ကျမကိုကိုနှုတ်ခမ်းပါးလေးကို မလွှတ်ချင်သေးဘူး သို့သော်ကိုကိုက ကျမပခုံးကိုအသာလေးတွန်းလာတယ် ကျမလည်းမလွှတ်ချင်ဘဲနဲ့လွှတ်လိုက်ရတယ် အကြာကြီးမနမ်းရလို့လဲ ဘာမှမဖြစ်ပါဘူး ကိုကို့ကိုအခုကျမပိုင်ဆိုင်ရပီဆိုတဲ့အသိက ကျေနပ်စရာကောင်းလွန်းတယ် မင်္ဂလာပွဲကြီးအောင်မြင်စွာပီးဆုံးသွားပီ မင်္ဂလာပွဲကို appaတို့မတက်ရောက်ပေမယ့် ကျမပျော်တယ် ဒီမင်္ဂလာပွဲမှာကျမအတွက်အရေးပါဆုံးလူကကိုကို.... ကိုကိုသာရှိရင်ပီးပြည့်စုံပီ။ ကျမအရမ်းပျော်တယ် ဒီနေ့ကကျမဘဝမှာအပျော်ဆုံးနေ့ပဲ အခုချိန်ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားကိုပြပါဆိုလျှင် ကျမသာဖြစ်မည်။

ကျနော်ဟန်းနီးမွန်းမထွက်ချင်ဘူးပြောတော့ သူမကကိုကို့သဘောတဲ့... ကိုကိုစိတ်ချမ်းသာရင်ပီးပီတဲ့...။ ကျနော်ကတော့..... ကျနော်မချစ်မနှစ်သက်တဲ့လူနဲ့ဟန်းနီးမွန်းမထွက်ချင်ပါဘူး အဲ့တာနဲ့ကျနော်အလိုကျဟန်းနီးမွန်းမထွက်ပဲ ကျနော်တို့၂ယောက်နေရမယ့် သူမအိမ်ကိုသာ ပြန်လာခဲ့တယ်။ အိမ်ပြန်ရောက်တော့.... arjimaတစ်ယောက်ထွက်ကြိုတယ်။ ကျနော်လည်း ကားပေါ်ကအထုတ်တွေသယ်ပီး အိမ်ပေါ်ထပ်ကအခန်းထဲဆီဝင်သွားတယ်

Tae : ကိုကို... အခန်းကိုသဘောကျရဲ့လား ကိုကိုကြိုက်တဲ့အနီရောင်တွေပဲသုံးပေးထားတယ်

Jk : မင်းပြင်ထားရင်ငါအရမ်းကြိုက်တဲ့ အနီရောင်တောင်သဘောမကျဘူး

Tae : ommပါ ကိုကိုရေအရင်ချိုးလိုက်နော်

ကျနော်သူမကိုဘာမှပြန်မပြောပဲ ရေချိုးခန်းထဲဝင်လာခဲ့တယ် ကျနော်ရေချိုးပီးတော့ clubကိုထွက်ဖို့ပြင်လိုက်တယ် ကားသော့ယူပီးအောက်ဆင်းတော့ မင်္ဂလာဂါဝန်ဖားလားဖားလားနဲ့ ထမင်းစားခန်းထဲမှာအလုပ်ရှုပ်နေတဲ့သူမ....

Tae : arjima... ကိုကိုကြိုက်တာတွေချက်ထားရဲ့လား

အိမ်တော်ထိန်း : ချက်ထားပါတယ် Taeလေးရယ်.... Taeပြောတာတွေပဲ အကုန်ချက်ပေးထားတာ

Tae : omm 😊 aww ကိုကိုတောင်ဆင်းလာပီလား

ကျနော့်ကိုမြင်သွားတယ်ထင်တယ် ကျနော်ထမင်းစားခန်းထဲကသူမကို လစ်လျူရှုပီးထွက်လာခဲ့တယ် သူမကျနော်နောက်ကနေဂါဝန်ကြီး မ ကာကားနားထိပြေးလိုက်လာတယ်

LOVELORNWhere stories live. Discover now