Episode 1

1K 34 10
                                    

" Appa.. Omma.... Khajima.. Khajimasayeo.. ''

ရုတ်တရက်အိပ်မက်ဆိုးကြောင့် Rose' တစ်ယောက်
ချွေးသီးချွေးပေါက်တွေနဲ့အတူနိုးထလာရပြန်ပါပြီ

Jisoo: Chaeng...

Rose' အော်သံကြောင့် လန့်နိုးသွားတဲ့ Jisoo လည်း
အိပ်ရာဘေးကရေဘူးကိုယူပြီး ရေခွက်ထဲထည့်ကာ
Rose' ကို တိုက်လိုက်သည်။ Rose' လည်း
Jisoo တိုက်တဲ့ ရေကို အမြန်သောက်လိုက်ပြီး
Jisoo ကို ဖက်ကာ....

Rose': Unnie... Chaeng ဒီအိပ်မက်ပဲ ထပ်မက်
ပြန်ပြီ

Jisoo: Chaeng ahhh...
Gwinchana gwinchana... ဘာမှမကြောက်နဲ့နော်
Unnie ရှိနေတာပဲ

Rose': ဒီအိပ်မက်တွေထပ်မက်ချင်တော့ဘူး
Unnie ရယ်.... Chaeng အရမ်းပင်ပန်းနေပြီ

Jisoo: Chaeng ahh... တဖြည်းဖြည်းနဲ့
အဲ့အိပ်မက်ကိုမမက်တော့ဘဲနေမှာပါ ဘာမှစိတ်မပူနဲ့
နော်?

Rose': အဲ့အချိန်ကိုပဲ စောင့်ရတော့မှာပေါ့....

Jisoo: Chaeng ahh... အိပ်ရေးပျက်မယ် အိပ်တော့
လာ... လှဲ.... Chaeng အိပ်မှ Unnie အိပ်မယ်

Rose': Mianhae Unnie ahh... Chaeng ကြောင့်နဲ့
Unnie နေ့တိုင်းအိပ်ရေးပျက်ရပြီ

Jisoo: Gwinchana... Chaeng... အိပ်တော့နော်

Rose': Nae...

Jisoo's pov: သြော်... ဒီကလေးမလေး ဒီအိပ်မက်တွေ
မမက်တော့ရင် သိပ်ကောင်းမှာ သူအရမ်းပင်ပန်းနေပြီ
အရွယ်နဲ့မလိုက်အောင် ဒဏ်ရာတွေပေးခဲ့တဲ့
Samcheon နဲ့ Eimo ကိုတော့ Soo မုန်းမိတယ်

Rose' လေး အသက် ၈ နှစ် အရွယ်မှာ Rose' အဖေနဲ့
အမေ ပြဿ      နာအကြီးအကျယ်တက်ကြတယ်
Rose' ရှေ့မှာတင် Rose' Appa က Rose' Omma
ကို ဓားနဲ့ထိုးပြီးသတ်တယ် ပြီးတော့ သူ့ကိုယ်သူ
သေကြောင်းကြံခဲ့တယ် အားလုံး Rose' ရှေ့မှာတင်
လုပ်ခဲ့ကြတာ ဘယ်လောက်ပဲ နှစ်ယောက်ကြားမှာ
ပြဿ      နာရှိခဲ့ ရှိခဲ့ပါ ဒီ ၈ နှစ် အရွယ် ကလေးတစ်ယောက်
ကို လူ့လောကထဲမှာ တစ်ယောက်တည်းပစ်သွားနိုင်တဲ့
အထိ အရမ်းတစ်ကိုယ်ကောင်းဆန်ခဲ့ကြတယ်
Rose' ကတော့ အဲ့ဒီအိပ်မက်ဆိုးကြီးကို နေ့တိုင်း
မက်နေခဲ့တယ် အဲ့ ၈ နှစ် အရွယ် Rose' လေးကို
Rose' Omma ရဲ့ အစ်မဖြစ်တဲ့ Park Sandara
တို့ကပဲ ကျွေးမွေးစောင့်ရှောက်လိုက်တယ်
ဟိုးငယ်ငယ်ကတည်းက Rose' လေးက
ချစ်စရာအရမ်းကောင်းပြီး သွက်လက် လိမ္မာတဲ့
ကလေးလေးကိုး.... အခုတော့ Rose' လေးက
Kwon Jiyong နဲ့ Park Sandara ရဲ့ သမီးလေး
အဖြစ်ရော Kwon Jisoo ရဲ့ ညီမလေး အဖြစ်ရောပေါ့
Kwon မိသားစုလေးကဆိုရင်လည်း Rose' လေးကို
အရမ်းဂရုစိုက်ပြီး သမီးအရင်းလိုချစ်ပေး အလိုလိုက်
ကြတယ်လေ Rose' လေးလည်း ပျော်တယ်ဆိုပေမယ့်
ဒီအိပ်မက်ဆိုးကြီးကိုတော့ မက်မြဲမက်ဆဲပါပဲ

Only YouWhere stories live. Discover now