Season1 episode 6

Start from the beginning
                                    

"...​သြော်​...ဒီ​နေ့တမာပန်း​တွေအရမ်း​ကြွေ​နေ
ပါလား....​ဘာဖြစ်​လို့ပါလိမ့်​......."

ခေါင်း​ပေါ်ကျလာ​သော ပန်းအ​ကြွေ​တွေကို လက်
နဲ့လှမ်းဖမ်းဆုပ်​​နေမိပါသည်​။...............။
ရေတစ်​ခွက်​ပြီးတစ်​ခွက်​........။
ပြီး​တော့....
ပန်းပွင့်​​တွေ တပွင့်​ပြီးတစ်​ပွင့်​............။

"....အိမ်​ရှင်​တို့ . ......အိမ်​ရှင်​တို့........"

မိုးခါး ​သေချာနားစွင့်​လိုက်​​တော့ ​ခေါ်သံ
တစ်​ခုကြားလိုက်​ရသည်​။ပုဆိုးကိုမြန်​မြန်​ လဲပြီး အိမ်​​ရှေ့ကိုထွက်​လာခဲ့​တော့ သူတစ်​ခါမှမမြင်​ဖူးတဲ့
အသက်​နှစ်​ဆယ့်​ငါးနှစ်​​ခန့်​ လူရွယ်​တစ်​​ယောက်​ကို ​တွေ့လိုက်​ရပါသည်​။

"...ဟိုဘာကိစ္စများလဲ..မသိဘူး...."

".....​ဒေါ်...​ဒေါ်​မေသင်း..ရှိလား..ညီ....."

ထိုလူရဲ့မျက်​လုံး​တွေက..အ​ပေါ်ပိုင်းဗလာ
ဖြစ်​​နေတဲ့ မိုးခါး ရဲ့ခန္ဓာကိုယ်​​ပေါ်မှာ အစုံအဆန်
ပြေးလွှား​နေကြသည်​။
မိုးခါး ထိုသူကိုကြည့်​ပြီး မနှစ်​မြို့သလိုလိုဖြစ်​​လာတာမို့ ​နောက်​ကို​ခြေတစ်​လှမ်းဆုတ်​လိုက်​ရင်း

"..အ​မေမရှိပါဘူးဗျ.....ည​နေ​လောက်​မှလာ
ခဲ့ပါလား....."

ဟုပိတ်​​ပြောလိုက်​သည်​...။ဒါ​ပေမဲ့
ထိုသူကတဖြည်းဖြည်း​ရှေ့တိုးလာသည်​။ မိုးခါး
လက်​သီးကိုဆုပ်​ရင်း ​နောက်​သို့ ဆုတ်​သည်​။....။
အဲဒီအချိန်​မှာပဲ..
မိုးခါး ရဲ့နှာ​ခေါင်းဝသို့ ရနံ့တစ်​မျိုး ရလာခြင်း
နဲ့အတူ မြင်​​နေရ​သောမြင်​ကွင်း​တွေသည်​ ချာချာ
လည်​သွား​တော့၏။..။ သတိလွတ်​သွားကာ
ခေါင်းထဲမိုက်​ခနဲဖြစ်​သွားမှုနဲ့အတူ သူ့ခန္ဓာကိုယ်
သည်​ ထိုလူ၏ ဖမ်းချုပ်​ ခြင်းကိုခံလိုက်​ရသည်​....။
မိုးခါး ​နောက်​ဆုံးသတိရမိသည်​မှာ စူဋ္ဌာမဏိ
ဘုရားမှာသူချိန်းထား လို့​စောင့်​​နေမယ့်​ သွန်း ရဲ့
ပုံသဏ္ဌန်​ဖြစ်​ပါသည်​။....။
အဲဒီမနက်က​တမာေ​တွ တဖြုတ်​ဖြုတ်​​ကြွေခဲ့
သည်​။.......။

♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕ ♕


မပူမ​အေးတစ်​မျိုးကြီးဖြစ်​​နေ​သော ရာသီဥတု​ကြောင့်​ သွန်း ​ချွေး​တွေရွဲနစ်​ကာ အိပ်​ယာမှ လန့်နိုးလာခဲ့သည်​။....။
ရင်​ထဲတစ်​လှပ်​လှပ်​ဖြစ်​​နေ​သေး၍ ​ရေ​အေး​အေးတစ်​ခွက်​ ကိုလျင်​မြန်​စွာ​သောက်​ချလိုက်​ရသည်​။....။
မိုးခါး ကိုဖုန်း​ခေါ်ကြည့်​​တော့..စက်​ပိတ်​ထားသည်​ဟု​ဖြေသဖြင့်​ သွန်း စိတ်​ညစ်​သွားပါသည်​။......။
အနည်းငယ်​လန်းသွား​အောင်​ ​ရေချိုးခန်း
ထဲနာရီဝက်​​လောက်​စိမ်​ပြီးချိုးပစ်​လိုက်​သည်​။
ဘောင်းဘီတိုတစ်​ထည်​​ကောက်​၀တ်​ပြီး....
ဟိုတယ်​​အောက်​ဆင်းလာ​တော့ မာမီနဲ့​တွေ့
သည်​....။
မာမီ က​ပေါ်တီကိုနားက ဒန်း​လေး​ပေါ်ထိုင်​ပြီး ​ကောင်းကင်​ကို​မော့ကြည့်​​နေပါသည်​။......။
ဒီ​နေ့ထူးထူးခြားခြား ​နေမင်းကြီးက​နေရှိန်
သိပ်​မပြင်းဘဲ မပူမ​အေး​လေးဖြစ်​​နေသည်​။
မာမီကသူ့ကိုမြင်​​တော့ အိတ်​​လေးတစ်​အိတ်​လှမ်း​ပေးပါသည်​။.....။

သရပါအလွန်Where stories live. Discover now