"အာ...လူကြီး..
ဟီး..sorry​နော်​..
က​လေးကို..စိတ်​ဆိုးနဲ့"
     မျက်​လုံးကြီး မှိတ်​ပြီး တစ်​ရှုးရှုးနဲ့ ဖြစ်​​နေ​သော JinYoung​ကြောင့်​ Dae Hwiက စိတ်​တို​နေပြီ အထင်​ဖြင့်​ မျက်​နှာအား သုတ်​​ပေးကာ စိတ်​မဆိုးရန်​​ပြော​နေတယ်​...
     အမှန်​က​တော့..JinYoung ကြိတ်​​ရယ်​​နေခြင်းပါ....
     သူ့က​လေး...သဝန်​တို​နေတာ​လေးက ချစ်​ဖို့​ကောင်း​နေလို့ပါ...
    ခု​ချော့​နေပြန်​​တော့လည်း....JinYoung အသည်း​တွေယား​နေုပြန်​​ရော....
"မင်းက​လေ...
အမြဲ န​မော်​နမဲ့နဲ့..ငါမင်းကို အဲ့တာ​တွေ မကြိုက်​တာကွ"
    Dae Hwi ထိုသို့အ​ပြောခံလိုက်​ရတာ​ကြောင့်​ လန့်​သွားကာ ပါးစပ်​ထဲက စားလက်​စကို မြိုချပြီး လက်​ထဲက ​ရေဘဝဲ​ကြော်​ထုပ်​အား ကား​နောက်​ခန်းထဲက အထုပ်​​တွေထဲ ထည့်​လိုက်​ကာ JinYoungအား မျက်​နှာငယ်​​လေးဖြင့်​...
"လူကြီး..အဟင့်​..
စိတ်​မဆိုးနဲ့​လေ​နော်​...
အဲ့..အဲ့မျက်​နှာကြီးနဲ့..
အဲ့လို မျက်​လုံးကြီးနဲ့..မကြည့်​ပါနဲ့.."
     တရှုံ့ရှုံနဲ့...​တောင်းပန်​​နေ​သော Dae Hwi​ကြောင့်​ JinYoung ရယ်​ချင်​​နေ​သော မျက်​နှာကို ထိန်းရင်း...
"ကိုယ့်​ကို စိတ်​ဆိုး​ပြေ​စေချင်​လား?"
"အင်း...အင်း"
"ကိုယ့်​ကိုနမ်း...အာ့ဆို စိတ်​ဆိုး​ပြေမယ်
ဘယ်​လိုလဲ?"
      JinYoungအ​ပြော​ကြောင့်​ DaeHwi ရှက်​ကာ မျက်​နှာရဲရဲ​လေးဖြင့်​...
"ဟာ..လူကြီး​နော်
မယုတ်​မာနဲ့..."
"မနမ်းဘူး​ပေါ့...ရတယ်​​လေ
ဆက်​ပြီး စိတ်​ဆိုးရုံ​ပေါ့"
JinYoungက  ထိုသို့​ပြော​တော့  မျက်​နှာ​လေးငယ်​ကာ ကြည့်​လာပြီး...
"အဲ့..အဲ့တာဆို မျက်​လုံးမှိတ်​ထား"
"အင်း...မှိတ်​ထား​ပေးမယ်​"
     Jinyoungက မျက်​လုံးမှိတ်​ကာ မျက်​နှာအား ​ရှေ့ထိုး​ပေး​တော့ DaeHwiက သူ့လက်​​သေး​သေးလက်​ဖြင့်​ JimYoungမျက်​နှာအား ကိုင်​ကာ နှုတ်​ခမ်းချင်း ထိကပ်​လိုက်​တယ်​....
      ဖွဖွ​လေးနမ်းပြီး ချက်​ချင်း ပြန်​ခွာဖို့လုပ်​​နေတဲ့ DaeHwi​ကြောင့်​ JinYoungက DaeHwiလည်​ပင်းအား ဆွဲဖက်​ကာ အနမ်းတို့ကို ပြင်းရှ​စေလိုက်​တယ်​...
     အဲ့လိုကြ​တော့လည်း ထိုက​လေးက ဘာမှမ​ပြောဘဲ မျက်​လုံး​လေးမှိတ်​ပြီးသာ တုံ့ပြန်​အနမ်း​ပေး​နေတယ်​​လေ...
   Bae JinYoungတဲ့...အကြံပိုင်​တယ်​မလား?
Lee DaeHwiအား နမ်းရဖို့အ​ရေး...
စိတ်​​ကောက်​ပြ​ရ​သေးတာ​နော်​...ဟင်းဟင်း
ဒီထိပဲကွယ်
နောက်​တစ်​ပိုင်းထပ်​ဆက်​မယ်​☜(ˆ▽ˆ)
Vote​တွေ အများကြီးရမှ ပြန်​လာမယ်​ကွာ😝
အရှည်​ကြီး​ရေးဖို့ စဉ်းစားထားတယ်​😅
သ​ဘောကျတယ်​မလား? JinHwi​လေးကို..
Kiss​နော်​...kiss..kiss💋
Baby Piggy (Completed)Where stories live. Discover now