အပိုင်း - ၂

Start from the beginning
                                    

ဒီနေ့လှိုင်းငြိမ်တယ်.....ကုန်းပေါ်တက်မယ်....

ရေသူမလေးတစ်ယောက် ကုန်းပေါ်ကိုတစ်ယောက်တည်း တက်လာခဲ့တယ်......
ကုန်းပေါ်ရောက်တော့ ကောင်းကင်ကြီးကို တဝကြီးကြည့်ရင်း ကျောက်ဆောင်တွေကြားထဲမှာထိုင်ကာရေကစားနေတယ်....

ဘာမှလုပ်စရာမရှိတာမို့လို့ ကြံဖန်ပြီး လုပ်စရာကိုရှာတယ်....

ငါ့ဆွဲကြိုးလေးကို ရေနဲ့ဆေးမယ်......

ရေထဲမှာနေတာမို့လို့ရေမဆေးလည်း ရတာကို သက်သက် အလုပ်မရှိအလုပ်ရှာပြီး ရေဆေးတာပါ...

ဆွဲကြိုးလေးကို ဆေးပြီး ဘေးနားက ကျောက်ဆောင်မှာ တင်ထားပြီး သူမရဲ့အမြီးကို ရေညှိတစ်ခုနဲ့ပွတ်တိုက်သန့်စင်နေတယ်....

ထိုအချိန်မှာ ရုတ်တရက် နောက်ကနေ အသံကြားတာမို့လို့ လှည့်ကြည့်လိူက်တော့ လှေတစ်စင်းက သူမဆီကို လာနေတာပါ.....
လှေပေါ်မှာလည်း သူမအရွယ်ကောင်လေးတစ်ယောက်....
သူမလည်း ရုတ်တရက် ဆိုတော့ လန့်ပြီး ရေထဲခုန်ဆင်းသွားတယ်......

ထိုကောင်လေးက သူမထိုင်ခဲ့တဲ့ကျောက်ဆောင်လေးနားမှာ စောင့်နေတာ တွေ့တော့ သူမလည်း ရေထဲကနေသာ စောင့်ကြည့်နေတယ်....

အဲ့အချိန်သူမ သိလိုက်တာက ဆွဲကြိုးလေးက ကျောက်ဆောင်ပေါ်မှာ ကျန်ခဲ့တယ်ဆိုတာဘဲ.....

ကောင်လေးထွက်သွားတာကို စောင့်ပြီး ပြန်ယူမယ်လုပ်ပေမယ့် ဆွဲကြိုးလေးကို ကောင်လေးက ယူသွားသည်နှင့်တူပါသည်.....

ဆွဲကြိုးလေးမှာမရှိတော့.......

သူမလည်း ကောင်လေးပါသွားတဲ့လှေလေးကိုကြည့်ရင်းနဲ့သာကျန်ခဲ့ရတယ်.....

ဒီလိုနဲ့ သူမဆွဲကြိုးလေးကို ဆုံးရှုံးခဲ့ရတာပေါ့....
ဒါပေမယ့်လည်း သူမကျေနပ်သည်....
ဘာကြောင့်လဲဆိုတော့ သူမဆွဲကြိုးလေးကိုရသွားတဲ့ကောင်လေးကို သူမနှစ်သက်သွားတာမို့လို့........

Flashbacks end>>>>>>>>

ရေသူမတွေမွေးတိုင်းမွေးတိုင်း ဆွဲကြိုးလေးတစ်ခုစီပါတယ်.......
အဲ့ဆွဲကြိုးကလည်း ရေသူမတွေနဲ့ ဆက်သွယ်မှုရှိတယ်.....
အကယ်၍ အဲ့ဆွဲကြိုးလေးပျောက်ခဲ့ရင်တောင် ဘယ်နားမှာရှိလည်းဆိုတာကို ရေသူမတွေက အာရုံခံပြီးရှာလို့ရတယ်....

💞Infinity Love💞 (Completed)Where stories live. Discover now