"ဘာဘူးကြီးလဲဟ?"

လက်​ထဲက ပါဆယ်​ဘူးအား နားနားကပ်​ကာ လှုပ်​ကြည့်​​တော့ ဘာသံမှသိပ်​မကြားရ...
ပါဆယ်​ဘူးရဲ့ ​ထိပ်​နားမှာ ​ရေးထားတဲ့ နာမည်​က Bae Jin Youngတဲ့...
အံမယ်​...ဒီ​ကောင်​ ဘယ်​ဆိုးလို့တုန်း..
မွေး​နေ့လက်​​ဆောင်​​တွေ ဘာ​တွေ ကြို​ပေးလို့ပါလား..
Kuan Lin​ပျော်​ရွှင်​စွာ ပြုံးလိုက်​ရင်း စိတ်​လှုပ်​ရှားစွာ ဘူး​လေးအား.အမြန်​​ဖောက်​လိုက်​​တော့....

"​ဖောင်း!"

အရှိန်​နဲ့ ထွက်​လာတဲ့ လက်​သီးနဲ့အတူ ဂျုံမှုန့်​များစွာက မျက်​နှာနှင့်​ ခန္ဓာကိုယ်​ထက်​ဝယ်​ ပြန့်​ကြဲစွာ ပုံ​ဖော်​ပြီးသား​ပေါ့....

"အား.....Bae Jin Young!"





"ဟား...ဟား...ဟား...
ဒီ​ကောင်​ အခု​လောက်​ဆို အ​တော်​ ​ဒေါသထွက်​​နေမှာကွ...ဟား..ဟား
ဖြစ်​​နေမယ့်​ သူ့ရဲ့ ​ဒေါသ မျက်​နှာကြီး
မြင်​​ယောင်​ကြည့်​စမ်း...Seong Wuရယ်​"

"ဟား...ဟား...
ဟုတ်​တယ်​...ဟုတ်​တယ်​"

Jinyoungနဲ့ SeongWu...
JinYoungရဲ့ ဆိုင်​​လေးမှာ ထိုင်​ပြီး KuanLin အ​ကြောင်း​ပြောကာ ဟားတိုက်​​နေကြတယ်​...
တစ်​ခါမှ ချစ်​သူငယ်​ချင်းကြီးအား
Surpriseမလုပ်​ဖူးသည့်​အတွက်​ နှစ်​​ယောက်​သား တိုင်​ပင်​ကာ လက်​သီးဗုန်းလုပ်​​ဆောင်​လုပ်​ပြီး Kuan Linအား ​ဆေးထိုးလိုက်​ကြခြင်းပင်​...

သူတို့နှစ်​​ယောက်​ စကား​ပြော​နေတုန်း ဆိုင်​ထဲကို လူတစ်​​ယောက်​ဝင်​လာတယ်​....

"အချစ်​.....ကိုယ်​လာပြီ"

"အင်း...Niel..
ကျွန်​​တော်​တို့ ညစာစားဖို့ သွားကြမယ်​"


အတိုင်​အ​ဖောက်​ညီစွာပင်​...အချစ်​​တွေ Niel​တွေ ​ခေါ်ပြီး ဆိုင်​ထဲကထွက်​သွားဖို့ ပြင်​​နေတဲ့ နှစ်​​ယောက်ကို JinYoung အံသြကြီးစွာ ကြည့်​လိုက်​ရင်း ​မေးလိုက်​မိသည်​က....

"မင်းတို့နှစ်​​ယောက်​က...ဘာ​တွေလဲ"

"အာ...အဟီး...ငါနဲ့Nielနဲ့က..
ချစ်​သူ​တွေ​လေ..ဟီး"

တဟီးဟီးနဲ့ ရယ်​ပြပြီး Danielလက်​​မောင်းကို ချိတ်​ကာ ​ပြောလာတဲ့ SeongWuကို Jinyoung မှင်​​သေ​သေနဲ့ ကြည့်​လိုက်​ရင်း...

Baby Piggy (Completed)Where stories live. Discover now