"KuanLinရယ်​...
ဒီမှာမက်​​ကောလီ​တွေရှိတယ်​​လေ....
အမဲသားကင်​နဲ့ လိုက်​မှာ​ပါ...
သူတို့လည်း ​သောက်​လို့ရတယ်​​လေ...
ပြီး​တော့ အမဲသားထဲ ဝိုင်​ထည့်​ချက်​ရင်​ မမူးပါဘူးဗျ"

        Danielအ​ပြော​ကြောင့်​ အားလုံးက ရယ်​​နေသလို KuanLinက​တော့ စူပုတ်​လျက်​ JinYoungအား လည်​ပင်းလိုက်​ညှစ်​​နေ​တော့တယ်​......

JinYoung 6​ယောက်​လုံးစာအတွက်​ ဟင်းပွဲ​တွေ ပြင်​ဆင်​ပြီး စားပွဲမှာ ဟင်းပွဲ​တွေ ​နေရာချ​နေတယ်​..

       ပြီး​တော့ အဓိက ဟင်းလျာဖြစ်​တဲ့ ဂဏန်းကင်​နဲ့ ပုစွန်​လုံးဟင်​ကိုလည်း ပန်းကန်​ပြားခပ်​ကြီးကြီးနဲ့ထည့်​ကာ စားပွဲအလယ်​မှာ ချပြီး​တော့ ဧည့်​ခန်းမှာ စားရန်​​စောင့်​​နေတဲ့ အုပ်​စုကို သွား​ခေါ်လိုက်​တယ်​....

"​ဟေ့.....စားဖို့ အဆင်​သင့်​ဖြစ်​ပြီ
လာခဲ့ကြ​တော့..!"

      စကားများ​နေတဲ့ အုပ်​စုလည်း JinYoungဘက်​ လှည့်​ကြည့်​လာပြီး ဝရုန်းသုန်းကားနဲ့ ထလာပြီး ​ရောက်​လာကြတယ်​....

      စားပွဲကို​ရောက်​​တော့ အားလုံးက ဟင်းလျာ​တွေကို မြင်​ပြီး တဝါးဝါးနဲ့ ဖြစ်​​နေကြတယ်​....

"JinYoungက​တော့...တကယ့်​ကို​တော်​တဲ့
စားဖိုမှူးပဲ"

      JiHoonက လက်​မ​လေးနှစ်​ဖက်​​ထောင်​ပြီး ​ပြောလာ​တော့ DaeHwiက JinYoungခါးကို ဖက်​လျက်​ မျက်​နှာကို​မော်​ကာ...

"​တွေ့လား...ငါ့ကိုကိုက အရမ်းကို​တော်​တာ"

"အင်းပါ...အဟွီရယ်​"

      JiHoonက ​နောက်​​တောက်​​တောက်​​လေသံဖြင့်​ ပြန်​​ပြော​တော့ DaeHwiက နှုတ်​ခမ်း​ထော်​လျက်
ပြန်​​ပြောတယ်​....

"ဟွန့်​...ပက်​ပုကများ..''

       အထက်​တန်းပြီး​တော့မယ့်​ ​ကောင်​​လေးနှစ်​​ယောက်​က က​လေး​တွေကို နှုတ်​ခမ်းတ​ထော်​​ထော်​နှင့်​ ရန်​​တွေ့​နေသဖြင့်​ အကြီး​တွေက ကြည့်​ကာ ရယ်​လျက်​ SeongWuက 

"စားကြမယ်​​လေကွာ...
တော်​ကြာ ဟင်း​တွေ ​အေးကုန်​​တော့မယ်​"

Baby Piggy (Completed)Where stories live. Discover now