အတွေးများကိုရပ်ပစ်ပြီး တစ်ချက်ပြုံးကာ Tae Hyung ဆီသို့ပို့လိုက်မိတဲ့စာက...

"မင်းအခုဘယ်မှာလဲ Tae Hyung ငါလာမယ်"



2 mins later,

ပြန်ဝင်လာတဲ့ Msg...

"ငါဟန်မြစ်ဘေးမှာ"



ပြန်ပို့မိလိုက်သည်...

"ငါလာခဲ့မယ်"






Cha Do လဲ ကားမောင်းပြီး Tae Hyung ရှိရာဟန်မြစ်သို့...

တွေ့ပါပြီ အကောင်သေးသေးလေးနဲ့ကျွန်တော့်သူငယ်ချင်းလေး...


"Tae Hyung Yah...."

Cha Do လှမ်းခေါ်မိတော့ ပြုံးယုံသာပြုံးပြမိတဲ့ Tae Hyung...


Cha Do လဲ Tae Hyung ဘေးမှာဝင်ထိုင်လိုက်ပြီး...

"ကယ်...ဘာလို့ဒီမှာလာထိုင်နေရတာလဲ"

"ငါ Jung Kook ကိုလွမ်းနေလို့"

"သူလဲမင်းကိုလွမ်းနေပါတယ်"

"ဟမ် မင်းကဘယ်လိုသိလဲ"

"ငါ ဒီနေ့ Jung Kook နဲ့တွေ့တယ်လေ သူမပြောရင်တောင် သု့မျက်လုံးထဲမှာငါမြင်နေရပါတယ် မင်းကိုမြတ်နိုးစွာချစ်တဲ့အချစ်တွေကို"

"သူငါ့ကိုမချစ်ပါဘူး"

"Tae Hyung မင်းသိလား အချစ်ဆိုတာ သင်္ချာပုစ္စာတစ်ခုလိုပဲ ခက်ခဲနက်နဲတယ် မြင်အောင်ကြည့်ကြည့်ပါ ရှုပ်ထွေးတယ်လို့ထင်ရပေမယ့် မင်းသေချာကြည့်နိုင်ရင် လွယ်နိုင်ပါတယ် ပြီးတော့ ဘယ်လောက်ချစ်ကြောင်းသိလာရလိမ့်မယ် အပေါ်ယံနဲ့ဆုံးဖြတ်လို့မရဘူး"

"သူကငါ့လို...ငါ့လိုလူကိုမချစ်နိုင်ပါဘူး"

"ဒီနေ့ သူနဲ့တွေ့တာ သူငိုထားပုံရတယ် Tae Hyung မျက်လုံးတွေအစ်နေတယ် မင်းသာမယုံတာ မင်းကိုထားခဲ့တာမင်းပျော်မယ်ထင်လို့ပါ Tae Hyung မင်းပဲသူ့ကိုနှင်လွှတ်ခဲ့တာလေ မင်းပဲထွက်သွားလို့ပြောခဲ့တာလေ Tae Hyung "

"ငါ...ငါ အဲ့တုန်းကဒီတိုင်းပြောလိုက်တာ ငါသူနဲ့မခွဲနိုင်ဘူး ငါသူ့ကိုအရမ်းချစ်တယ် Cha Do"

"ဒါဆိုသူ့ကိုယုံသင့်တယ် Tae Hyung "

"အင်း...ငါယုံတယ်"


Cha Do ပြုံးယုံသာပြုံးပြလိုက်သည်...

"နာကျင်တယ် ဒါပေမယ့် အဲ့နာကျင်မှုကိုငါမြတ်နိုးစွာဆွဲထားမိနေတယ် Tae Hyung ရဲ့
လွှတ်ပေးလို့ရတယ် ငါမလွှတ်ချင်ဘူး အဲ့နာကျင်မှုကိုငါကြိုက်လွန်းလို့ ချိုမြိန်လွန်းတယ်..."

တွေးပြီးပြုံးမိပြန်တယ်....










တစ်ဖက်က Jung Kook...


"သား လက်မခံနိုင်ဘူး အမေ သားကိုခွင့်လွှတ်ပါ"

"သား လက်မခံနိုင်တဲ့အကြောင်းကိုအမေ့ကိုပြော"

"သား...သားမှာချစ်ရတဲ့သူရှိတယ်"

"ဒါဆိုအိမ်ကိုခေါ်ခဲ့ မေမေသားနဲ့သင့်တော်မတော်ဆုံးဖြတ်ပေးမယ်"

"ခဏတော့စောင့်ပါ အမေ သားကိုအချိန်ပေးပါဦး"

"ကောင်းပြီ Jung Kook မေမေသုံးရက်မင်းကိုအချိန်ပေးမယ်"

သုံးရက်တဲ့လား...
သုံးရက်တဲ့လားဗျာ...
မေမေရက်စက်တယ်...

"Hyung ဘယ်လိုလုပ်ရမလဲ ကျွန်တော့်ကိုမေမေကမိန်းမပေးစားတော့မယ်တဲ့ Hyung ရယ်လွမ်းတယ် Hyung နဲ့မခွဲနိုင်ဘူး Hyung ရယ် ကျွန်တော့်ဆီပြန်လာပေးးပါလား"

Jung Kook တစ်ယောက်ထဲရေရွတ်မိနေခြင်း...









MY LIFE RESCUER

Thx for reading this Fic
90•bow

#Karu

MY LIFE RESCUER  || KOOKV ||Where stories live. Discover now