"ဟာ..အဘရယ်...
အဘအဲ့လို လိုက်ခေါ်လို့ မောနေပါ့မယ်ဗျာ..
ကျွန်တော်တို့ပဲ..."Seong Wuစကားပင် မဆုံးသေး အဘက ပြုံးပြလာပြီး ခြံထဲမှာရပ်ထားတဲ့ သုံးဘီးဆိုင်ကယ် အသေးလေးကို ပြပြီး....
"ဆရာဝန်လေးတို့ကလည်း...
အဘမမောပါဘူး...
အဘတို့ တစ်ရွာလုံး ဒါမျိုးတွေစီးကြတာလေ...
ကဲ...အဘသွားအုံးမယ်နော်...
ဆရာဝန်လေးတို့ အဲ့မှာသွားစောင့်နေကြနော်"ထိုအဘက ခါးမောက်လေးစောင်းပြီး ဆိုင်ကယ်လေးနဲ့ ရွာထဲထွက်သွားတယ်...
သူတို့နှစ်ယောက်လည်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြုံးပြီး အိမ်ရဲ့ ခြံတံခါးလေးကိုပိတ်ကာ စက်ဘီးနဲ့ ရွာထဲကို.ထွက်ခဲ့ကြတယ်...သိပ်မကြာလိုက်...
ရွာထဲက အဘိုးအဘွားတွေ အကုန် ထိုဇရပ်လေးဆီရောက်လာကြတယ်...သူတို့လည်း အဘိုးအဘွားတွေကို ဆေးစစ်ပေးလိုက် စကားပြောလိုက်နှင့် နေ့တစ်ဝက်ပင် ရောက်သွားတယ်......
နေ့လည်ရောက်တော့...
သူတို့က အဘွားတစ်ယောက်အိမ်မှာ နေ့လည်စာခေါ်ကျွေးတယ်....
ကျန်တဲ့ အဘိုးအဘွားတွေကလည်း သူတို့အိမ်မှာရှိတဲ့ ဟင်းလေးတွေ ထည့်လာပြီး လာကျွေးကြတယ်..ညနေစောင်းတော့....
သူတို့ ပြန်ဖို့လုပ်တော့...
အဘိုးအဘွားတွေက ရွာထိပ်ထိလိုက်ပို့ပြီး နောက်တစ်ခါ ထပ်လာရန် တတွတ်တွတ် မှာနေရှာတယ်ပြီးတော့လည်း...
ရွာလက်ဆောင်ဆိုပြီး...
မက်ကောလီတွေနဲ့...
ဂင်မ်ချီတွေပါ ထည့်ပေးလိုက်တယ်..သူတို့နှစ်ယောက်...
စက်ဘီးလေးတွန်းကာ ပြန်လာရင်း...
ဝင်လုဆဲဆဲ နေဝန်းအားကြည့်ကာ Danielက ပြောလာတယ်....."အဘိုးအဘွားတွေရဲ့ ဘဝလေးတွေက သနားစရာပဲ
သားသမီးတွေကလည်း လာမကြည့်ကြဘူး...
သူတို့ဘဝကို အသက်ကြီးတဲ့အထိ ရုန်းကန်နေရရှာတာ""ဟုတ်တယ်...
ကျွန်တော်လည်း သူတို့ကိုကြည့်ုပြီး ဝမ်းနည်းတယ်
အဲ့တာကြောင့်လေ...ကျွန်တော် အကြံတစ်ခုရလိုက်တယ်...""ဘာအကြံလဲ?..ပြောပါအုံး"
Nielက မေးတော့ Seong Wuက ဂင်မ်ချီဘူးကြီးပိုက်ထားကာ ပြုံးရွှင်သောမျက်နှာဖြင့်
"ကျွန်တော်တို့ လက်ထပ်ပြီးရင် အဲ့ဘက်မှာ ဆေးရုံအသေးစားလေး သွားဖွင့်ရအောင်...ပြီးရင် အဲ့မှာပဲနေကြမယ်လေ...ကျွန်တော့်ရဲ့Bumbလေးရော အတူတူပေါ့"
AN/Bumbကို မှတ်မိကြလား? Seong Wuခွေးလေးလေ..
အကြံဌာဏ်ကြီးသည့် ချစ်သူလေးအား ကြည့်ကာ အသည်းယားလာပြီး စချင်လာတာကြောင့်...
"အော်ဟော်...ခင်ဗျားလေးက လက်ထပ်ဖို့အထိတောင် တွေးထားတယ်ပေါ့လေ...ကိုယ့်ကို စိတ်ထဲက ကြိတ်ပြီး ပြစ်မှားနေတာလား?...အဟင်း..ဟင်း.."
တဟင်းဟင်းနဲ့ ပေါက်ကရတွေပြောနေသော Nielကြောင့် Seong Wuရှက်လာကာ နားရွက်ဖျားလေးတွေပါ နီလာပြီး လက်ထဲက ဂင်မ်ချီဘူးကြီးအား Nielစက်ဘီးနောက်ခုံပေါ်ပစ်တင်ကာ...
"အဲ့..အဲ့မှာသာ နေခဲ့လိုက်တော့..
ကျုပ်သွားပြီ..ဟွန့်"အစခံရသဖြင့် ရှက်ကာ ရှေ့ကနေ ကော့လန်ကော့လန်နဲ့ ထွက်သွားသော Seong Wuကို Danielက အနောက်ကနေ လှမ်းအော်လိုက်တယ်...
"အချစ်ရေ...ညနေစောင်းနေပြီနော်...
သရဲတွေ ထွက်လာတော့မယ်ကွ"ထိုသို့ပြောတော့ Seong Wuချက်ချင်း ပြန်လှည့်ပြေးလာပြီး Danielလက်မောင်းကို ဆွဲဖက်ကာ...ဟိုကြည့်သည်ကြည့်ဖြင့်
"လူယုတ်မာ...သူများကျလာခြောက်နေတယ်..
ခင်ဗျားလည်း ကြောက်တတ်တာပဲလေ...
အားးးးးး!""အားးးးး!...သရဲလား? ဘယ်မှာလဲ?"
ပြောရင်း ရုတ်တရက် ထအော်သော Seong Wuကြောင့် Danielပါ ထအော်ရင်း တောင်ကြည့်မြောက်ကြည့်ဖြင့်...
နောက်ဆုံးတော့လည်း နှစ်ယောက်သား စက်ဘီးသာ အမြန်နင်းကာ ပြန်လာခဲ့ရတယ်..
တိတ်ဆိတ်သော လမ်းမထက်မှာ ဆရာဝန်နှစ်ယောက်ရဲ့ အော်သံလေးတွေ ဆူညံလျက်ပေါ့.....
Upတယ်နော်...
တဖြည်းဖြည်း voteတွေနည်းလာတော့..
ကျွန်မလည်းအားတွေ နည်းလာပြီ
ဒီအပိုင်း vote30ပြည့်မှ ပြန်upမယ်😛
ခြိမ်းခြောက်ကြည့်တာ...😁
အတည်ပြောတာ😅😂😂
![](https://img.wattpad.com/cover/152062680-288-k619393.jpg)