ချစ်​မှာပဲ😘

4.2K 351 106
                                    

ခမ်းနားလှတဲ့​ကျောင်း​တော်​ကြီး တနည်း​ပြောရရင်​​တော့​ဆေး​ကျောင်း​ပေါ့
ဒီ​ကျောင်း​တော်​ကြီးထဲ သူသူငါငါအကုန်​အဖြူ​ရောင်​ကုတ်​​လေး​တွေနဲ့သပ်​ရပ်​သန့်​ရှင်းလျက်​ရှိတယ်
ဆရာဝန်​​လောင်း​လေး​တွေမို့ယဉ်​​ကျေး​ဖော်​​ရွေကာဆက်​ဆံ​ရေးလဲသိပ်​​ကောင်းကြတယ်

ဒီ​ကျောင်း​တော်​ကြီးမှာFinal yearကsenior​တွေကနာမည်​အကြီးဆုံးပါပဲ
ဆေး​ကျောင်းကြီးတစ်​ခုလုံးရဲ့မျက်​နှာစာလဲဖြစ်​တဲ့အပြင်​the whole kingဘွဲ့ကိုပါရထားသူက​တော့
Kim Jong In ဆိုတဲ့သူ​ဌေးသား​လေးပဲဖြစ်​ပါတယ်

သူက​​ပေါင်းသင်းဆက်​ဆံ​ရေးလဲ​ကောင်းသလို အရမ်းလဲ​ဖော်​​ရွေတာ​ကြောင့်​လူချစ်​လူခင်​အရမ်း​ပေါများပါတယ်
ပိုက်​ဆံချမ်းသာ​သော်​လည်းမ​မောက်​မာတဲ့အပြင်​ကူညီတက်​တဲ့စိတ်​ရင်း​လေး​ကြောင့်​လဲမျက်​နှာပွင့်​လန်းသူ​ပေါ့

အဲ့လိုအဘက်​ဘက်​ကပြည့်​စုံတဲ့kim jong inကိုလိုချင်​သူမိန်းက​လေး​တွေက​တော့မ​ရေမတွက်​နိုင်​​အောင်​ရှိတာ​ပေါ့
ဒါ​ပေမယ့်​jong inကအရှုပ်​အရှင်းကင်းတဲ့သူမို့တစ်​​ယောက်​ကိုမှလှည့်​မကြည့်​ခဲ့ပါဘူး
သူတကယ်​ချစ်​မြတ်​နိုးရတဲ့သူနဲ့သာတစ်​သက်​တာလုံးလက်​တွဲချင်​ခဲ့သူပါ

ဒါ​ပေမယ့်​ ...............

အဲ့လိုတည်​ငြိမ်​​အေး​ဆေးတဲ့Kim jong inဘဝထဲကိုအသက်​17နှစ်​အရွယ်​​ကောင်​ဆိုး​လေးတစ်​​ယောက်​ဝင်​​ရောက်​လာချိန်​မှာ​ အရာရာ​ဇောက်​ထိုးမိုး​မျှော်​ဖြစ်​ဖို့စတင်​လာခဲ့တာ​ပေါ့

**********

" ​ဟေ့​ရောင်​ ... jong in
ဟိုမှာမင်းရဲ့bad boy​လေး "

jong inတို့​ကျောင်းဆင်း​တော့သူငယ်​ချင်း​တွေနဲ့မုန့့်​သွားစားမယ်​ဆိုပီးအုပ်​စုလိုက်​ထွက်​လာချိန်​ ​ဘေးကသူငယ်​ချင်းရဲ့အ​ပြော​ကြောင့်​ ​ကျောင်း​ပေါက်​ဝကိုလှမ်းကြည့်​လိုက်​​တော့ ~~~

အချိန်​မှန်​ကိုယ်​​တော်​​လေးက ဒီ​နေ့လဲဘယ်​အချိန်​ထဲက​ကျောင်း​ပေါက်​ဝမှာလာ​စောင့်​​နေသည်​မသိ ...
ပြောင်​လက်​​နေတဲ့အနက်​​ရောင်​ပြိုင်​ကားကိုမှီလို့ ​နေကာမျက်​မှန်​အမဲနဲ့ တစ်​ကိုယ်​လုံးလဲကြိုး​ပေါင်းတစ်​​ထောင်​​လောက်​ဆင်​မြန်းထားပီးအ​ပေါ်အနက်​ ​, အောက်​အနက်​နဲ့
ဟူးးးးး ကြည့်​ရတာ​မှောင်​မဲနေတာပဲ😩

Real Seme 😎 (one short)Where stories live. Discover now