရဲ့နှုတ်ခမ်းပါးလေးကို ပြွစ်ခနဲမြည်အောင်အနမ်းပေးလိုက်တယ် ။ Tae ကတော့ကြောင်တောင်တောင်ဖြင့် မျက်လုံးပွင့်ပီးသေနေသလို....

Tae : ကိုကိုအပြစ်ပေးတာကလဲ.....

Jk : ဘာလို့လဲ ထပ်လိုချင်လို့လား

Tae : arnyi Taeအိပ်တော့မယ်

Tae, Jk ရင်ခွင်ထဲကိုအတင်းတိုးကာ ဝင်နေတော့သည် Jk ကတော့ Taeရှက်နေသောမျက်နှာလေးကိုမြင်ယောင်ပီး Taeခေါင်းလေးကိုအနမ်းပေးကာ......

Jk : Goodnight ပါကလေးလေး... အိမ်မက်ထဲမှာကိုနဲ့ထပ်တွေ့ကြမယ် ။

Tae : ကိုကိုရောပဲ.....

တိုးတိုးလေးသာကြားရသောအသံဖြင့် ပြန်ဖြေလာသောသူမကိုအသဲယားက ခပ်တင်းတင်းဖတ်ပီး အိမ်မက်ကမ္ဘာဆီသို့......

ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ကိုကလေးကိုအရမ်းချစ်မိနေမှာသေချာတယ် ကလေး.....
..........................................................

ယနေ့မနက်ခင်းဟာ သာမန်မနက်ခင်းတွေနဲ့မတူဘဲ မိုးဖွဲဖွဲလေးရွာကာ ထူးခြားလျှက်ရှိသည် ။

Jk : ဘာထိုင်လုပ်နေတာလဲ ကလေး...

ကျနော်အိပ်နေသောဘေးတွင် ခေါင်းအုံးကျောမှီပီးထိုင်ကာ စာအုပ်တစ်အုပ်ဖြင့် အလုပ်ရှုပ်နေသော ကလေးကိုအသံချိုချိုဖြင့်မေးလိုက်တယ် ။

Tae : ကိုကိုအိပ်နေတဲ့ပုံဆွဲနေတာလေ

သူမအပြုံးလေးဖြင့်ကျနော့်ကိုပြန်ဖြေတယ်။

LOVELORNWhere stories live. Discover now