Short Story

485 30 32
                                        

ဘ၀မှာ အချစ်ဦးဆိုတာ သေရာပါတဲ့ ဒဏ်ရာတစ်ချက်လိုဘဲ။
နူးညံတယ် ထိရှလွယ်တယ် အယုံလွယ်တဲ့ အရာတစ်ခုဆို
လည်း မမှားဘူးပေါ့။

လူတိုင်းရဲ့ဘ၀မှာ အချစ်ဆိုတာ မွေးတဲ့အချိန်ကနေ သေတဲ့ အချိန်အထိ အလိုအပ်ဆုံးနဲ့  အနူးညံ့ဆုံးသော အရာတစ်ခု လည်း ဖြစ်သည်။ အချစ်တွေကို ရှာဖွေရင်း ကိုယ့်ကိုကိုယ်ချစ်
ဖို့မေ့တဲ့ အချိန်တွေလည်း ရှိခဲ့ဖူးကြမှာဘဲ။ ဘ၀မှာ ပထမဆုံး
သောအချစ်က ပြည်စုံချင်မှလည်း ပြည့်စုံမယ်။ သူများအနေနဲ့
သာမန်ထင်တဲ့ အရာတွေက ကိုယ်တစ်ယောက်တည်း
အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ပုံဆောင်ခဲတစ်ခုလို တန်ဖိုး
ရှိချင်လဲ ရှိနေတတ်တယ်။ ဘယ်လိုဘဲဖြစ်ဖြစ် ဘ၀မှာ အချစ်ဦးကိုတော့ ရူးအောင်ချစ်ခဲ့ကြတာဘဲ မဟုတ်လား.....

Diary ဆိုတာ ဘ၀မှာဖြစ်ချင်ခဲ့တဲ့ မျှော်လင့်ခဲ့တဲ့ အရာတွေ
ထက် ဖြစ်သွားခဲ့တဲ့ မျှော်လင့်ချက်တွေ အကြောင်းချရေးရတဲ့
သနားစရာပျော်ရွှင်ရတဲ့ အမှတ်တရစာအုပ်မဟုတ်လား။ တခါတခါကျတော့ စာလုံးနဲ့ပုံဖော်မရတဲ့စကားတွေကြောင့်
နှလုံးသားက Diary ထက်ပိုပြီး အဓိပ္ပာယ်လေးနက်နေ
တော့သည်။

ဒီနေ့ဆယ်တန်းစာမေးပွဲ အောင်တဲ့နေ့။ ၁၀ တန်းလို စာမေးပွဲမျိုးမှာ ဂုဏ်ထူး ၅ဘာသာပါလို့ ဆေးတက္ကသိုလ်
နဲ့ ရေကြောင်း ဘာတတ်မလဲလို့ မေးတဲ့လူတွေကြားထဲမှာ
ထွန်းနိုင်တစ်ယောက် ပြုံးရင်းနဲ့သာ အဖြေကို မလျော့မတင်း
ပေးလိုက်သည်။ တကယ် ထွန်းနိုင်တတ်ချင်တဲ့ တက္ကသိုလ်
က တစ်ခုတည်း။ အဲ့ဒါက မင်းသုတ တတ်တဲ့ တက္ကသိုလ်
ပင်။

state ကျောင်းတုန်းက အတန်းရှေ့က ဖြတ်သွားတဲ့
အသားဖြူဖြူ အရပ်ရှည်ရှည် မျက်လုံးနက်နက် နှာတံက ချွန်ချွန်နဲ့ နားထင်နားမှာ အမှတ်ကလေးရှိပြီး ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့ ဗရုတ်ကျတဲ့ မင်းသုတကို ထွန်းနိုင် ငေးကြည့်
ရင်းနဲ့ ၈ တန်း ၉တန်းကျောင်းသားဘ၀ ကို ဖြတ်ကျော်ခဲ့ရ တော့သည်။

ကျောင်းမှာ စီနီယာ ဂျူနီယာဖြစ်ပေမဲ့ ထွန်းနိုင်တစ်ယောက်
မင်းသုတကို အတတ်နိုင်ဆုံး မျက်နှာချင်းမဆိုင်မိအောင် နေ
ရတာလည်းအမော။ ဘာရယ်မဟုတ် သူ့ရှေ့ကျရင် အလွဲလွဲ
အချော်ချော် ဖြစ်တတ်လွန်းတဲ့ ထွန်းနိုင်တစ်ယောက် မျက်နှာ
ပူတာကြောင့်ဖြစ်သည်။ အချစ်ဆိုတာ ဘာလဲမသိသေးတဲ့
အချိန်မှာ အချစ်က မထိတထိတံခါးလာခေါက်တော့ ဖွင့်ရနိုးနိုး
ဖြစ်နေတဲ့ အချိန်ပေါ့။ ကိုယ်ဖွင့်လိုက်တဲ့ အချိန်မှာ ကိုယ်မျှော်
လင့်ထားတဲ့လူ မဟုတ်ရင်ဆိုတဲ့ အတွေးကိုတော့ ထွန်းနိုင်
တစ်ယောက် မတွေးမိခဲ့ဖူးပါ။

You've reached the end of published parts.

⏰ Last updated: Nov 03, 2018 ⏰

Add this story to your Library to get notified about new parts!

First Love ( BL )Where stories live. Discover now