ကားမောင်းခုံတွေ မှန်ကွဲစစိုက်ပီး သွေးများဖြင့်ပြည့်နေသောommaကို လှုပ်နိုးနေမိတယ်

Tae : omma omma omma.......

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အနီရောင်လိုက်ကာစဖြင့် ဖွဲ့စည်းထားသောအခန်းလေးတစ်ခန်းထဲ ရောက်နေလေတယ်

Tae : ငါအိမ်မက်မက်နေတာပဲ ဟူးး ကိုကိုမနိုးသွားလို့တော်သေးတယ်

နာရီကိုကြည့်လိုက်တော့ 4နာရီခွဲပီဖြစ်သည် ဆက်အိပ်၍လည်းမရတာနဲ့ ကိုကို့ကိုစောင်ခြုံပေးကာ ပန်းချီခန်းကိုထွက်လာခဲ့တယ် ရုတ်တရက်ဖုန်းမီးလင်းနေတာတွေ့တော့ ဖွင့်ကြည့်လိုက်တယ်

Tae : ဒီနေ့ omma ဆုံးတဲ့နေ့ပဲ မေ့နေလိုက်တာ ဖုန်းထဲမှတ်ထားလို့တော်သေးတယ်

မျက်နှာပေါ်ကျရောက်လာသော နေရောင်ခြည်စူးစူးကြောင့် တစ်ဖက်လှည့်ကာအိပ်လိုက်တယ်

Jk : 7 နာရီပဲရှိသေးတာပဲ ထပ်အိပ်အုံးမယ် ဒီနေ့အလုပ်ပိတ်တယ် အင်းးး

အပျင်းကြောဆန့်ကာ ပြန်အိပ်နေတယ်

At 11:00 A.M

အိမ်တော်ထိန်း : နိုးပီလား သားလေး

Jk : nae အလုပ်ပိတ်တယ်ဆိုပီး ဆက်အိပ်လိုက်တာ အခုမှနိုးတယ်

အိမ်တော်ထိန်း : ဘာစားမလဲ

Jk : ထမင်းပဲစားတော့မယ် ဒါနဲ့ Tae Hee လည်းအလုပ်ပိတ်တယ်မလား

အိမ်တော်ထိန်း : omm ပိတ်တယ်

Jk : မတွေ့ပါလား

အိမ်တော်ထိန်း : ရှိပါတယ် ပန်းချီခန်းထဲမှာ...

Jk : သူထမင်းစားပီးပီလား

အိမ်တော်ထိန်း : မစားရသေးဘူး ဒီနေ့က Tae omma ဆုံးတဲ့နေ့လေ Tae လေးက ဒီနေ့ဆိုအမြဲတမ်းအခန်းထဲအောင်းနေလေ့ရှိတယ် တစ်နေကုန်ဘာမှမစားဘူး ကျွေးလည်းမစားဘူး သူတစ်ယောက်တည်းပဲနေတယ်

Jk : ဘာလို့လဲ

အိမ်တော်ထိန်း : သူကြောင့်သေတယ်ဆိုပီး စိတ်ထဲထင်နေလို့လေ

Jk : အော်

ကျနော်လည်းထမင်းစားပီး အပေါ်တက်တော့ သူမရှိရာအခန်းဆီ သွားကြည့်မိတယ် တံခါးကိုဖွင့်တော့ တံခါးကလော့ခ်ချထားတယ်

LOVELORNWhere stories live. Discover now