Before I Die (p-1) (Zaw Gyi)
၁၉၄၄ ဒုတိယကမ္ဘာစစ်အတွင်း၌
မြေပြင်၌ ကျည်ဆန်ခွံများပြန့်ကျဲလျက်
ပတ်ဝန်းကျင်တစ်ခုလုံးသည်လည်း နိစ္စဓူဝ
မြင်ကွင်းများဖြင့်ဖုံးလွှမ်းနေသည်။သေသူကသေ
မသေမရှင်သွေးသံရဲရဲများဖြင့် ပြေးလွှားသူများ
နှင့် ဘာလင် မြို့ကြီးဟာ ကာနီဗယ်ပွဲတော်ကြီးလို
ပင်။ နာဇီ စစ်အာဏာရှင်တို့၏ ဘုန်းတန်ခိုး
သည်လည်း အလျှံတငြီးငြီး နှင့် တဟုန်ထိုး
မြင့်တတ်နေသော အချိန်ဖစ်သည်။လမ်းကြို လမ်း
ကြားပါမကျန် လမ်းမတိုင်းတွင် နာဇီအလံများ
တရိပ်ရိပ်နှင့်ပျံ့လွင့်နေသည်။ ရေအိုးထဲက
ရေလဲသောက်မည် ရေအိုးကိုလဲခွဲမည်ဆိုသလိုပင်
သူတစ်ပါးမြေပေါ်ကျူးကျော်မည် နှိပ်စက်လိုလျှင်
နှိပ်စက်မည် ကျွန်ပြုလိုလျှင်ကျွန်ပြုစေသည်။
"ဒိုင်း ~~~~"
ဘာလင်မြို့လယ်ခေါင်၏လမ်းမထက်တစ်နေရာတွင် လူများအုံခဲကာ ဝိုင်းကြည့်နေကြသည်မှာ
အသက်နှစ်ဆယ်ပတ်ဝန်းကျင်ကောင်လေး
တစ်ယောက်အား ကြိုးတုတ်ကာ ပါးစပ်မှ သေနတ်ပြောင်းကိုတေ့၍ ပစ်သက်လိုက်သည်။ အော်ချိန်တောင်မရလိုက်ပါ။
"Danny----------"
တစ်စုံတစ်ရာသော နာမည်ကို
အာခေါင်ခြစ်၍ အော်ဟစ်နေသော လူငယ်
လေးမှာ သူ၏လည်ပင်းတွင်လည်း ကြိုးများ
အထပ်ထပ်စည်းခံထားရပြီး ကားစင်ပေါ်တွင်
ရပ်နေသောသူ၏ခြေထောက်များ တစ်ချက်
ဟန်ချက်ပျက်သည်နှင့် ကိုယ့်ဘာသာ ဆွဲကြိုးချ
မိသလို အနေအထားတွင်ရှိနေသည်။ ဝိုင်းကြည့်
နေသော လူအုပ်ကြီးမှာလဲ တီးတိုးသံများ နှင့်
တစ်ယောက်တစ်ပေါက်ပြောနေကြသည်မှာ
"သူတို့နှစ်ယောက်က ချစ်သူတွေလေ ~~
သနားပါတယ်ဟယ် ရက်စက်လိုက်ကြတာ~~"
နေမဝင်အင်ပါယာ၏ ပြဌာန်းဥပဒေမှာ
လိင်တူချစ်ကြိုက်သူမှန်သမျှ သည် ဂျူးလူမျိုးများ
ကဲ့သို့ပင် တွေ့သည့်နေရာ နေ့မဆိုင်းပဲ နည်းမျိုး
စုံဖြင့်သတ်ခွင့်ရှိသည်။ အကြမ်းဖက်ခွင့်ရှိသည်။
နှိပ်စက် ကျွန်ပြုခွင့်ရှိသည်။
YOU ARE READING
Before I Die
Historical Fiction21ရာစုရဲ့ လိင်တူချစ်ကြိုက်ခြင်း ပွင့်လင်းမြင်သာ မှုတွေက ထင်သလောက် ခရီးမပေါက်သေးပေ။ နေရာတိုင်းမှာ အဖိနှိပ်ခံ လိင်တူချစ်ကြိုက်သူ တွေ ရှိနေဆဲပင်ဖြစ်သည်။ဒါဆို 20 ရာစု အစော ပိုင်းကာလ ဒုတိယကမ္ဘာစစ်အတွင်းက လိင်တူ ချစ်သူတွေရဲ့ဘဝကရော ဘယ်လိုတွေခက်ခဲ ကြမ်းတမ်းခဲ...
