ထမင်းချိုင့်​ကြီးအား ခုံ​ပေါ် ​ဆောင့်​တင်​ကာ ခ​မောက်​အား ဆွဲချွတ်​ရင်း ဆူပုပ်​ပုပ်​နဲ့ ​ပြောလာတဲ့ JiHoonရဲ့ ပါး​လေးကို KuanLinက ခပ်​ဖွဖွ ဆွဲကာ....
"Aigoo...ကိုယ့်​မိန်းမ​လေး သဝန်​တို​နေပြန်​ပြီလား
ကိုယ်​က ပူလို့ပါ​နော်​..."
"ပူတာ အ​ရေးမကြီးဘူး...
ကိုကို့ အသားအရည်​က တစ်​​နေ့တစ်​ခြား ဖြူဖြူလာတယ်​...ပြီးရင်​ အဲ့လိုအ​တို​တွေဝတ်​..
ဒီမှာလာပြီး စာ​ရေး...ခရီးသွား​​မိန်းမ​တွေကို ထိုင်​မြူစွယ်​​နေတာ​လေ...
ကိုကို့​ကြောင့်​ ဒီလိ​မ္မော်​ခြံကြီး နာမည်​ကြီး​နေတာ
စာ​ရေးဆရာ​လေးက...
ချောလိုက်​တာ ဘာညာဘာညာနဲ့....ဟွန့်​"
"အာ...မိန်းမ​လေးကလည်း
ဘာလို့အဲ့လို ​ပြောရတာလဲ...
သဝန်​​တွေ အရမ်းမတိုပါနဲ့....
လာ...ကိုယ့်​ဆီလာပါအုံး...
ဖက်​ထားချင်​လို့ပါ..."
     KuanLinက လက်​နှစ်​ဖက်​ကို ဆန့်​ကာ ​ခေါ်​သော်​လည်း JiHoonက မသိချင်​​ယောင်​​ဆောင်​ကာ ထမင်းချိုင့်​တွေကိုသာ ထုတ်​​နေတယ်​...
      KuanLinလည်း ​ပေါင်​​ပေါ်က Laptopကို သိမ်းလိုက်​ကာ JiHoonနားသွားပြီး အ​နောက်​က​နေ ဖက်​လိုက်​တယ်​....
"စိတ်​မဆိုးနဲ့​လေကွာ...
နောက်​ ဒီလိုအတို​တွေ မဝတ်​​တော့ဘူး...​နော်
မိန်းမ​လေးကလည်း..."
"ဘာမိန်းမလည်း...​ယောကျာ်းဗျ"
"ဟုတ်​ပါပြီ...ကိုယ့်​​ယောကျာ်း​လေးရယ်​..."
"မွ"
      KuanLinက အ​နောက်​က​နေ JiHoonရဲ့ ပါး​ဖောင်း​ဖောင်း​လေးကို နမ်းလိုက်​​တော့ JiHoonတစ်​​ယောက်​ ပြုံးစိစိနဲ့ စိတ်​ဆိုး​ပြေသွား​တော့တယ်​..
"အဟင်း...စိတ်​ဆိုး​ပြေလိုက်​မယ်​...
ခု​တော့ ထမင်းစားကြမယ်​..."
     သူတို့နှစ်​​ယောက်​ ထမင်းစား​နေကြရင်း KuanLinက စကားစလာတယ်​...
"ဒီ​ရောက်​တာလည်း တစ်​နှစ်​ပြည့်​​တော့မယ်​...
Babyဘာအလုပ်​မှ မလုပ်​​တော့ဘူးလား?"
      KuanLinစကား​ကြောင့်​ JiHoonက ထမင်းငုံ့စား​နေရာမှ ​ခေါင်း​မော့ကြည့်​လာပြီး စဉ်းစားဟန်​ပြုကာ ပြန်​​ဖြေလာတယ်​...
"အင်း....ကျွန်​​တော်​က ဘာလုပ်​ရမှာလဲ
အိမ်​က အိမ်​ကိစ္စ​တွေလုပ်​တယ်​....
တစ်​ခါတစ်​​လေ ရွာထဲက ဘိုးဘိုးဘွားဘွား​တွေ အိမ်​ကို မုန့်​လိုက်​ပို့တယ်​....ပြီး​တော့ ကိုကိုတစ်​​ယောက်​လုံး ရှိ​နေတာပဲ ထမင်းမငတ်​ပါဘူး...ဟီး..ဟီး
      သွား​လေးဖြီးပြကာ ​ပြော​သော JiHoonကို KuanLinက ​မေး​ထောက်​ကာ ကြည့်​​နေပြီး ​ခေါင်း​လေးအား ပုတ်​လိုက်​ရင်း...
"​ဟုတ်​ပါပြီ...​Baby​လေးရဲ့...
ကိုယ့်​လုပ်​စာပဲ ထိုင်​စားပါ...ဒါနဲ့  Maxနဲ့ GuGu​ရော.."
      KuanLin​ပြောမှ သတိရတဲ့...JiHoon
ထိုနှစ်​​ကောင်​ကို ဆိုင်​ကယ်​ ​နောက်​က ခြင်းထဲထည့်​​ခေါ်လာတာ..
      JiHoonလည်း မြန်​မြန်​သွားပြီး အဲ့နှစ်​​ကောင်​ကို သွား​ခေါ်လာတယ်​....
     GuGuက​တော့ KuanLinကို မြင်​တာနဲ့ တန်း​နေ​အောင်​ ​ပြေးသွားပြီး KuanLinရင်​ခွင်​ထဲ ဝင်​ကာ ချွဲနွဲ့​နေတယ်​...
"Aigoo..paသား​လေးက
Paကို လွမ်း​နေတာလား?"
     ပြီး​တော့ JiHoon​ပြောလိုက်​တဲ့ စကားတစ်​ခွန်းက....
"ခင်​ဗျား...ဒီ​နေ့ ညစာ ငတ်​ပြီ"
"ဟင်​!"
Extra2ဆက်​မည်​😜Adventure ver😭
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Extra2ဆက်​မည်​😜
Adventure ver😭
Baby Piggy (Completed)Where stories live. Discover now